ယူရို ၁ ဘီလီယံပေးပြီး ခေါ်ယူရမယ့် အချက်ပါ စာချုပ်သစ်အား ဘာစီလိုနာနှင့်ချုပ်ဆိုလိုက်တဲ့ ပီဒရီ

စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားပီဒရီဟာဘာစီလိုနာတွင်၂၀၂၆ခုနှစ်အထိရှိနေမယ့်စာချုပ်သစ်အားချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။အသက်၁၈နှစ်ရှိကွင်းလယ်ကစားသမားနှင့်ဘာစီလိုနာတို့ချုပ်ဆိုတဲ့စာချုပ်အတွင်းမှာသူ့ကိုခေါ်ယူလိုပါကယူရို၁ဘီလီယံပေးရမယ်ဆိုတဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဘာစီလိုနာဟာ၂၀၂၀ခုနှစ်နွေရာသီတုန်းကလက်စ်ပါးမက်စ်မှပြောင်းရွှေ့ကြေးယူရို၅သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ပီဒရီဟာဘာစီလိုနာသို့ရောက်ပြီးနောက်ချက်ချင်းပဲအဓိကကစားသမားအဖြစ်ကစားခွင့်ရရှိခဲ့ပြီး၅၂ပွဲကစားကာ၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူဟာမတ်လတုန်းကစပိန်လက်ရွေးစင်အသင်းအတွက်စတင်ကစားခွင့်ရခဲ့ပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်လည်းစပိန်အသင်းတွင်အဓိကကစားသမားအဖြစ်ပါဝင်ကစားခဲ့ကာအကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာတိုကျိုအိုလံပစ်မှာလည်းစပိန်အိုလံပစ်အသင်းနှင့်အတူပါဝင်ကစားပြီးငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာ၂၀၂၀-၂၁ရာသီမှာကလပ်နှင့်နိုင်ငံအတွက်စုစုပေါင်း၇၄ပွဲအထိကစားခဲ့ပါတယ်။

ZawGyi

ယူ႐ို ၁ ဘီလီယံေပးၿပီး ေခၚယူရမယ့္ အခ်က္ပါ စာခ်ဳပ္သစ္အား ဘာစီလိုနာႏွင့္ခ်ဳပ္ဆိုလိုက္တဲ့ ပီဒရီ

စပိန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားပီဒရီဟာဘာစီလိုနာတြင္၂၀၂၆ခုႏွစ္အထိရွိေနမယ့္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။အသက္၁၈ႏွစ္ရွိကြင္းလယ္ကစားသမားႏွင့္ဘာစီလိုနာတို႔ခ်ဳပ္ဆိုတဲ့စာခ်ဳပ္အတြင္းမွာသူ႔ကိုေခၚယူလိုပါကယူ႐ို၁ဘီလီယံေပးရမယ္ဆိုတဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဘာစီလိုနာဟာ၂၀၂၀ခုႏွစ္ေႏြရာသီတုန္းကလက္စ္ပါးမက္စ္မွေျပာင္းေ႐ႊ႕ေၾကးယူ႐ို၅သန္းျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။

ပီဒရီဟာဘာစီလိုနာသို႔ေရာက္ၿပီးေနာက္ခ်က္ခ်င္းပဲအဓိကကစားသမားအျဖစ္ကစားခြင့္ရရွိခဲ့ၿပီး၅၂ပြဲကစားကာ၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာမတ္လတုန္းကစပိန္လက္ေ႐ြးစင္အသင္းအတြက္စတင္ကစားခြင့္ရခဲ့ပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္းစပိန္အသင္းတြင္အဓိကကစားသမားအျဖစ္ပါဝင္ကစားခဲ့ကာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာတိုက်ိဳအိုလံပစ္မွာလည္းစပိန္အိုလံပစ္အသင္းႏွင့္အတူပါဝင္ကစားၿပီးေငြတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာ၂၀၂၀-၂၁ရာသီမွာကလပ္ႏွင့္ႏိုင္ငံအတြက္စုစုေပါင္း၇၄ပြဲအထိကစားခဲ့ပါတယ္။