ယူရို ၂၀၂၀ ပွဲများကို ဒဗ္ဗလင်တွင် မကျင်းပနိုင်ပါက ကာဒက်ဖ်တွင် လက်ခံကျင်းပပေးမည်

အိုင်ယာလန်ကသာကိုဗစ်ကြောင့်ယူရို၂၀၂၀ပြိုင်ပွဲအားအိမ်ရှင်အဖြစ်ကျင်းပရေးလက်လျှော့လိုက်ပါက ကာဒစ်ဖ်ကယင်းကိုအခွင့်အရေးယူကာလက်ခံကျင်းပသွားနိုင်ကြောင်းသိရပါတယ်။

အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဟာကိုဗစ်ကန့်သတ်ချက်များကြောင့်ဒဗ္ဗလင်ရှိ အေဗီဗာကွင်းသို့ပရိသတ် များဝင်ရောက်ကြည့်ခွင့်ပေးရေးမရေမရာဖြစ်နေပါတယ်။

လက်ရှိအချိန်တွင်အိုင်ယာလန်အာဏာပိုင်တို့ကကိုဗစ်ကြောင့်ဘောလုံးကွင်းများကိုဖွင့်ကာပရိသတ်များ ကြည့်ခွင့်ပေးရေးပိတ်ထားဆဲဖြစ်ကာလာမယ့်နွေတွင်လည်းပေးရန်မရေမရာဖြစ်နေပါတယ်။

ယင်းသို့အနေအထားကြောင့်ဝေးလ်ရဲ့မြို့တော် ကာဒစ်ဖ်တွင် ဒဗ္ဗလင်တွင်ကျင်းပမယ့်ပွဲစဉ်များကိုလက်ခံ ကျင်းပလာဖို့ရှိပါတယ်။

ယူရို၂၀၂၀ခြေစစ်ပွဲအောင်ဝေးလ်အသင်းမှာသူတို့ရဲ့အုပ်စုပွဲများကိုဘာကူးနှင့်ရောမတို့တွင်ကစားရမှာဖြစ် သော်လည်းကာဒစ်ဖ်တွင်ဒဗ္ဗလင်တွင်ကစားမယ့်ပွဲများကိုကစားရေးယူအီးအက်ဖ်အေဆုံးဖြတ်လာနိုင်ပါ တယ်။

ကာဒစ်ဖ်ဟာယူရို၂၀၂၀ပွဲများကိုကိုအိမ်ရှင်အဖြစ်ကျင်းပလျှောက်ထားခဲ့ပေမယ့်အောင်မြင်မှုမရရှိခဲ့ပါဘူး။

ZawGyi

ယူ႐ို ၂၀၂၀ ပြဲမ်ားကို ဒဗၺလင္တြင္ မက်င္းပႏိုင္ပါက ကာဒက္ဖ္တြင္ လက္ခံက်င္းပေပးမည္

အိုင္ယာလန္ကသာကိုဗစ္ေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအားအိမ္ရွင္အျဖစ္က်င္းပေရးလက္ေလွ်ာ့လိုက္ပါက ကာဒစ္ဖ္ကယင္းကိုအခြင့္အေရးယူကာလက္ခံက်င္းပသြားႏိုင္ေၾကာင္းသိရပါတယ္။

အိုင္ယာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကိုဗစ္ကန႔္သတ္ခ်က္မ်ားေၾကာင့္ဒဗၺလင္ရွိ ေအဗီဗာကြင္းသို႔ပရိသတ္ မ်ားဝင္ေရာက္ၾကည့္ခြင့္ေပးေရးမေရမရာျဖစ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္အိုင္ယာလန္အာဏာပိုင္တို႔ကကိုဗစ္ေၾကာင့္ေဘာလုံးကြင္းမ်ားကိုဖြင့္ကာပရိသတ္မ်ား ၾကည့္ခြင့္ေပးေရးပိတ္ထားဆဲျဖစ္ကာလာမယ့္ေႏြတြင္လည္းေပးရန္မေရမရာျဖစ္ေနပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ေဝးလ္ရဲ႕ၿမိဳ႕ေတာ္ ကာဒစ္ဖ္တြင္ ဒဗၺလင္တြင္က်င္းပမယ့္ပြဲစဥ္မ်ားကိုလက္ခံ က်င္းပလာဖို႔ရွိပါတယ္။

ယူ႐ို၂၀၂၀ေျခစစ္ပြဲေအာင္ေဝးလ္အသင္းမွာသူတို႔ရဲ႕အုပ္စုပြဲမ်ားကိုဘာကူးႏွင့္ေရာမတို႔တြင္ကစားရမွာျဖစ္ ေသာ္လည္းကာဒစ္ဖ္တြင္ဒဗၺလင္တြင္ကစားမယ့္ပြဲမ်ားကိုကစားေရးယူအီးအက္ဖ္ေအဆုံးျဖတ္လာႏိုင္ပါ တယ္။

ကာဒစ္ဖ္ဟာယူ႐ို၂၀၂၀ပြဲမ်ားကိုကိုအိမ္ရွင္အျဖစ္က်င္းပေလွ်ာက္ထားခဲ့ေပမယ့္ေအာင္ျမင္မႈမရရွိခဲ့ပါဘူး။