ယူရို၂၀၂၀ ရွှေဖိနပ်ဆုအား ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုဆွတ်ခူး

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူရို၂၀၂၀ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုအားဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ပေါ်တူဂီအသင်းခေါင်းဆောင်ဟာယူရို၂၀၂၀ပြိုင်ပွဲမှာ၄ပွဲကစားခဲ့ရာမှာ၅ဂိုးသွင်းယူခဲ့ပါတယ်။

ချက်တိုက်စစ်မှူးပါထရစ်ရှက်ခ်ကလည်း၅ဂိုးသွင်းကာခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူတူ ၅ဂိုးသွင်းထားပါတယ်။

ဒါပေမယ့်ပေါ်တူဂီအသင်းခေါင်းဆောင်ဟာဖန်တီးမှု၁ကြိမ်ပြုလုပ်ထားပြီးရှက်ခ်မှာတစ်ကြိမ်မျှပြုလုပ်ထားခြင်းမရှိရာဖန်တီးမှုပိုင်းအသာဖြင့်ယူရို၂၀၂၀ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုအားဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှာဘယ်လ်ဂျီယံကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။ပေါ်တူဂီဟာသေမန်းတမန်အုပ်စုမှာသွင်းဂိုး၇ဂိုးရရှိခဲ့ပြီးယင်းမှ၅ဂိုးကိုခရစ္စတီယာနိုရော်နယ်ဒိုကသွင်းယူခဲ့တာပါ။

ZawGyi

ယူ႐ို၂၀၂၀ ေ႐ႊဖိနပ္ဆုအား ေပၚတူဂီအသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုဆြတ္ခူး

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ေ႐ႊဖိနပ္ဆုအားဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ေပၚတူဂီအသင္းေခါင္းေဆာင္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ၄ပြဲကစားခဲ့ရာမွာ၅ဂိုးသြင္းယူခဲ့ပါတယ္။

ခ်က္တိုက္စစ္မႉးပါထရစ္ရွက္ခ္ကလည္း၅ဂိုးသြင္းကာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူတူ ၅ဂိုးသြင္းထားပါတယ္။

ဒါေပမယ့္ေပၚတူဂီအသင္းေခါင္းေဆာင္ဟာဖန္တီးမႈ၁ႀကိမ္ျပဳလုပ္ထားၿပီးရွက္ခ္မွာတစ္ႀကိမ္မွ်ျပဳလုပ္ထားျခင္းမရွိရာဖန္တီးမႈပိုင္းအသာျဖင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ေ႐ႊဖိနပ္ဆုအားဆြတ္ခူးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွာဘယ္လ္ဂ်ီယံကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးၿပိဳင္ပြဲမွထြက္ခဲ့ရပါတယ္။ေပၚတူဂီဟာေသမန္းတမန္အုပ္စုမွာသြင္းဂိုး၇ဂိုးရရွိခဲ့ၿပီးယင္းမွ၅ဂိုးကိုခရစၥတီယာႏိုေရာ္နယ္ဒိုကသြင္းယူခဲ့တာပါ။