ယူရို၂၀၂၀ အကောင်းဆုံးကစားသမားဆုကို သမိုင်းဝင်ပင်နယ်တီကာကွယ်မှုပြုလုပ်ခဲ့တဲ့ ဒွန်နာရမ်မာဆွတ်ခူး

အီတလီဂိုးသမားဂီယန်လူဂီဒွန်နာရမ်မာဟာဝင်ဘာလေကွင်းတွင်အင်္ဂလန်အားပင်နယ်တီဖြင့်အနိုင်ရရှိတဲ့ယူရိုချန်ပီယံဖြစ်အောင်ကူညီပြီးနောက်ယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

အရပ်၆ပေ၊၅လက်မရှိဒွန်နာရမ်မာဟာအင်္ဂလန်အားပင်နယ်တီအဆုံးအဖြတ်ဖြင့်၃-၂ဖြင့်အနိုင်ရရှိတဲ့ယူရိုဗိုလ်လုပွဲပင်နယ်တီအဆုံးအဖြတ်တွင်ဆန်ချိုနှင့်ဆာကာတို့ရဲ့ပင်နယ်တီကိုကာကွယ်ခဲ့ပါတယ်။

ပီအက်စ်ဂျီသို့ပြောင်းရွှေ့ကစားတော့မယ့်ဒွန်နာရမ်မာဟာစပိန်အားပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိတဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်းဒါနီအိုလ်မို၊မိုရာတာတို့ရဲ့ပင်နယ်တီတို့ကိုလည်းကာကွယ်ခဲ့သူဖြစ်ပါတယ်။

သူဟာယူရိုပြိုင်ပွဲသမိုင်းတွင်အကောင်းဆုံးကစားသမားဆုကိုရရှိတဲ့ဒုတိယမြောက်ဂိုးသမားအဖြစ်မှတ်တမ်းဝင်သွားပါတယ်။ယူရိုသမိုင်းတွင်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့တဲ့ပထမဆုံးဂိုးသမားကဒိန်းမတ်ဂန္ထဝင်ဂိုးသမားပီတာရှမိုက်ကယ်ဖြစ်ပြီး၁၉၉၂ခုနှစ်တုန်းကဒိန်းမတ်ကိုယူရိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ပြီးနောက်ဆွတ်ခူးခဲ့တာပါ။

ဒွန်နာရမ်မာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအေစီမီလန်ကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ကူညီပြီးနောက်စီးရီးအေရဲ့အကောင်းဆုံးဂိုးသမားဆုကိုဆွတ်ခူးခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့လအကုန်မှာအေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးလက်ရှိအချိန်မှာကလပ်လက်မဲ့ဖြစ်နေပါတယ်။မီလန်အတွက်အသက်၁၆နှစ်မှာပထမဆုံးပွဲကစားခွင့်ရခဲ့သူဟာမီလန်အတွက်၂၅၁ပွဲကစားခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ကယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားဆုကိုဆွတ်ခူးခဲ့ပါတယ်။ပစ်ဖို့ဒ်ဟာအင်္ဂလန်ကိုယူရို၂၀၂၀ပြိုင်ပွဲမှာ၅ဂိုးမပေးရအောင်စွမ်းဆောင်ခဲ့တဲ့အပြင်၂ဂိုးသာပေးခဲ့ရပါတယ်။

ZawGyi

ယူ႐ို၂၀၂၀ အေကာင္းဆုံးကစားသမားဆုကို သမိုင္းဝင္ပင္နယ္တီကာကြယ္မႈျပဳလုပ္ခဲ့တဲ့ ဒြန္နာရမ္မာဆြတ္ခူး

အီတလီဂိုးသမားဂီယန္လူဂီဒြန္နာရမ္မာဟာဝင္ဘာေလကြင္းတြင္အဂၤလန္အားပင္နယ္တီျဖင့္အႏိုင္ရရွိတဲ့ယူ႐ိုခ်န္ပီယံျဖစ္ေအာင္ကူညီၿပီးေနာက္ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။

အရပ္၆ေပ၊၅လက္မရွိဒြန္နာရမ္မာဟာအဂၤလန္အားပင္နယ္တီအဆုံးအျဖတ္ျဖင့္၃-၂ျဖင့္အႏိုင္ရရွိတဲ့ယူ႐ိုဗိုလ္လုပြဲပင္နယ္တီအဆုံးအျဖတ္တြင္ဆန္ခ်ိဳႏွင့္ဆာကာတို႔ရဲ႕ပင္နယ္တီကိုကာကြယ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ကစားေတာ့မယ့္ဒြန္နာရမ္မာဟာစပိန္အားပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိတဲ့ဆီမီးဖိုင္နယ္ပြဲစဥ္တြင္လည္းဒါနီအိုလ္မို၊မိုရာတာတို႔ရဲ႕ပင္နယ္တီတို႔ကိုလည္းကာကြယ္ခဲ့သူျဖစ္ပါတယ္။

သူဟာယူ႐ိုၿပိဳင္ပြဲသမိုင္းတြင္အေကာင္းဆုံးကစားသမားဆုကိုရရွိတဲ့ဒုတိယေျမာက္ဂိုးသမားအျဖစ္မွတ္တမ္းဝင္သြားပါတယ္။ယူ႐ိုသမိုင္းတြင္အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့တဲ့ပထမဆုံးဂိုးသမားကဒိန္းမတ္ဂႏၴဝင္ဂိုးသမားပီတာရွမိုက္ကယ္ျဖစ္ၿပီး၁၉၉၂ခုႏွစ္တုန္းကဒိန္းမတ္ကိုယူ႐ိုခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ၿပီးေနာက္ဆြတ္ခူးခဲ့တာပါ။

ဒြန္နာရမ္မာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေအစီမီလန္ကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ကူညီၿပီးေနာက္စီးရီးေအရဲ႕အေကာင္းဆုံးဂိုးသမားဆုကိုဆြတ္ခူးခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့လအကုန္မွာေအစီမီလန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္မွာကလပ္လက္မဲ့ျဖစ္ေနပါတယ္။မီလန္အတြက္အသက္၁၆ႏွစ္မွာပထမဆုံးပြဲကစားခြင့္ရခဲ့သူဟာမီလန္အတြက္၂၅၁ပြဲကစားခဲ့သူျဖစ္ပါတယ္။

အဂၤလန္ဂိုးသမားပစ္ဖို႔ဒ္ကယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးသမားဆုကိုဆြတ္ခူးခဲ့ပါတယ္။ပစ္ဖို႔ဒ္ဟာအဂၤလန္ကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ၅ဂိုးမေပးရေအာင္စြမ္းေဆာင္ခဲ့တဲ့အျပင္၂ဂိုးသာေပးခဲ့ရပါတယ္။