ယူရို ၂၀၂၀ ဗိုလ်လုပွဲပြဿနာကြောင့် အိမ်ကွင်းတစ်ပွဲ ပရိသတ်မပါဘဲကစားရန် အင်္ဂလန် အရေးယူခံရ

အင်္ဂလန်ဟာယူရို၂၀၂၀ဗိုလ်လုပွဲတွင်ပရိသတ်များရဲ့ပြဿနာများရှာမှုကြောင့် ပွဲတစ်ပွဲအားတံခါးပိတ်ကစားရတော့မှာဖြစ်ပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာလာမယ့်နှစ်မှာကစားရမယ့်ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲအားပရိသတ်မပါဘဲကစားရမှာဖြစ်ပါတယ်။ဒါ့အပြင်ယူအီးအက်ဖ်အေဟာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကိုပေါင်၈၅၀၀၀လည်းဒဏ်ရိုက်ခဲ့ပါတယ်။

အင်္ဂလန်ဟာယူအီးအက်ဖ်အေရဲ့နှစ်ပွဲတံခါးပိတ်ကစားရန်ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပြီးကျန်တစ်ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်ကျခံရတာဖြစ်ကာ၂နှစ်အတွင်းပရိသတ်ကြောင့်ပြဿနာတာမျိုးဖြစ်ရင်ယင်းပြစ်ဒဏ်ကိုပါပေါင်းကာကျခံရပါမယ်။

အင်္ဂလန်ကအီတလီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်လက်မှတ်မပါဝင်တဲ့အင်္ဂလိပ်ပရိသတ်ငါးထောင်ကျော်တို့ဟာကွင်းအတွင်းသို့အတင်းတိုးဝင်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲျပႆနာေၾကာင့္ အိမ္ကြင္းတစ္ပြဲ ပရိသတ္မပါဘဲကစားရန္ အဂၤလန္ အေရးယူခံရ

အဂၤလန္ဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္ပရိသတ္မ်ားရဲ႕ျပႆနာမ်ားရွာမႈေၾကာင့္ ပြဲတစ္ပြဲအားတံခါးပိတ္ကစားရေတာ့မွာျဖစ္ပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာလာမယ့္ႏွစ္မွာကစားရမယ့္ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲအားပရိသတ္မပါဘဲကစားရမွာျဖစ္ပါတယ္။ဒါ့အျပင္ယူအီးအက္ဖ္ေအဟာအဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုေပါင္၈၅၀၀၀လည္းဒဏ္႐ိုက္ခဲ့ပါတယ္။

အဂၤလန္ဟာယူအီးအက္ဖ္ေအရဲ႕ႏွစ္ပြဲတံခါးပိတ္ကစားရန္ျပစ္ဒဏ္ခ်မွတ္ခံရတာျဖစ္ၿပီးက်န္တစ္ပြဲကို ဆိုင္းငံ့ျပစ္ဒဏ္က်ခံရတာျဖစ္ကာ၂ႏွစ္အတြင္းပရိသတ္ေၾကာင့္ျပႆနာတာမ်ိဳးျဖစ္ရင္ယင္းျပစ္ဒဏ္ကိုပါေပါင္းကာက်ခံရပါမယ္။

အဂၤလန္ကအီတလီကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္လက္မွတ္မပါဝင္တဲ့အဂၤလိပ္ပရိသတ္ငါးေထာင္ေက်ာ္တို႔ဟာကြင္းအတြင္းသို႔အတင္းတိုးဝင္ၾကည့္ရႈခဲ့ၾကတာျဖစ္ပါတယ္။