ယူရို ၂၀၂၀ ဗိုလ်လုပွဲကို အင်္ဂလန်စတားဖီးလ်ဖိုဒန် လွဲချော်နိုင်

အင်္ဂလန်စတားဖီးလ်ဖိိုဒန်ဟာယနေ့ညတွင်ဝင်ဘာလေကွင်းမှာအီတလီအသင်းနှင့်ရင်ဆိုင်ကစားရမယ့်အင်္ဂလန်အသင်းရဲ့သမိုင်းဝင်ယူရို၂၀၂၀ဗိုလ်လုပွဲကိုလွဲချော်ဖို့ရှိနေပါတယ်။

မန်စီးတီးစတားဟာခြေထောက်ဒဏ်ရာရရှိထားကာယူရို၂၀၂၀ဗိုလ်လုပွဲအတွက်ပြုလုပ်တဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကိုလွဲချော်ခဲ့ပါတယ်။

မန်စီးတီးစတားရဲ့အခြေအနေကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာဒိန်းမတ်နှင့်ပွဲစဉ်တုန်းကကဲ့သို့ပင်အာဆင်နယ်တောင်ပံစတားဆာကာအား ညာခြမ်းတိုက်စစ်မှာအသုံးပြုသွားဖို့ရှိပါတယ်။

ဒါပေမယ့်ဆောက်ဂိတ်အားဖီးလ်ဖီးဒန်ရဲ့ဒဏ်ရာမှာပြင်းထန်ခြင်းမရှိမှုကြောင့် အရန်စာရင်းမှာတော့ထည့်သွင်းသွားဖို့ပါတယ်။

တစ်ဖက်တွင်အင်္ဂလန်တစ်သင်းလုံးဟာဗိုလ်လုပွဲမတိုင်မီကိုဗစ်စစ်ဆေးမှုခံယူခဲ့ရာတွင်လည်းတစ်သင်းလုံးကိုဗစ်ကင်းစင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။

အသက်၂၁နှစ်ရှိဖီးလ်ဖိုဒန်ဟာခရိုအေးရှား၊စကော့တလန်တို့နှင့်ကစားခဲ့ရတဲ့အင်္ဂလန်ရဲ့ယူရိုအုပ်စုအဖွင့်ပွဲနှစ်ပွဲအားပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာချက်နှင့်အုပ်စုနောက်ဆုံးပွဲတွင်အနားပေးခြင်းခံရပြီးနောက်ပိုင်းတွင်ဆာကာအား ပွဲထွက်ကစားသမားနေရာအားလွဲပြောင်းပေးခဲ့ရသူဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာယူကရိန်းအား ၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်မူဆာကာကိုအရန်ခုံသို့ပို့ကာဆန်ချိုအားပြောင်းလဲအသုံးပြုခဲ့ပါတယ်။

ZawGyi


အင်္ဂလန်စတားဖီးလ်ဖိုဒန်ဟာယနေ့ညတွင်ဝင်ဘာလေကွင်းမှာအီတလီအသင်းနှင့်ရင်ဆိုင်ကစားရမယ့်အင်္ဂလန်အသင်းရဲ့သမိုင်းဝင်ယူရို၂၀၂၀ဗိုလ်လုပွဲကိုလွဲချော်ဖို့ရှိနေပါတယ်။






