ယူရို ၂၀၂၀ တွင် ဘယ်လ်ဂျီယံ မအောင်မြင်ခဲ့သော်လည်း မာတီနက်ဇ် ဆက်ရှိမည်

ရောဘတ်တိုမာတီနက်ဇ်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်လည်းဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်ကိုအောင်မြင်မှုရရှိအောင်မစွမ်းဆောင်နိုင်ခဲ့သော်လည်းလာမယ့်၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအထိဆက်ရှိနေမှာဖြစ်ကြောင်းသိရပါတယ်။

စတားကစားသမားများနှင့်ပြည့်နှက်နေတဲ့ဘယ်လ်ဂျီယံဟာယခင်ယူရိုနှင့်ကမ္ဘာ့ဖလားတို့တွင်အောင်မြင်မှုရလုနီးပါးဖြစ်ခဲ့ပြီးနောက်ယူရို၂၀၂၀တွင်ချန်ပီယံဖြစ်ရန်ထိပ်ဆုံးမှရေပန်းစားခဲ့ပါတယ်။

ဒါပေမယ့်မာတီနက်ဇ်ဦးဆောင်တဲ့ဘယ်လ်ဂျီယံဟာကွာတားဖိုင်နယ်မှာအီတလီကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

ယူရိုမှဘယ်လ်ဂျီယံထွက်ခွာရပြီးနောက်အဲဗာတန်နည်းပြဟောင်းမာတီနက်ဇ်ဟာဥရောပတလွှားမှကလပ်များရဲ့ဆက်သွယ်မှုရရှိခဲ့ပါတယ်။ဒါပေမယ့်ယခုအခါမှာတော့မာတီနက်ဇ်ဟာလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအထိဘယ်လ်ဂျီယံကိုဦးဆောင်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်စီအီးအိုပီတာဘော့စ်ဆတ်က “အခုကျွန်တော်တို့ဟာလာမယ့်စက်တင်ဘာနဲ့အောက်တိုဘာလပွဲတွေအတွက်စတင်ပြင်ဆင်နေပါပြီ။ရောဘတ်တိုမာတီနက်ဇ်ဆက်ရှိနေပါမယ်။ပြိုင်ပွဲပြီးတဲ့နောက်ဆက်သွယ်မှုမရှိပေမယ့်လည်းနည်းပြအပြောင်းအလဲလုပ်ဖို့အစီအစဉ်မရှိပါဘူး”လို့ဆိုသွားပါတယ်။

ဘယ်လ်ဂျီယံဟာ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ၃ပွဲကစားပြီးချိန်တွင်ရမှတ်၇မှတ်ရယူထားကာခြေစစ်ပွဲအောင်ရေးလမ်းကြောင်းမှန်ပေါ်တွင်ရှိနေပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ တြင္ ဘယ္လ္ဂ်ီယံ မေအာင္ျမင္ခဲ့ေသာ္လည္း မာတီနက္ဇ္ ဆက္ရွိမည္

ေရာဘတ္တိုမာတီနက္ဇ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္လည္းဘယ္လ္ဂ်ီယံေ႐ႊေရာင္မ်ိဳးဆက္ကိုေအာင္ျမင္မႈရရွိေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ေသာ္လည္းလာမယ့္၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအထိဆက္ရွိေနမွာျဖစ္ေၾကာင္းသိရပါတယ္။

စတားကစားသမားမ်ားႏွင့္ျပည့္ႏွက္ေနတဲ့ဘယ္လ္ဂ်ီယံဟာယခင္ယူ႐ိုႏွင့္ကမာၻ႔ဖလားတို႔တြင္ေအာင္ျမင္မႈရလုနီးပါးျဖစ္ခဲ့ၿပီးေနာက္ယူ႐ို၂၀၂၀တြင္ခ်န္ပီယံျဖစ္ရန္ထိပ္ဆုံးမွေရပန္းစားခဲ့ပါတယ္။

ဒါေပမယ့္မာတီနက္ဇ္ဦးေဆာင္တဲ့ဘယ္လ္ဂ်ီယံဟာကြာတားဖိုင္နယ္မွာအီတလီကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

ယူ႐ိုမွဘယ္လ္ဂ်ီယံထြက္ခြာရၿပီးေနာက္အဲဗာတန္နည္းျပေဟာင္းမာတီနက္ဇ္ဟာဥေရာပတလႊားမွကလပ္မ်ားရဲ႕ဆက္သြယ္မႈရရွိခဲ့ပါတယ္။ဒါေပမယ့္ယခုအခါမွာေတာ့မာတီနက္ဇ္ဟာလာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအထိဘယ္လ္ဂ်ီယံကိုဦးေဆာင္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံေဘာလုံးအဖြဲ႕ခ်ဳပ္စီအီးအိုပီတာေဘာ့စ္ဆတ္က “အခုကြၽန္ေတာ္တို႔ဟာလာမယ့္စက္တင္ဘာနဲ႔ေအာက္တိုဘာလပြဲေတြအတြက္စတင္ျပင္ဆင္ေနပါၿပီ။ေရာဘတ္တိုမာတီနက္ဇ္ဆက္ရွိေနပါမယ္။ၿပိဳင္ပြဲၿပီးတဲ့ေနာက္ဆက္သြယ္မႈမရွိေပမယ့္လည္းနည္းျပအေျပာင္းအလဲလုပ္ဖို႔အစီအစဥ္မရွိပါဘူး”လို႔ဆိုသြားပါတယ္။

ဘယ္လ္ဂ်ီယံဟာ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲ၃ပြဲကစားၿပီးခ်ိန္တြင္ရမွတ္၇မွတ္ရယူထားကာေျခစစ္ပြဲေအာင္ေရးလမ္းေၾကာင္းမွန္ေပၚတြင္ရွိေနပါတယ္။