ယူရို ဗိုလ်လုပွဲတွင် အင်္ဂလန်အသင်းကို ရင်ဆိုင်မယ့် အီတလီပွဲထွက်လူစာရင်းပေါက်ကြားလာ

ယနေ့ညတွင်ဝင်ဘာလေကွင်းမှာအင်္ဂလန်နှင့်အီတလီတို့ယူရို၂၀၂၀ဗိုလ်လုပွဲရင်ဆိုင်ကစားကြပါမယ်။ယူရိုဗိုလ်လုပွဲမတိုင်မီအင်္ဂလန်နှင့်ပွဲမှာအသုံးပြုလာမယ့်အီတလီအသင်းရဲ့ပွဲထွက်လူစာရင်းပေါက်ကြားလာပါတယ်။

ပေါက်ကြားလာတဲ့သတင်းအရအီတလီနည်းပြရောဘတ်တိုမန်စီနီဟာအင်္ဂလန်နှင့်ယူရို၂၀၂၀ပြိုင်ပွဲစဉ်တွင်စပိန်အားအနိုင်ရရှိတဲ့ပွဲစဉ်ကပွဲထွက်လူစာရင်းအတိုင်းအသုံးပြုလာမှာဖြစ်ကြောင်းသိရပါတယ်။

အီတလီအသင်းဟာယူရို၂၀၂၀ပြိုင်ပွဲတွင်အကောင်းဆုံးပုံစံပြသနေတဲ့အသင်းဖြစ်ပြီးဝင်ဘာလေဗိုလ်လုပွဲသို့ရှုံးပွဲမရှိမှတ်တမ်းဖြင့်တက်ရောက်လာခဲ့တာပါ။

မန်စီနီရဲ့အီတလီဟာအုပ်စု(က)မှာအုပ်စုဗိုလ်ဖြစ်ခဲ့ပြီး၁၆သင်းရှုံးထွက်အဆင့်မှာဩစတြီးယားကို၂-၁ဖြင့်လည်းကောင်း၊ကွာတားဖိုင်နယ်တွင်ဘယ်လ်ဂျီယံကို၂-၁ဖြင့်လည်းကောင်းအနိုင်ရရှိခဲ့ပါတယ်။

၎င်းတို့ဟာဆီမီးဖိုင်နယ်တွင်စပိန်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရယူပြီးဗိုလ်လုပွဲသို့တက်ရောက်လာခဲ့တာဖြစ်ပြီး၃၃ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရယူထားပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရ မန်စီနီဟာစပိန်နှင့်ပွဲစဉ်တွင်အသုံးပြုခဲ့တဲ့လူစာရင်းအတိုင်းအပြောင်းအလဲမလုပ်ဘဲအင်္ဂလန်ကိုရင်ဆိုင်လာမှာဖြစ်ကြောင်းသိရပါတယ်။

မန်စီနီဟာစပိန်နှင့်ပွဲမှာ၄-၃-၃ကစားကွက်ကိုအသုံးပြုခဲ့ပါတယ်။ယင်းပွဲမှာမန်စီနီဟာနောက်တန်းလေးယောက်မှာအီမာဆင်၊ဘိုနုချီ၊ချီရယ်လီနီ၊ဒီလိုရန်ဇိုတို့ကိုအသုံးပြုခဲ့ပြီးကွင်းလယ်သုံးဦးနေရာမှာဂျော်ဂျင်ဟို၊နီကိုလိုဘာရယ်လာနှင့်မာကိုဗာရက်တီကိုအသုံးပြုခဲ့ပါတယ်။

အီတလီရဲ့တိုက်စစ်မှာနာပိုလီအသင်းခေါင်းဆောင်အင်ဆစ်နီနှင့်ချီယေဆာတို့ကိုတောင်ပံမှာအသုံးပြုပြီးအထောင်တိုက်စစ်မှူးအဖြစ်စီရိုအမ်မိုဘီလီကိုအသုံးပြုခဲ့ပါတယ်။

စပိန်နှင့်ပွဲမှာမန်စီနီဟာအရန်ခုံမှာလိုကာတယ်လီ၊ဘီလော့တီ၊ဘီရာဒီ၊ပက်စ်စီနီ၊ဘာနာဒီချီ၊တိုလွိုင်းတို့အားအသုံးပြုခဲ့ပါတယ်။

ZawGyi

ယူ႐ို ဗိုလ္လုပြဲတြင္ အဂၤလန္အသင္းကို ရင္ဆိုင္မယ့္ အီတလီပြဲထြက္လူစာရင္းေပါက္ၾကားလာ

ယေန႔ညတြင္ဝင္ဘာေလကြင္းမွာအဂၤလန္ႏွင့္အီတလီတို႔ယူ႐ို၂၀၂၀ဗိုလ္လုပြဲရင္ဆိုင္ကစားၾကပါမယ္။ယူ႐ိုဗိုလ္လုပြဲမတိုင္မီအဂၤလန္ႏွင့္ပြဲမွာအသုံးျပဳလာမယ့္အီတလီအသင္းရဲ႕ပြဲထြက္လူစာရင္းေပါက္ၾကားလာပါတယ္။

ေပါက္ၾကားလာတဲ့သတင္းအရအီတလီနည္းျပေရာဘတ္တိုမန္စီနီဟာအဂၤလန္ႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲစဥ္တြင္စပိန္အားအႏိုင္ရရွိတဲ့ပြဲစဥ္ကပြဲထြက္လူစာရင္းအတိုင္းအသုံးျပဳလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အီတလီအသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အေကာင္းဆုံးပုံစံျပသေနတဲ့အသင္းျဖစ္ၿပီးဝင္ဘာေလဗိုလ္လုပြဲသို႔ရႈံးပြဲမရွိမွတ္တမ္းျဖင့္တက္ေရာက္လာခဲ့တာပါ။

မန္စီနီရဲ႕အီတလီဟာအုပ္စု(က)မွာအုပ္စုဗိုလ္ျဖစ္ခဲ့ၿပီး၁၆သင္းရႈံးထြက္အဆင့္မွာဩစႀတီးယားကို၂-၁ျဖင့္လည္းေကာင္း၊ကြာတားဖိုင္နယ္တြင္ဘယ္လ္ဂ်ီယံကို၂-၁ျဖင့္လည္းေကာင္းအႏိုင္ရရွိခဲ့ပါတယ္။

၎တို႔ဟာဆီမီးဖိုင္နယ္တြင္စပိန္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရယူၿပီးဗိုလ္လုပြဲသို႔တက္ေရာက္လာခဲ့တာျဖစ္ၿပီး၃၃ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရယူထားပါတယ္။

Sky Sports ရဲ႕ေဖာ္ျပခ်က္အရ မန္စီနီဟာစပိန္ႏွင့္ပြဲစဥ္တြင္အသုံးျပဳခဲ့တဲ့လူစာရင္းအတိုင္းအေျပာင္းအလဲမလုပ္ဘဲအဂၤလန္ကိုရင္ဆိုင္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

မန္စီနီဟာစပိန္ႏွင့္ပြဲမွာ၄-၃-၃ကစားကြက္ကိုအသုံးျပဳခဲ့ပါတယ္။ယင္းပြဲမွာမန္စီနီဟာေနာက္တန္းေလးေယာက္မွာအီမာဆင္၊ဘိုႏုခ်ီ၊ခ်ီရယ္လီနီ၊ဒီလိုရန္ဇိုတို႔ကိုအသုံးျပဳခဲ့ၿပီးကြင္းလယ္သုံးဦးေနရာမွာေဂ်ာ္ဂ်င္ဟို၊နီကိုလိုဘာရယ္လာႏွင့္မာကိုဗာရက္တီကိုအသုံးျပဳခဲ့ပါတယ္။

အီတလီရဲ႕တိုက္စစ္မွာနာပိုလီအသင္းေခါင္းေဆာင္အင္ဆစ္နီႏွင့္ခ်ီေယဆာတို႔ကိုေတာင္ပံမွာအသုံးျပဳၿပီးအေထာင္တိုက္စစ္မႉးအျဖစ္စီ႐ိုအမ္မိုဘီလီကိုအသုံးျပဳခဲ့ပါတယ္။

စပိန္ႏွင့္ပြဲမွာမန္စီနီဟာအရန္ခုံမွာလိုကာတယ္လီ၊ဘီေလာ့တီ၊ဘီရာဒီ၊ပက္စ္စီနီ၊ဘာနာဒီခ်ီ၊တိုလြိဳင္းတို႔အားအသုံးျပဳခဲ့ပါတယ္။