ယူရို ၂၀၂၀ ပြိုင်ပွဲကို လီဗာပူးရဲ့ ဗန်ဒိုက်နှင့်ဂိုမက်ဇ်တို့ လွဲချော်မည်

ဂျာဂင်ကလော့ပ်ကဗာဂယ်ဗန်ဒိုက်နှင့်ဂျိုးဂိုမက်ဇ်တို့ဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲကို ပါဝင်နိုင်ဖွယ်မရှိကြောင်းပြောကြားလိုက်ပါတယ်။

လီဗာပူးဗဟိုနောက်ခံလူနှစ်ဦးတို့ဟာဒူးဒဏ်ရာပြဿနာကြောင့်အောက်တိုဘာလနှင့်နိုဝင်ဘာလကတည်းကအသီးသီးအနားယူလာခဲ့ကြသူများဖြစ်ပါတယ်။ကလော့ပ်ကကစားသမားနှစ်ဦးလုံးတို့မှာလေ့ကျင့် ခန်းများပြန်ဆင်းနိုင်ပြီဖြစ်သော်လည်းယခုရာသီအတွင်းတွင်ပြန်ကစားနိုင်မယ့်အခြေအနေမျိုးမှာမရှိကြောင်းဆိုသွားပါတယ်။

ကလော့ပ်က “ဒါကကျွန်တော့်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ဒါပေမယ့်သတင်းအချက်အလက်တွေအရ တော့အခုအချိန်မှာတော့သူတို့ကကစားနိုင်ဖို့မဖြစ်နိုင်ပါဘူး။ကျွန်တော်ကသူတို့ကိုကစားခွင့်မပေးတာ မဟုတ်ပါဘူး။ကျွန်တော်လည်းဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ဒဏ်ရာကြောင့်ကစားနိုင်မှာမဟုတ်ဘူးလို့ ပြောချင်တာပါ။ကျွန်တော်ကတော့သူတို့နှစ်ဦးလုံးကိုရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာအသင့်ဖြစ်နေဖို့ မျှော်လင့်နေပါတယ်။ဒီလိုဖြစ်လာဖို့ဘဲကျွန်တော်တို့မျှော်လင့်နေပါတယ်။ဂျိုယေးမာတစ်လည်းဒီအတိုင်း ပါပဲ”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို လီဗာပူးရဲ႕ ဗန္ဒိုက္ႏွင့္ဂိုမက္ဇ္တို႔ လြဲေခ်ာ္မည္

ဂ်ာဂင္ကေလာ့ပ္ကဗာဂယ္ဗန္ဒိုက္ႏွင့္ဂ်ိဳးဂိုမက္ဇ္တို႔ဟာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကို ပါဝင္ႏိုင္ဖြယ္မရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။

လီဗာပူးဗဟိုေနာက္ခံလူႏွစ္ဦးတို႔ဟာဒူးဒဏ္ရာျပႆနာေၾကာင့္ေအာက္တိုဘာလႏွင့္ႏိုဝင္ဘာလကတည္းကအသီးသီးအနားယူလာခဲ့ၾကသူမ်ားျဖစ္ပါတယ္။ကေလာ့ပ္ကကစားသမားႏွစ္ဦးလုံးတို႔မွာေလ့က်င့္ ခန္းမ်ားျပန္ဆင္းႏိုင္ၿပီျဖစ္ေသာ္လည္းယခုရာသီအတြင္းတြင္ျပန္ကစားႏိုင္မယ့္အေျခအေနမ်ိဳးမွာမရွိေၾကာင္းဆိုသြားပါတယ္။

ကေလာ့ပ္က “ဒါကကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္မဟုတ္ပါဘူး။ဒါေပမယ့္သတင္းအခ်က္အလက္ေတြအရ ေတာ့အခုအခ်ိန္မွာေတာ့သူတို႔ကကစားႏိုင္ဖို႔မျဖစ္ႏိုင္ပါဘူး။ကြၽန္ေတာ္ကသူတို႔ကိုကစားခြင့္မေပးတာ မဟုတ္ပါဘူး။ကြၽန္ေတာ္လည္းဝင္စြက္ဖက္မွာမဟုတ္ပါဘူး။ဒဏ္ရာေၾကာင့္ကစားႏိုင္မွာမဟုတ္ဘူးလို႔ ေျပာခ်င္တာပါ။ကြၽန္ေတာ္ကေတာ့သူတို႔ႏွစ္ဦးလုံးကိုရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္မွာအသင့္ျဖစ္ေနဖို႔ ေမွ်ာ္လင့္ေနပါတယ္။ဒီလိုျဖစ္လာဖို႔ဘဲကြၽန္ေတာ္တို႔ေမွ်ာ္လင့္ေနပါတယ္။ဂ်ိဳေယးမာတစ္လည္းဒီအတိုင္း ပါပဲ”လို႔ေျပာၾကားသြားပါတယ္။