ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးတွင် ဂျာမနီနည်းပြရာထူးမှ ဂျိုအာချင်လော ထွက်ခွာမည်

ဂျိုးအာချင်လောဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ရာထူးမှထွက်ခွာသွားမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၆၁နှစ်ရှိဂျိုအာချင်လောဟာ၂၀၀၆ခုနှစ်၊ဩဂုတ်လတုန်းကကလင်းစမန်းနေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရပြီးနောက်ဂျာမနီအသင်းကို၂၀၁၄ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။သူဟာ၂၀၁၄ကမ္ဘာ့ဖလားတွင်အိမ်ရှင်ဘရာဇီးအသင်းကို၇-၁ဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

ဂျိုးအာချင်လောဟာယူရို၂၀၁၆ပြိုင်ပွဲတွင်ဂျာမနီကိုဆီမီးဖိုင်နယ်သို့ပို့ဆောင်နိုင်ခဲ့သော်လည်းအိမ်ရှင်ပြင်သစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမယ့်သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်မှထွက်ခဲ့ရသလိုယူအီးအက်ဖ်အေနေးရှင်းလိဂ်တွင်လည်းရလဒ်ကောင်းမရယူနိုင်မှုကြောင့်အနာဂတ်မရေမရာမှုများနှင့်ကြုံလာခဲ့သူလည်းဖြစ်ပါတယ်။အထူးသ ဖြင့်ဂျိုးအာချင်လောဟာယူအီးအက်ဖ်အေနေရှင်းလိဂ်တွင်စပိန်ကို၆-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ရာထူးမှ ထွက်ခွာရန်ဖိအားပေးခံလာရသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဂျိုးအာချင်လောရဲ့ဂျာမနီနည်းပြရာထူးကိုဆက်ခံရန်ရေပန်းစားနေသူများထဲတွင်ဂျာမနီယူ-၂၁အ သင်းနည်းပြစတီဖန်ကန့်ဇ်ထိပ်ဆုံးမှပါဝင်နေပါတယ်။ဒါ့အပြင်လီဗာပူးနည်းပြဂျာဂင်ကလော့ပ်၊လိုက်ဇစ်နည်းပြနီဂယ်မန်း၊အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါး၊ဂျာမနီနည်းပြဟောင်းကလင်းစမန်းတို့မှာလည်းရေပန်းစားသူများထဲတွင်ပါဝင်နေပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအၿပီးတြင္ ဂ်ာမနီနည္းျပရာထူးမွ ဂ်ိဳအာခ်င္ေလာ ထြက္ခြာမည္

ဂ်ိဳးအာခ်င္ေလာဟာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ာမနီလက္ေ႐ြးစင္အသင္းနည္းျပ ရာထူးမွထြက္ခြာသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၆၁ႏွစ္ရွိဂ်ိဳအာခ်င္ေလာဟာ၂၀၀၆ခုႏွစ္၊ဩဂုတ္လတုန္းကကလင္းစမန္းေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရၿပီးေနာက္ဂ်ာမနီအသင္းကို၂၀၁၄ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။သူဟာ၂၀၁၄ကမာၻ႔ဖလားတြင္အိမ္ရွင္ဘရာဇီးအသင္းကို၇-၁ျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဂ်ိဳးအာခ်င္ေလာဟာယူ႐ို၂၀၁၆ၿပိဳင္ပြဲတြင္ဂ်ာမနီကိုဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ႏိုင္ခဲ့ေသာ္လည္းအိမ္ရွင္ျပင္သစ္ကိုရႈံးနိမ့္ခဲ့ပါတယ္။ဒါေပမယ့္သူဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အုပ္စုအဆင့္မွထြက္ခဲ့ရသလိုယူအီးအက္ဖ္ေအေနးရွင္းလိဂ္တြင္လည္းရလဒ္ေကာင္းမရယူႏိုင္မႈေၾကာင့္အနာဂတ္မေရမရာမႈမ်ားႏွင့္ႀကဳံလာခဲ့သူလည္းျဖစ္ပါတယ္။အထူးသ ျဖင့္ဂ်ိဳးအာခ်င္ေလာဟာယူအီးအက္ဖ္ေအေနရွင္းလိဂ္တြင္စပိန္ကို၆-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ရာထူးမွ ထြက္ခြာရန္ဖိအားေပးခံလာရသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဂ်ိဳးအာခ်င္ေလာရဲ႕ဂ်ာမနီနည္းျပရာထူးကိုဆက္ခံရန္ေရပန္းစားေနသူမ်ားထဲတြင္ဂ်ာမနီယူ-၂၁အ သင္းနည္းျပစတီဖန္ကန႔္ဇ္ထိပ္ဆုံးမွပါဝင္ေနပါတယ္။ဒါ့အျပင္လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္၊လိုက္ဇစ္နည္းျပနီဂယ္မန္း၊အာဆင္နယ္နည္းျပေဟာင္းအာစင္ဝင္းဂါး၊ဂ်ာမနီနည္းျပေဟာင္းကလင္းစမန္းတို႔မွာလည္းေရပန္းစားသူမ်ားထဲတြင္ပါဝင္ေနပါတယ္။