ယူရို ၂၀၂၀ ချန်ပီယံဖြစ်လျှင် ပထမဆုံးအကြိမ်အဖြစ် ဘီယာသောက်မည့် အင်္ဂလန်စတားရိုက်စ်
ဒက်လန်းရိုက်စ်ကအင်္ဂလန်အသင်းသာယူရို၂၀၂၀ချန်ပီယံဖြစ်လျှင်ပထမဆုံးအကြိမ်အဖြစ်ဘီယာသောက်သွားမယ်လို့ကတိပြုလာပါတယ်။
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာအရက်သေစာသောက်စားတတ်တဲ့သူတစ်ဦးမဟုတ်ပါဘူး။ဒါပေမယ့်အင်္ဂလန်းအသင်းသာယူရို၂၀၂၀ချန်ပီယံဖြစ်ခဲ့ရင်တော့ဒက်လန်းရိုက်စ်ဟာဘီယာသောက်သွားဖို့အဆင်သင့်ဖြစ်နေပါတယ်။
ဝက်စ်ဟမ်းစတားက “ခင်ဗျားသိသလား။ကျွန်တော်အခု အသက်၂၂နှစ်အရွယ်ရောက်တဲ့အထိတစ်ခါမှဘီယာမသောက်ခဲ့ဖူးဘူး။လူတွေအံ့ဩကြတယ်။ကျွန်တော်ကအနံ့တောင်ခံနိုင်တာမဟုတ်ပါဘူး။ဒါပေမယ့်ချန်ပီယံဖြစ်ရင်တော့သောက်သွားမယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဒက်လန်းရိုက်စ်ကယူရို၂၀၂၀ပြိုင်ပွဲကျင်းပနေချိန်အတွင်းတွင်ပရိသတ်များပျော်ရွှင်နိုင်ရန်အတွက်ကန့်သတ်ထားတဲ့ကိုဗစ်စည်းမျဉ်းများကိုဖယ်ရှားပေးရန်ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကိုတောင်းဆိုသွားပါတယ်။
ZawGyi