ယူရို၂၀၂၀ အတွက် ရွေးချယ်ခံရပြီးနောက် ဘင်ဝှိုက်ကို ပေါင်သန်း ၅၀ အထိ ဘရိုက်တန်သတ်မှတ်လာ

ဘရိုက်တန်အသင်းဟာအင်္ဂလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲဝင်အသင်းတွင်ရွေးချယ်ခံခဲ့ရတဲ့နောက်ခံလူဘင်ဝှိုက်အားပြောင်းရွှေ့ကြေးပေါင်သန်း၅၀သတ်မှတ်လာပါတယ်။

ဗဟိုနောက်ခံလူဘင်ဝှိုက်ဟာဒဏ်ရာကြောင့်နုတ်ထွက်သွားခဲ့ရတဲ့လီဗာပူးညာနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးရဲ့နေရာတွင်အစားထိုးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာပရီးမီးယားလိဂ်တွင်ကစားတဲ့ပထမဆုံးရာသီမှာဘရိုက်တန်နှင့်အတူခြေစွမ်းပြကစားနိုင်မှုကြောင့်မန်ယူ၊အာဆင်နယ်၊လီဗာပူးတို့ရဲ့စိတ်ဝင်စားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ဘရိုက်တန်ဟာဘင်ဘင်ဝှိုက်ကို၂၀၂၁-၂၂ဘောလုံးရာသီအထိဆက်ထိန်းသွားလိုနေပြီးအကယ်၍ကလပ်များကကမ်းလှမ်းလာပါကလည်းပေါင်သန်း၅၀ရရှိမှသာလက်လွှတ်ရန်ဆုံးဖြတ်ထားပါတယ်။

ဘရိုက်တန်ဟာပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘင်ဝှိုက်အားလိဒ်ယူနိုက်တက်ကပေါင်၂၅သန်းဖြင့်ကမ်းလှမ်းမှုကိုပယ်ချခဲ့ဖူးပြီးလည်းဖြစ်ပါတယ်။

ဘရိုက်တန်ဟာဘဏ္ဍာရေးအခြေအနေကျစ်လစ်တဲ့အပြင်ဘင်ဝှိုက်ရဲ့စာချုပ်မှာ၃နှစ်သက်တမ်းကျန်နေသေးမှုကြောင့်ရောင်းချရေးအတွက်ဖိအားတစ်စုံတစ်ရာမရရှိပါဘူး။

ZawGyi

ယူ႐ို၂၀၂၀ အတြက္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ ဘင္ဝႈိက္ကို ေပါင္သန္း ၅၀ အထိ ဘ႐ိုက္တန္သတ္မွတ္လာ

ဘ႐ိုက္တန္အသင္းဟာအဂၤလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္အသင္းတြင္ေ႐ြးခ်ယ္ခံခဲ့ရတဲ့ေနာက္ခံလူဘင္ဝႈိက္အားေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀သတ္မွတ္လာပါတယ္။

ဗဟိုေနာက္ခံလူဘင္ဝႈိက္ဟာဒဏ္ရာေၾကာင့္ႏုတ္ထြက္သြားခဲ့ရတဲ့လီဗာပူးညာေနာက္ခံလူထရန္းအလက္ဇႏၵားအာႏိုးရဲ႕ေနရာတြင္အစားထိုးေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

သူဟာပရီးမီးယားလိဂ္တြင္ကစားတဲ့ပထမဆုံးရာသီမွာဘ႐ိုက္တန္ႏွင့္အတူေျခစြမ္းျပကစားႏိုင္မႈေၾကာင့္မန္ယူ၊အာဆင္နယ္၊လီဗာပူးတို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရသူလည္းျဖစ္ပါတယ္။

ဘ႐ိုက္တန္ဟာဘင္ဘင္ဝႈိက္ကို၂၀၂၁-၂၂ေဘာလုံးရာသီအထိဆက္ထိန္းသြားလိုေနၿပီးအကယ္၍ကလပ္မ်ားကကမ္းလွမ္းလာပါကလည္းေပါင္သန္း၅၀ရရွိမွသာလက္လႊတ္ရန္ဆုံးျဖတ္ထားပါတယ္။

ဘ႐ိုက္တန္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘင္ဝႈိက္အားလိဒ္ယူႏိုက္တက္ကေပါင္၂၅သန္းျဖင့္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ဖူးၿပီးလည္းျဖစ္ပါတယ္။

ဘ႐ိုက္တန္ဟာဘ႑ာေရးအေျခအေနက်စ္လစ္တဲ့အျပင္ဘင္ဝႈိက္ရဲ႕စာခ်ဳပ္မွာ၃ႏွစ္သက္တမ္းက်န္ေနေသးမႈေၾကာင့္ေရာင္းခ်ေရးအတြက္ဖိအားတစ္စုံတစ္ရာမရရွိပါဘူး။