ယူရို ၂၀၂၀ ဖလား တသက်လုံး ကိုယ်နဲ့မကွာရှိနေဖို့ လုပ်ဆောင်လိုက်တဲ့ ဒွန်နာရမ်မာ

အီတလီရဲ့ယူရို၂၀၂၀သူရဲကောင်းဂီယန်လူဂီဒွန်နာရမ်မာဟာသူ့လက်မောင်းမှာအီတလီနှင့်အတူသမိုင်းဝင်အောင်ပွဲရယူနိုင်ခဲ့မှုအပေါ်တသက်တာလုံးအမှတ်ရနိုင်စေရန်အတွက် တက်တူးတစ်ခုရေးထိုးလိုက်ပါတယ်။

အသက်၂၂နှစ်ရှိအီတလီလက်ရွေးစင်ဂိုးသမားဟာစပိန်နှင့်ဆီမီးဖိုင်နယ်ပွဲစဉ်နှင့်အင်္ဂလန်နှင့်ဗိုလ်လုပွဲတို့တွင်အရေးပါတဲ့ပင်နယ်တီများကာကွယ်ပေးခဲ့သူဖြစ်ပြီးအီတလီကိုယူရိုချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာအရေးပါတဲ့ပင်နယ်တီများကာကွယ်ပေးနိုင်မှုနဲ့အတူယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုအားဆွတ်ခူးနိုင်ခဲ့ပါတယ်။

အေစီမီလန်နှင့်အတူ စီနီယာကစားသမားဘဝကိုအသက်၁၆နှစ်အရွယ်မှာစတင်နိုင်ခဲ့တဲ့ဒွန်နာရမ်မာဟာယူရိုဖလားပုံကိုဘယ်ဖက်လက်မောင်းမှာရေးထိုးလိုက်တာလည်းဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာယခုအပတ်အစောပိုင်းတုန်းကပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ဖလား တသက္လုံး ကိုယ္နဲ႔မကြာရွိေနဖို႔ လုပ္ေဆာင္လိုက္တဲ့ ဒြန္နာရမ္မာ

အီတလီရဲ႕ယူ႐ို၂၀၂၀သူရဲေကာင္းဂီယန္လူဂီဒြန္နာရမ္မာဟာသူ႔လက္ေမာင္းမွာအီတလီႏွင့္အတူသမိုင္းဝင္ေအာင္ပြဲရယူႏိုင္ခဲ့မႈအေပၚတသက္တာလုံးအမွတ္ရႏိုင္ေစရန္အတြက္ တက္တူးတစ္ခုေရးထိုးလိုက္ပါတယ္။

အသက္၂၂ႏွစ္ရွိအီတလီလက္ေ႐ြးစင္ဂိုးသမားဟာစပိန္ႏွင့္ဆီမီးဖိုင္နယ္ပြဲစဥ္ႏွင့္အဂၤလန္ႏွင့္ဗိုလ္လုပြဲတို႔တြင္အေရးပါတဲ့ပင္နယ္တီမ်ားကာကြယ္ေပးခဲ့သူျဖစ္ၿပီးအီတလီကိုယူ႐ိုခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒြန္နာရမ္မာဟာအေရးပါတဲ့ပင္နယ္တီမ်ားကာကြယ္ေပးႏိုင္မႈနဲ႔အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုအားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေအစီမီလန္ႏွင့္အတူ စီနီယာကစားသမားဘဝကိုအသက္၁၆ႏွစ္အ႐ြယ္မွာစတင္ႏိုင္ခဲ့တဲ့ဒြန္နာရမ္မာဟာယူ႐ိုဖလားပုံကိုဘယ္ဖက္လက္ေမာင္းမွာေရးထိုးလိုက္တာလည္းျဖစ္ပါတယ္။

ဒြန္နာရမ္မာဟာယခုအပတ္အေစာပိုင္းတုန္းကပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။