ယူရို ၂၀၂၀ ဗိုလ်လုပွဲ ဝင်ခွင့်အား ပေါင် ၄၅၀၀ ဖြင့်ရောင်းချရန် ကြိုးပမ်းမှုဖြင့် ဝင်ဘာလေကွင်းလုံခြုံရေးနှစ်ဦး ဖမ်းဆီးခံရ

ဝင်ဘာလေကွင်းလုံခြုံရေးနှစ်ဦးတို့ဟာ အင်္ဂလန်ရဲ့ယူရို၂၀၂၀ဗိုလ်လုပွဲအတွက် ဝင်ခွင့်အားရောင်းချရန်တရားဝင်ကြိုးပမ်းမှုအတွက်ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပါတယ်။

ကွင်းလုံခြုံရေးတို့ဟာဝင်ဘာလေဗိုလ်လုပွဲသို့ဝန်ထမ်းတစ်ဦးအနေဖြင့်ဟန်ဆောင်ဝင်ရောက်နိုင်မယ့် အရည်အသွေးမြင့် အထူးထုတ် အင်္ကျီ၊လက်ပတ်တို့အား Facebook မှတဆင့်ရောင်းချရန်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လက်မှတ်ဝယ်ယူဖို့အသည်းအသန်ကြိုးပမ်းနေတဲ့ပရိသတ်တစ်ဦးဟာ ဗြိတိန်နာမည်ကြီး သတင်းစာ The Sun မှသတင်းထောက်နှင့်တွေ့ကာသတင်းပေးခဲ့ပါတယ်။ The Sun မှ သတင်းထောက်ကလည်း ရဲတပ်ဖွဲ့ကိုသတင်းပေးခဲ့ပါတယ်။

ယင်းကဲ့သို့ ကွင်းလုံခြုံရေးများက ဝင်ဘာလေကွင်းအတွင်းဝင်ရောက်နိုင်မယ့် ဝင်ခွင့် ရောင်းချမှုက အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်လာနိုင်မယ့်အခွင့်အရေးကိုလည်းဖြစ်ပေါ်နေစေပါတယ်။

ဒါ့အပြင်ဝင်ဘာကွင်းတွင်ကစားခဲ့တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်အင်္ဂလန်ပရိသတ်ငါးထောင်ကျော်တို့ဟာလက်မှတ်မပါဘဲလုံခြုံရေးစည်းကိုအတင်းကျော်ဖြတ်ကာဝင်ရောက်မှုများလည်းပြုလုပ်ခဲ့ပါတယ်။

တစ်ဖက်တွင်ဗြိတိန်အစိုးရဟာ၂နှစ်တာအတွင်းတွင်ဝင်ဘာလေကွင်းအတွက်ရဲလုံခြုံရေးစရိတ်အား၄၀ရာခိုင်နှုန်းအထိလျှော့ချမှုအတွက်ဝေဖန်ခြင်းခံနေရပါတယ်။

အက်ဖ်အေဟာယူရို၂၀၂၀ပြိုင်ပွဲမှ ပွဲ၇ပွဲကို ဝင်ဘာလေကွင်းတွင်လက်ခံကျင်းပမှုကြောင့် ပေါင်၁သန်းနီးပါးရရှိပါမယ်။ဒါပေမယ့်ကွင်းလုံခြုံရေးများကတော့တစ်နာရီလျှင်၈.၉၀ပေါင်နှုန်းသာရရှိနေကြပါတယ်။

ZawGyi

ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲ ဝင္ခြင့္အား ေပါင္ ၄၅၀၀ ျဖင့္ေရာင္းခ်ရန္ ႀကိဳးပမ္းမႈျဖင့္ ဝင္ဘာေလကြင္းလုံၿခဳံေရးႏွစ္ဦး ဖမ္းဆီးခံရ

ဝင္ဘာေလကြင္းလုံၿခဳံေရးႏွစ္ဦးတို႔ဟာ အဂၤလန္ရဲ႕ယူ႐ို၂၀၂၀ဗိုလ္လုပြဲအတြက္ ဝင္ခြင့္အားေရာင္းခ်ရန္တရားဝင္ႀကိဳးပမ္းမႈအတြက္ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရပါတယ္။

ကြင္းလုံၿခဳံေရးတို႔ဟာဝင္ဘာေလဗိုလ္လုပြဲသို႔ဝန္ထမ္းတစ္ဦးအေနျဖင့္ဟန္ေဆာင္ဝင္ေရာက္ႏိုင္မယ့္ အရည္အေသြးျမင့္ အထူးထုတ္ အက်ႌ၊လက္ပတ္တို႔အား Facebook မွတဆင့္ေရာင္းခ်ရန္ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လက္မွတ္ဝယ္ယူဖို႔အသည္းအသန္ႀကိဳးပမ္းေနတဲ့ပရိသတ္တစ္ဦးဟာ ၿဗိတိန္နာမည္ႀကီး သတင္းစာ The Sun မွသတင္းေထာက္ႏွင့္ေတြ႕ကာသတင္းေပးခဲ့ပါတယ္။ The Sun မွ သတင္းေထာက္ကလည္း ရဲတပ္ဖြဲ႕ကိုသတင္းေပးခဲ့ပါတယ္။

ယင္းကဲ့သို႔ ကြင္းလုံၿခဳံေရးမ်ားက ဝင္ဘာေလကြင္းအတြင္းဝင္ေရာက္ႏိုင္မယ့္ ဝင္ခြင့္ ေရာင္းခ်မႈက အၾကမ္းဖက္သမားမ်ား အၾကမ္းဖက္တိုက္ခိုက္လာႏိုင္မယ့္အခြင့္အေရးကိုလည္းျဖစ္ေပၚေနေစပါတယ္။

ဒါ့အျပင္ဝင္ဘာကြင္းတြင္ကစားခဲ့တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အဂၤလန္ပရိသတ္ငါးေထာင္ေက်ာ္တို႔ဟာလက္မွတ္မပါဘဲလုံၿခဳံေရးစည္းကိုအတင္းေက်ာ္ျဖတ္ကာဝင္ေရာက္မႈမ်ားလည္းျပဳလုပ္ခဲ့ပါတယ္။

တစ္ဖက္တြင္ၿဗိတိန္အစိုးရဟာ၂ႏွစ္တာအတြင္းတြင္ဝင္ဘာေလကြင္းအတြက္ရဲလုံၿခဳံေရးစရိတ္အား၄၀ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်မႈအတြက္ေဝဖန္ျခင္းခံေနရပါတယ္။

အက္ဖ္ေအဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွ ပြဲ၇ပြဲကို ဝင္ဘာေလကြင္းတြင္လက္ခံက်င္းပမႈေၾကာင့္ ေပါင္၁သန္းနီးပါးရရွိပါမယ္။ဒါေပမယ့္ကြင္းလုံၿခဳံေရးမ်ားကေတာ့တစ္နာရီလွ်င္၈.၉၀ေပါင္ႏႈန္းသာရရွိေနၾကပါတယ္။