ယူရို ၂၀၂၀ ဗိုလ်လုပွဲအတွက် ဖိအားမခံစားရကြောင်း မန်စီနီပြောကြား

ရောဘတ်တိုမန်စီနီကယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲအတွက်ဖိအားတစ်စုံတစ်ရာမခံစားရကြောင်းနှင့်ပွဲအပေါ်တွင်သာအပြည့်အဝအာရုံစိုက်ထားကြောင်းဆိုသွားပါတယ်။ဒါ့အပြင်အီတလီနည်းပြကကစားသမားများအားမိမိတို့ပြင်ဆင်လေ့ကျင့်ထားတဲ့အတိုင်းလိုက်နာကစားကြရန်တိုက်တွန်းသွားပါတယ်။

အီတလီအသင်းဟာယူရို၂၀၂၀ပြိုင်ပွဲတွင်အကောင်းဆုံးပုံစံပြသနေတဲ့အသင်းများထဲမှတစ်သင်းဖြစ်ပြီး၂၀၁၈ခုနှစ်၊စက်တင်ဘာလမှစတင်ကာယခုတိုင်၃၃ပွဲဆက်ရှုံးပွဲမရှိရလဒ်ရထားတဲ့အသင်းလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်အီတလီရင်ဆိုင်ရမယ့်အင်္ဂလန်မှာလည်း၁၉၆၆ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားဆွတ်ခူးရန်စိတ်ဆန္ဒပြင်းပြနေတဲ့အသင်းဖြစ်နေပါတယ်။ဒါ့အပြင်အင်္ဂလန်မှာကိုယ့်ကွင်းဖြစ်တဲ့ဝင်ဘာလေတွင်ကစားရမှာဖြစ်ပြီးကွင်းတစ်ခုလုံးရှိပရိသတ်များမှာအင်္ဂလန်ပရိသတ်များဖြစ်ပါတယ်။ယင်းပွဲကိုအီတလီပရိသတ်၁၀၀၀သာလာကြည့်ခွင့်ရထားပါတယ်။

ဒါပေမယ့်မန်စီနီက “ပထမပွဲတုန်းကတော့ခက်ခဲခဲ့ပါတယ်။ဒါပေမယ့်ဗိုလ်လုပွဲကတော့ကွဲပြားပါတယ်။ဘာမှမခံစားရပါဘူး။ပွဲကစားချိန်မှာပိုပြီးတော့ခံစားရမှာမဟုတ်ပါဘူး။အီတလီလက်ရွေးစင်ကစားသမားတစ်ဦးအဖြစ်မအောင်မြင်ခဲ့တာကြောင့်အောင်မြင်ဖို့တော့မျှော်လင့်နေပါတယ်။ခက်ခဲလာမယ်ဆိုတာသိပေမယ့်စိတ်အေးလက်အေးဘဲရှိနေပါတယ်။ကိုယ့်ပွဲအပေါ်မှာဘဲအာရုံစိုက်ပါတယ်။နောက်ဆုံးပွဲဆိုတော့ပျော်နေဖို့အရေးကြီးပါတယ်။မိနစ်၉၀ပြည့်အကောင်းဆုံးကစားနိုင်ဖို့လုပ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ယနေ့ဇူလိုင်လ၁၁ရက်နေ့မှာအီတလီအသင်းအတွက်သမိုင်းဝင်နေ့တစ်နေ့လည်းဖြစ်ပါတယ်။အီတလီဟာ၁၉၈၂ကမ္ဘာ့ဖလားအားဆန်တီယာဂိုဘာနေဗျူးကွင်းတွင်အနောက်ဂျာမနီအား၃-၁ဖြင့်အနိုင်ရရှိကာဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲအတြက္ ဖိအားမခံစားရေၾကာင္း မန္စီနီေျပာၾကား

ေရာဘတ္တိုမန္စီနီကယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲအတြက္ဖိအားတစ္စုံတစ္ရာမခံစားရေၾကာင္းႏွင့္ပြဲအေပၚတြင္သာအျပည့္အဝအာ႐ုံစိုက္ထားေၾကာင္းဆိုသြားပါတယ္။ဒါ့အျပင္အီတလီနည္းျပကကစားသမားမ်ားအားမိမိတို႔ျပင္ဆင္ေလ့က်င့္ထားတဲ့အတိုင္းလိုက္နာကစားၾကရန္တိုက္တြန္းသြားပါတယ္။

အီတလီအသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အေကာင္းဆုံးပုံစံျပသေနတဲ့အသင္းမ်ားထဲမွတစ္သင္းျဖစ္ၿပီး၂၀၁၈ခုႏွစ္၊စက္တင္ဘာလမွစတင္ကာယခုတိုင္၃၃ပြဲဆက္ရႈံးပြဲမရွိရလဒ္ရထားတဲ့အသင္းလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္အီတလီရင္ဆိုင္ရမယ့္အဂၤလန္မွာလည္း၁၉၆၆ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားဆြတ္ခူးရန္စိတ္ဆႏၵျပင္းျပေနတဲ့အသင္းျဖစ္ေနပါတယ္။ဒါ့အျပင္အဂၤလန္မွာကိုယ့္ကြင္းျဖစ္တဲ့ဝင္ဘာေလတြင္ကစားရမွာျဖစ္ၿပီးကြင္းတစ္ခုလုံးရွိပရိသတ္မ်ားမွာအဂၤလန္ပရိသတ္မ်ားျဖစ္ပါတယ္။ယင္းပြဲကိုအီတလီပရိသတ္၁၀၀၀သာလာၾကည့္ခြင့္ရထားပါတယ္။

ဒါေပမယ့္မန္စီနီက “ပထမပြဲတုန္းကေတာ့ခက္ခဲခဲ့ပါတယ္။ဒါေပမယ့္ဗိုလ္လုပြဲကေတာ့ကြဲျပားပါတယ္။ဘာမွမခံစားရပါဘူး။ပြဲကစားခ်ိန္မွာပိုၿပီးေတာ့ခံစားရမွာမဟုတ္ပါဘူး။အီတလီလက္ေ႐ြးစင္ကစားသမားတစ္ဦးအျဖစ္မေအာင္ျမင္ခဲ့တာေၾကာင့္ေအာင္ျမင္ဖို႔ေတာ့ေမွ်ာ္လင့္ေနပါတယ္။ခက္ခဲလာမယ္ဆိုတာသိေပမယ့္စိတ္ေအးလက္ေအးဘဲရွိေနပါတယ္။ကိုယ့္ပြဲအေပၚမွာဘဲအာ႐ုံစိုက္ပါတယ္။ေနာက္ဆုံးပြဲဆိုေတာ့ေပ်ာ္ေနဖို႔အေရးႀကီးပါတယ္။မိနစ္၉၀ျပည့္အေကာင္းဆုံးကစားႏိုင္ဖို႔လုပ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ယေန႔ဇူလိုင္လ၁၁ရက္ေန႔မွာအီတလီအသင္းအတြက္သမိုင္းဝင္ေန႔တစ္ေန႔လည္းျဖစ္ပါတယ္။အီတလီဟာ၁၉၈၂ကမာၻ႔ဖလားအားဆန္တီယာဂိုဘာေနဗ်ဴးကြင္းတြင္အေနာက္ဂ်ာမနီအား၃-၁ျဖင့္အႏိုင္ရရွိကာဆြတ္ခူးႏိုင္ခဲ့ဖူးပါတယ္။