ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ဖျက်မြင်းဖြစ်လာမယ့်အသင်းကို ပေါ့ဘာခန့်မှန်းလာ

ပေါလ်ပေါ့ဘာကဝေးလ်အသင်းမှာယူရို၂၀၂၀ပြိုင်ပွဲရဲ့ဖျက်မြင်းအသင်းဖြစ်လာနိုင်ကြောင်းခန့်မှန်းလိုက်ပါတယ်။

၂၀၁၆ခုနှစ်တုန်းကခရစ်ကိုးလ်မန်းဟာဝေးလ်အသင်းအားယူရိုဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့ဖူးပြီးချန်ပီယံပေါ်တူဂီကိုရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့်ယခုနှစ်တွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်မူဝေးလ်အသင်းကိုအောင်မြင်မှုရရှိမယ်လို့လူအများစုကယုံကြည်နေပါတယ်။ဝေးလ်ဟာစနေနေ့မှာဘာကူမှာဆွစ်ဇာလန်နှင့်ကစားပြီးယူရိုအဖွင့်ပွဲကစားရပါမယ်။၎င်းတို့ဟာအီတလီ၊တူရကီတို့နှင့်လည်းရင်ဆိုင်ရပါမယ်။

မန်ယူနှင့်ပြင်သစ်ကွင်းလယ်ကစားသမားဟာနိုက်စ်တွင်ကစားတဲ့ဝေးလ်နှင့်ခြေစမ်းပွဲအပြီးမှာမန်ယူကစားဖော်ဒန်ဂျိမ်းစ်အားဝေးလ်မှာယူရို၂၀၂၀ပြိုင်ပွဲရဲ့ဖျက်မြင်းအသင်းဖြစ်လာနိုင်ကြောင်းပြောကြားခဲ့တာပါ။

ဒန်ဂျိမ်းစ်က “ပွဲပြီးတော့ပေါလ်(ပေါ့ဘာ)နဲ့စကားပြောခဲ့တယ်။သူကငါတို့မှာအသင်းကောင်းတစ်သင်းရထားတယ်လို့ပြောပါတယ်။ပြီးတော့ကျွန်တော်တို့မှာအခွင့်အရေးကောင်းလည်းရှိနေတယ်လို့ပြောပါတယ်။ကျွန်တော်တို့ကလည်းကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပါတယ်။ဒီပြိုင်ပွဲမှာပါဝင်တယ်ဆိုရုံလေးနဲ့ဝင်ပြိုင်တာမဟုတ်ပါဘူး။ပွဲတိုင်းကိုအနိုင်ယူမယ်ဆိုတဲ့စိတ်နဲ့ဘဲကစားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ဖ်က္ျမင္းျဖစ္လာမယ့္အသင္းကို ေပါ့ဘာခန႔္မွန္းလာ

ေပါလ္ေပါ့ဘာကေဝးလ္အသင္းမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ဖ်က္ျမင္းအသင္းျဖစ္လာႏိုင္ေၾကာင္းခန႔္မွန္းလိုက္ပါတယ္။

၂၀၁၆ခုႏွစ္တုန္းကခရစ္ကိုးလ္မန္းဟာေဝးလ္အသင္းအားယူ႐ိုဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးခဲ့ဖူးၿပီးခ်န္ပီယံေပၚတူဂီကိုရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမယ့္ယခုႏွစ္တြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္မူေဝးလ္အသင္းကိုေအာင္ျမင္မႈရရွိမယ္လို႔လူအမ်ားစုကယုံၾကည္ေနပါတယ္။ေဝးလ္ဟာစေနေန႔မွာဘာကူမွာဆြစ္ဇာလန္ႏွင့္ကစားၿပီးယူ႐ိုအဖြင့္ပြဲကစားရပါမယ္။၎တို႔ဟာအီတလီ၊တူရကီတို႔ႏွင့္လည္းရင္ဆိုင္ရပါမယ္။

မန္ယူႏွင့္ျပင္သစ္ကြင္းလယ္ကစားသမားဟာႏိုက္စ္တြင္ကစားတဲ့ေဝးလ္ႏွင့္ေျခစမ္းပြဲအၿပီးမွာမန္ယူကစားေဖာ္ဒန္ဂ်ိမ္းစ္အားေဝးလ္မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ဖ်က္ျမင္းအသင္းျဖစ္လာႏိုင္ေၾကာင္းေျပာၾကားခဲ့တာပါ။

ဒန္ဂ်ိမ္းစ္က “ပြဲၿပီးေတာ့ေပါလ္(ေပါ့ဘာ)နဲ႔စကားေျပာခဲ့တယ္။သူကငါတို႔မွာအသင္းေကာင္းတစ္သင္းရထားတယ္လို႔ေျပာပါတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔မွာအခြင့္အေရးေကာင္းလည္းရွိေနတယ္လို႔ေျပာပါတယ္။ကြၽန္ေတာ္တို႔ကလည္းကိုယ့္ကိုယ္ကိုယုံၾကည္မႈအျပည့္ရွိပါတယ္။ဒီၿပိဳင္ပြဲမွာပါဝင္တယ္ဆို႐ုံေလးနဲ႔ဝင္ၿပိဳင္တာမဟုတ္ပါဘူး။ပြဲတိုင္းကိုအႏိုင္ယူမယ္ဆိုတဲ့စိတ္နဲ႔ဘဲကစားပါမယ္”လို႔ေျပာၾကားသြားပါတယ္။