ယူရို ၂၀၂၀ ဖလား ဆွတ်ခူးနိုင်မယ့်အသင်းကို ဝိန်းရွန်းနီဟောကိန်ထုတ်လာ

ဝိန်းရွန်းနီကယူရို၂၀၂၀ပြိုင်ပွဲတွင်အင်္ဂလန်အသင်းမှာထူးထူးခြားခြားလုပ်ပြလာနိုင်မယ်လို့ယုံကြည်ကြောင်း၊သို့ရာတွင်ချန်ပီယံဖြစ်လာနိုင်တဲ့အသင်းမှာပြင်သစ်အသင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဒီဒီယာဒက်ချမ့်ရဲ့ပြင်သစ်အသင်းကို၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံအသင်းဖြင့်အခြေခံတည် ဆောက်ထားတာဖြစ်ပါတယ်။မန်ယူဂန္ထဝင်တိုက်စစ်မှူးကပြင်သစ်အသင်းကိုမည်သည့်အသင်းကမှတားဆီးနိုင်မှာမဟုတ်လို့ဆိုသွားပါတယ်။

ဝိန်းရွန်းနီက “ယူရို၂၀၂၀ပြိုင်ပွဲမှာအခြေအနေကောင်းနေတဲ့အသင်းလေးသင်းထဲမှာအင်္ဂလန်လည်းပါဝင်ပါတယ်။ပေါ်တူဂီနဲ့ဘယ်လ်ဂျီယံလည်းပါတယ်။ဒါပေမယ့်ကျွန်တော့်အတွက်ရေပန်းအစားဆုံးကတော့ပြင်သစ်ဖြစ်ပါတယ်။ကိုင်လီအမ်ဘက်ပီ၊အန်ဂိုလိုကန်တီ၊ကာရမ်ဘန်ဇီးမား၊အန်တိုနီဂရက်ဇ်မန်း၊ပေါလ်ပေါ့ဘာ၊ရာဖေးလ်ဗာရိန်း၊ဟူဂိုလိုရစ်တို့ရှိတယ်။သူတို့ရဲ့အရည်အသွေး၊အတွေ့အကြုံကိုကြည့်လိုက်ပါ။ကမ္ဘာ့ချန်ပီယံဆိုတဲ့မှတ်တမ်းကလည်းရှိတယ်။ကစားသမားတွေသာအကောင်းဆုံးပုံစံမှာရှိနေရင်ဒီပြိုင်ပွဲကိုသူတို့ဘဲဗိုလ်စွဲပါမယ်။

ဒါ့အပြင်ဝိန်းရွန်းနီကပြင်သစ်အသင်းတွင်အရည်အသွေးမြင့်ကစားသမားများစွာရှိတဲ့အပြင်စုစည်းနေမှုကလည်းယူရို၂၀၂၀ပြိုင်ပွဲတွင်အောင်မြင်မှုရယူဖို့ကြီးမားတဲ့သော့ချက်တစ်ခုဖြစ်ကြောင်းပြောကြားသွားပါတယ်။

ဆက်လက်ပြီးဝိန်းရွန်းနီကပြင်သစ်ကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီမှာပြင်သစ်ဂန္ထဝင်မက်ခီလီလီထက်စွမ်းဆောင်ရည်မြင့်မားသူဖြစ်ပြီးကမ္ဘာ့အကောင်းဆုံးအလယ်တန်းကစားသမားဖြစ်ကြောင်းလည်းချီးကျူးသွားပါတယ်။ဝိန်းရွန်းနီဟာကလပ်အဆင့်မှာရောနိုင်ငံတကာအဆင့်မှာပါမက်ခီလီလီ၊အန်ဂိုလိုကန်တီတို့နှင့်ရင်ဆိုင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ပြင်သစ်ဟာယူရို၂၀၂၀အုပ်စု(စ)တွင်ဂျာမနီ၊ဟန်ဂေရီ၊ပေါ်တူဂီတို့နှင့်အတူတစ်အုပ်စုတည်းကျရောက်နေပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ဖလား ဆြတ္ခူးႏိုင္မယ့္အသင္းကို ဝိန္း႐ြန္းနီေဟာကိန္ထုတ္လာ

ဝိန္း႐ြန္းနီကယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အဂၤလန္အသင္းမွာထူးထူးျခားျခားလုပ္ျပလာႏိုင္မယ္လို႔ယုံၾကည္ေၾကာင္း၊သို႔ရာတြင္ခ်န္ပီယံျဖစ္လာႏိုင္တဲ့အသင္းမွာျပင္သစ္အသင္းျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဒီဒီယာဒက္ခ်မ့္ရဲ႕ျပင္သစ္အသင္းကို၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံအသင္းျဖင့္အေျခခံတည္ ေဆာက္ထားတာျဖစ္ပါတယ္။မန္ယူဂႏၴဝင္တိုက္စစ္မႉးကျပင္သစ္အသင္းကိုမည္သည့္အသင္းကမွတားဆီးႏိုင္မွာမဟုတ္လို႔ဆိုသြားပါတယ္။

ဝိန္း႐ြန္းနီက “ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာအေျခအေနေကာင္းေနတဲ့အသင္းေလးသင္းထဲမွာအဂၤလန္လည္းပါဝင္ပါတယ္။ေပၚတူဂီနဲ႔ဘယ္လ္ဂ်ီယံလည္းပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္အတြက္ေရပန္းအစားဆုံးကေတာ့ျပင္သစ္ျဖစ္ပါတယ္။ကိုင္လီအမ္ဘက္ပီ၊အန္ဂိုလိုကန္တီ၊ကာရမ္ဘန္ဇီးမား၊အန္တိုနီဂရက္ဇ္မန္း၊ေပါလ္ေပါ့ဘာ၊ရာေဖးလ္ဗာရိန္း၊ဟူဂိုလိုရစ္တို႔ရွိတယ္။သူတို႔ရဲ႕အရည္အေသြး၊အေတြ႕အႀကဳံကိုၾကည့္လိုက္ပါ။ကမာၻ႔ခ်န္ပီယံဆိုတဲ့မွတ္တမ္းကလည္းရွိတယ္။ကစားသမားေတြသာအေကာင္းဆုံးပုံစံမွာရွိေနရင္ဒီၿပိဳင္ပြဲကိုသူတို႔ဘဲဗိုလ္စြဲပါမယ္။

ဒါ့အျပင္ဝိန္း႐ြန္းနီကျပင္သစ္အသင္းတြင္အရည္အေသြးျမင့္ကစားသမားမ်ားစြာရွိတဲ့အျပင္စုစည္းေနမႈကလည္းယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ေအာင္ျမင္မႈရယူဖို႔ႀကီးမားတဲ့ေသာ့ခ်က္တစ္ခုျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးဝိန္း႐ြန္းနီကျပင္သစ္ကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီမွာျပင္သစ္ဂႏၴဝင္မက္ခီလီလီထက္စြမ္းေဆာင္ရည္ျမင့္မားသူျဖစ္ၿပီးကမာၻ႔အေကာင္းဆုံးအလယ္တန္းကစားသမားျဖစ္ေၾကာင္းလည္းခ်ီးက်ဴးသြားပါတယ္။ဝိန္း႐ြန္းနီဟာကလပ္အဆင့္မွာေရာႏိုင္ငံတကာအဆင့္မွာပါမက္ခီလီလီ၊အန္ဂိုလိုကန္တီတို႔ႏွင့္ရင္ဆိုင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။

ျပင္သစ္ဟာယူ႐ို၂၀၂၀အုပ္စု(စ)တြင္ဂ်ာမနီ၊ဟန္ေဂရီ၊ေပၚတူဂီတို႔ႏွင့္အတူတစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။