ယူရို ၂၀၂၀ ပြိုင်ပွဲမှာ မျှတမှုမရှိကြောင်း ယူအီးအက်ဖ်အေဝန်ခံ

ယူအီးအက်ဖ်အေဥက္ကဌအလက်ဇန္ဒားစီဖီရန်ကယူရို၂၀၂၀ပြိုင်ပွဲအားနိုင်ငံများစွာတို့တွင် ကျင်းပခြင်းကအသင်းများနှင့်ပရိသတ်များအတွက်မျှတမှုမဖြစ်စေခဲ့ကြောင်းဝန်ခံပြောကြားလာပါတယ်။

စီဖီရန်ကယူရို၂၀၂၀ပြိုင်ပွဲမှာပြိုင်ပွဲအား နိုင်ငံများစွာကျင်းပမှုမျိုးနောင်တွင်ပြုသွားတော့မှာမဟုတ်ကြောင်းနှင့်ယခင်ကဲ့သို့နိုင်ငံတစ်ခုတည်းတွင်သာကျင်းပရန်စီစဉ်ထားကြောင်း ဆိုသွားပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲကိုဥရောပတလွှားတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီးအသင်းများ၊ပရိသတ်များမှာကိုဗစ်ကာလအတွင်းတွင်ခရီးသွားလာကာကြည့်ရှုနေရပါတယ်။

အင်္ဂလန်အသင်းမှာတစ်ပွဲမှလွဲပြီးကျန်ပွဲအားလုံးကိုဝင်ဘာလေကွင်းမှာကစားထားရပါတယ်။

စီဖီရန်က “ဒါလိုမျိုးကျင်းပဖို့နောက်ဆိုဘယ်တော့မှအားပေးသွားတော့မှာမဟုတ်ပါဘူး။တစ်ချို့အသင်းတွေကကီလိုမီတာ၁၀၀၀၀ကျော်ခရီးနှင်ပြီးတစ်ချို့အသင်းတွေက ကီလိုမီတာ၁၀၀၀လောက်ဘဲခရီးနှင်ရပါတယ်။ပရိသတ်တွေလည်းမမျှတပါဘူး။ဒီနေ့ရောမမှာရှိနေပြီးနောက်ရက်အနည်းငယ်ကြာတော့ဘာကူးကိုလေးနာခွဲလေယာဉ်စီးပြီးသွားရပြန်တယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာအဝေးကွင်းသို့သွားရောက်ပြီးတစ်ပွဲတည်းသာကစားထားရတဲ့အပြင်ဗိုလ်လုပွဲအဖြစ်အီတလီအသင်းကိုလည်းအိမ်ကွင်းဖြစ်တဲ့ဝင်ဘာလေကွင်းမှာဧည့်ခံကစားရပါဦးမယ်။

ဒါကြောင့်လည်းစပိန်၊အီတလီနှင့်ဒိန်းမတ်မီဒီယာများကယူရို၂၀၂၀ပြိုင်ပွဲကိုအင်္ဂလန်အသင်းဗိုလ်စွဲရန်အတွက်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းစွပ်စွဲပြောဆိုခဲ့ကြပါတယ်။

စပိန်ရုပ်သံလိုင်း El Chiriguito မှ တင်ဆက်သူဂျိုးဆက်ဖ်ပီဒရီရိုလ်က “ယူအီးအက်ဖ်အေဟာအင်္ဂလန်ကိုဗိုလ်လုပွဲရောက်စေဖို့အတွက် ယူရိုပြိုင်ပွဲကျင်းပတယ်လို့ခင်ဗျားထင်သလား”လို့မေးမြန်းခဲ့ပါတယ်။

တွဲဖက်တင်ဆက်သူကလည်း “ကျွန်တော့်အတွက်ကတော့ကျွန်တော်တို့တင်ဆက်ခဲ့သမျှပြိုင်ပွဲတွေထဲမှာဒီပြိုင်ပွဲကရှက်စရာအကောင်းဆုံးပြိုင်ပွဲပါ။ကျွန်တော်တို့ဟာဥရောပမဟုတ်တဲ့မြို့မှာတောင်ကစားရတယ်။ဗိုလ်လုပွဲဆိုရင်အီးယူကထွက်ဖို့ပြင်နေတဲ့နိုင်ငံတကာမှာကစားဖို့ပြင်ဆင်ခဲ့ရတယ်။တကယ်တော့ဒါတွေအားလုံးစနစ်တကျစီစဉ်ထားခဲ့တာပါ။သူတို့ကတစ်ပွဲကလွဲရင်ကျန်ပွဲအားလုံးကိုအိမ်ကွင်းမှာကစားရတယ်။ဒီတော့ယူရိုပြိင်ပွဲကအင်္ဂလန်အတွက်စီစဉ်ထားခဲ့တာပါ”လို့ဆိုသွားပါတယ်။

အင်္ဂလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်မှာဒိန်းမတ်ကိုအချိန်ပိုတွင်ရရှိတဲ့အငြင်းပွားဖွယ်ပင်နယ်တီဂိုးဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ခဲ့တာဖြစ်ပါတယ်။၎င်းတို့ဟာမနက်ဖြန်မှာဝင်ဘာလေကွင်းမှာအီတလီနှင့်ယူရိုဗိုလ်လုပွဲကစားရပါမယ်။

ZawGyi

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ မွ်တမႈမရွိေၾကာင္း ယူအီးအက္ဖ္ေအဝန္ခံ

ယူအီးအက္ဖ္ေအဥကၠဌအလက္ဇႏၵားစီဖီရန္ကယူ႐ို၂၀၂၀ၿပိဳင္ပြဲအားႏိုင္ငံမ်ားစြာတို႔တြင္ က်င္းပျခင္းကအသင္းမ်ားႏွင့္ပရိသတ္မ်ားအတြက္မွ်တမႈမျဖစ္ေစခဲ့ေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

စီဖီရန္ကယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာၿပိဳင္ပြဲအား ႏိုင္ငံမ်ားစြာက်င္းပမႈမ်ိဳးေနာင္တြင္ျပဳသြားေတာ့မွာမဟုတ္ေၾကာင္းႏွင့္ယခင္ကဲ့သို႔ႏိုင္ငံတစ္ခုတည္းတြင္သာက်င္းပရန္စီစဥ္ထားေၾကာင္း ဆိုသြားပါတယ္။

 

ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုဥေရာပတလႊားတြင္က်င္းပခဲ့ျခင္းျဖစ္ၿပီးအသင္းမ်ား၊ပရိသတ္မ်ားမွာကိုဗစ္ကာလအတြင္းတြင္ခရီးသြားလာကာၾကည့္ရႈေနရပါတယ္။

အဂၤလန္အသင္းမွာတစ္ပြဲမွလြဲၿပီးက်န္ပြဲအားလုံးကိုဝင္ဘာေလကြင္းမွာကစားထားရပါတယ္။

စီဖီရန္က “ဒါလိုမ်ိဳးက်င္းပဖို႔ေနာက္ဆိုဘယ္ေတာ့မွအားေပးသြားေတာ့မွာမဟုတ္ပါဘူး။တစ္ခ်ိဳ႕အသင္းေတြကကီလိုမီတာ၁၀၀၀၀ေက်ာ္ခရီးႏွင္ၿပီးတစ္ခ်ိဳ႕အသင္းေတြက ကီလိုမီတာ၁၀၀၀ေလာက္ဘဲခရီးႏွင္ရပါတယ္။ပရိသတ္ေတြလည္းမမွ်တပါဘူး။ဒီေန႔ေရာမမွာရွိေနၿပီးေနာက္ရက္အနည္းငယ္ၾကာေတာ့ဘာကူးကိုေလးနာခြဲေလယာဥ္စီးၿပီးသြားရျပန္တယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာအေဝးကြင္းသို႔သြားေရာက္ၿပီးတစ္ပြဲတည္းသာကစားထားရတဲ့အျပင္ဗိုလ္လုပြဲအျဖစ္အီတလီအသင္းကိုလည္းအိမ္ကြင္းျဖစ္တဲ့ဝင္ဘာေလကြင္းမွာဧည့္ခံကစားရပါဦးမယ္။

ဒါေၾကာင့္လည္းစပိန္၊အီတလီႏွင့္ဒိန္းမတ္မီဒီယာမ်ားကယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုအဂၤလန္အသင္းဗိုလ္စြဲရန္အတြက္ရည္႐ြယ္က်င္းပျခင္းျဖစ္ေၾကာင္းစြပ္စြဲေျပာဆိုခဲ့ၾကပါတယ္။

စပိန္႐ုပ္သံလိုင္း El Chiriguito မွ တင္ဆက္သူဂ်ိဳးဆက္ဖ္ပီဒရီ႐ိုလ္က “ယူအီးအက္ဖ္ေအဟာအဂၤလန္ကိုဗိုလ္လုပြဲေရာက္ေစဖို႔အတြက္ ယူ႐ိုၿပိဳင္ပြဲက်င္းပတယ္လို႔ခင္ဗ်ားထင္သလား”လို႔ေမးျမန္းခဲ့ပါတယ္။

တြဲဖက္တင္ဆက္သူကလည္း “ကြၽန္ေတာ့္အတြက္ကေတာ့ကြၽန္ေတာ္တို႔တင္ဆက္ခဲ့သမွ်ၿပိဳင္ပြဲေတြထဲမွာဒီၿပိဳင္ပြဲကရွက္စရာအေကာင္းဆုံးၿပိဳင္ပြဲပါ။ကြၽန္ေတာ္တို႔ဟာဥေရာပမဟုတ္တဲ့ၿမိဳ႕မွာေတာင္ကစားရတယ္။ဗိုလ္လုပြဲဆိုရင္အီးယူကထြက္ဖို႔ျပင္ေနတဲ့ႏိုင္ငံတကာမွာကစားဖို႔ျပင္ဆင္ခဲ့ရတယ္။တကယ္ေတာ့ဒါေတြအားလုံးစနစ္တက်စီစဥ္ထားခဲ့တာပါ။သူတို႔ကတစ္ပြဲကလြဲရင္က်န္ပြဲအားလုံးကိုအိမ္ကြင္းမွာကစားရတယ္။ဒီေတာ့ယူ႐ိုၿပိင္ပြဲကအဂၤလန္အတြက္စီစဥ္ထားခဲ့တာပါ”လို႔ဆိုသြားပါတယ္။

အဂၤလန္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္မွာဒိန္းမတ္ကိုအခ်ိန္ပိုတြင္ရရွိတဲ့အျငင္းပြားဖြယ္ပင္နယ္တီဂိုးျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ခဲ့တာျဖစ္ပါတယ္။၎တို႔ဟာမနက္ျဖန္မွာဝင္ဘာေလကြင္းမွာအီတလီႏွင့္ယူ႐ိုဗိုလ္လုပြဲကစားရပါမယ္။