ယူရို ၁ ဘီလီယံအကုန်အကျခံကာ ဘုရားရှိခိုးကျောင်းစတိုင်ဖြင့် တည်ဆောက်သွားမယ့် ဆန်စီရိုကွင်းသစ်

အေစီမီလန်နှင့်အင်တာမီလန်တို့ကအိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့ဆန်စီရိုကွင်းအားပြန်လည်ဆောက်မယ့်ကွင်းသစ်ဒီဇိုင်းပုံစံသစ်ကိုဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ll Corriere della Sera ရဲ့ဖော်ပြချက်အရ ဆန်စီရိုကွင်းကို နာမည်ကျော် Duomo Cathedral ဒီဇိုင်းပုံစံကိုအခြေခံကာတည်ဆောက်သွားမှာဖြစ်ပြီးကွင်းဟောင်းကိုလည်းအစိတ်အပိုင်းအဖြစ်အသုံးပြုသွားပါမယ်။

အေစီမီလန်နှင့်အင်တာမီလန်တို့ဟဆန်စီရိုကွင်းအားပြုပြင်တည်ဆောက်ရန်မြို့တော်ကောင်စီထံမှခွင့်ပြုချက်ရရှိထားပြီးဖြစ်ကာ၂၀၂၆ခုနှစ်တွင်အပြီးသတ်တည်ဆောက်ရန်စီစဉ်ထားပါတယ်။

ဆန်စီရိုကွင်းကို၁၉၂၅ခုနှစ်တွင်တည်ဆောက်ခဲ့တာဖြစ်ပြီးဥရောပဖလားဗိုလ်လုပွဲငါးကြိမ်နှင့်၁၉၉၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခြောက်ပွဲလက်ခံကျင်းပဖူးပါတယ်။

ကွင်းသစ်ကိုလည်းဆန်စီရိုကွင်းနေရာတွင်ပင်တည်ဆောက်မှာဖြစ်ပြီးအားကစားပြတိုက်၊စက်ဘီးပြေးလမ်း၊Indoor နှင့် Outdoor အားကစားလှုပ်ရှားမှုများအတွက်နေရာ၊ စကိတ်ကွင်း၊တစ်ဖက်ငါးယောက်စီကစားနိုင်တဲ့ဘောလုံးကွင်းတို့ပါဝင်ပါမယ်။

ZawGyi

ယူ႐ို ၁ ဘီလီယံအကုန္အက်ခံကာ ဘုရားရွိခိုးေက်ာင္းစတိုင္ျဖင့္ တည္ေဆာက္သြားမယ့္ ဆန္စီ႐ိုကြင္းသစ္

ေအစီမီလန္ႏွင့္အင္တာမီလန္တို႔ကအိမ္ကြင္းအျဖစ္အသုံးျပဳေနတဲ့ဆန္စီ႐ိုကြင္းအားျပန္လည္ေဆာက္မယ့္ကြင္းသစ္ဒီဇိုင္းပုံစံသစ္ကိုဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ll Corriere della Sera ရဲ႕ေဖာ္ျပခ်က္အရ ဆန္စီ႐ိုကြင္းကို နာမည္ေက်ာ္ Duomo Cathedral ဒီဇိုင္းပုံစံကိုအေျခခံကာတည္ေဆာက္သြားမွာျဖစ္ၿပီးကြင္းေဟာင္းကိုလည္းအစိတ္အပိုင္းအျဖစ္အသုံးျပဳသြားပါမယ္။

ေအစီမီလန္ႏွင့္အင္တာမီလန္တို႔ဟဆန္စီ႐ိုကြင္းအားျပဳျပင္တည္ေဆာက္ရန္ၿမိဳ႕ေတာ္ေကာင္စီထံမွခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္ကာ၂၀၂၆ခုႏွစ္တြင္အၿပီးသတ္တည္ေဆာက္ရန္စီစဥ္ထားပါတယ္။

ဆန္စီ႐ိုကြင္းကို၁၉၂၅ခုႏွစ္တြင္တည္ေဆာက္ခဲ့တာျဖစ္ၿပီးဥေရာပဖလားဗိုလ္လုပြဲငါးႀကိမ္ႏွင့္၁၉၉၀ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေျခာက္ပြဲလက္ခံက်င္းပဖူးပါတယ္။

ကြင္းသစ္ကိုလည္းဆန္စီ႐ိုကြင္းေနရာတြင္ပင္တည္ေဆာက္မွာျဖစ္ၿပီးအားကစားျပတိုက္၊စက္ဘီးေျပးလမ္း၊Indoor ႏွင့္ Outdoor အားကစားလႈပ္ရွားမႈမ်ားအတြက္ေနရာ၊ စကိတ္ကြင္း၊တစ္ဖက္ငါးေယာက္စီကစားႏိုင္တဲ့ေဘာလုံးကြင္းတို႔ပါဝင္ပါမယ္။