ယူရို ၂၀၂၀ အကောင်းဆုံးအသင်းတွင် အင်္ဂလန်ကစားသမားသုံးဦး ပါဝင်ပေမယ့် ၃ ကြိမ်ဖန်တီးခဲ့တဲ့ လုခ်ရှောမပါဝင်

ယူအီးအက်ဖ်အေဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်အကောင်းဆုံးအသင်းကိုထုတ်ပြန်ကြေညာလာပါတယ်။ယူအီးအက်ဖ်အေကကြေညာလာတဲ့ယူရို၂၀၂၀အကောင်းဆုံးအသင်းမှာဗိုလ်လုပွဲရောက်အင်္ဂလန်အသင်းမှကစားသမား ၃ ဦးရွေးချယ်ခြင်းခံခဲ့ရပေမယ့်လည်း ဘယ်နောက်ခံလူလုခ်ရှောမှာရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

ယူအီးအက်ဖ်အေရဲ့ယူရို၂၀၂၀ အကောင်းဆုံးအသင်းတွင် ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့တဲ့ချန်ပီယံလိဂ်အီတလီအသင်းမှ ဂိုးသမားဒွန်နာရမ်မာကဂိုးသမားနေရာမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဗဟိုနောက်ခံလူနှစ်ဦးနေရာမှာ အီတလီရဲ့ဘိုနုချီနှင့်အင်္ဂလန်ရဲ့မက်ဂွိုင်းယားရွေးချယ်ခြင်းခံရပါတယ်။ညာနောက်ခံလူနေရာမှာကိုင်လီဝေါလ်ကားရွေးချယ်ခြင်းခံရပြီးဘယ်နောက်ခံလူနေရာမှာအီတလီမှစပီနာဇိုလာရွေးချယ်ခြင်းခံခဲ့ရပါတယ်။စပီနာဇိုလာဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ၃ကြိမ်ဖန်တီးပြီး၁ဂိုးသွင်းခဲ့တဲ့လုခ်ရှောကိုကျော်ဖြတ်ကာအကောင်းဆုံးဘယ်နောက်ခံလူအဖြစ်ရွေးချယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားသုံးဦးနေရာမှာအီတလီမှဂျော်ဂျင်ဟို၊ဒိန်းမတ်မှပီယာရီအီမီလီဟိုဘတ်၊စပိန်မှပီဒရီတို့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

တိုက်စစ်ခြမ်းမှာအီတလီရဲ့ချီယေဆာရွေးချယ်ခြင်းခံခဲ့ရပြီးဘယ်ခြမ်းမှာအင်္ဂလန်မှစတာလင်းရွေးချယ်ခြင်းခံခဲ့ရပါတယ်။စတာလင်းဟာဟယ်ရီကိန်းကိုကျော်ဖြတ်ကာရွေးချယ်ခြင်းခံခဲ့ရတာပါ။အထောင်တိုက်စစ်မှူးနေရာမှာဘယ်လ်ဂျီယံမှလူကာကူရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲရဲ့ဂိုးသွင်းဘုရင်အဖြစ်၅ဂိုးဖြင့်ရပ်တည်နိုင်ခဲ့တဲ့ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုကတော့ပေါ်တူဂီမှာ၁၆သင်းအဆင့်မှထွက်ခွာခဲ့ရမှုနဲ့အတူရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ဒါ့အပြင်ရော်နယ်ဒိုနှင့်အတူ၅ဂိုးသွင်းခဲ့တဲ့ချက်တိုက်စစ်မှူးပါထရစ်ရှက်ခ်မှာလည်းရွေးချယ်မခံခဲ့ရပါဘူး။

ZawGyi

ယူ႐ို ၂၀၂၀ အေကာင္းဆုံးအသင္းတြင္ အဂၤလန္ကစားသမားသုံးဦး ပါဝင္ေပမယ့္ ၃ ႀကိမ္ဖန္တီးခဲ့တဲ့ လုခ္ေရွာမပါဝင္

ယူအီးအက္ဖ္ေအဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္အေကာင္းဆုံးအသင္းကိုထုတ္ျပန္ေၾကညာလာပါတယ္။ယူအီးအက္ဖ္ေအကေၾကညာလာတဲ့ယူ႐ို၂၀၂၀အေကာင္းဆုံးအသင္းမွာဗိုလ္လုပြဲေရာက္အဂၤလန္အသင္းမွကစားသမား ၃ ဦးေ႐ြးခ်ယ္ျခင္းခံခဲ့ရေပမယ့္လည္း ဘယ္ေနာက္ခံလူလုခ္ေရွာမွာေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။

ယူအီးအက္ဖ္ေအရဲ႕ယူ႐ို၂၀၂၀ အေကာင္းဆုံးအသင္းတြင္ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့တဲ့ခ်န္ပီယံလိဂ္အီတလီအသင္းမွ ဂိုးသမားဒြန္နာရမ္မာကဂိုးသမားေနရာမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ဗဟိုေနာက္ခံလူႏွစ္ဦးေနရာမွာ အီတလီရဲ႕ဘိုႏုခ်ီႏွင့္အဂၤလန္ရဲ႕မက္ဂြိဳင္းယားေ႐ြးခ်ယ္ျခင္းခံရပါတယ္။ညာေနာက္ခံလူေနရာမွာကိုင္လီေဝါလ္ကားေ႐ြးခ်ယ္ျခင္းခံရၿပီးဘယ္ေနာက္ခံလူေနရာမွာအီတလီမွစပီနာဇိုလာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။စပီနာဇိုလာဟာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ၃ႀကိမ္ဖန္တီးၿပီး၁ဂိုးသြင္းခဲ့တဲ့လုခ္ေရွာကိုေက်ာ္ျဖတ္ကာအေကာင္းဆုံးဘယ္ေနာက္ခံလူအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ကြင္းလယ္ကစားသမားသုံးဦးေနရာမွာအီတလီမွေဂ်ာ္ဂ်င္ဟို၊ဒိန္းမတ္မွပီယာရီအီမီလီဟိုဘတ္၊စပိန္မွပီဒရီတို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

တိုက္စစ္ျခမ္းမွာအီတလီရဲ႕ခ်ီေယဆာေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီးဘယ္ျခမ္းမွာအဂၤလန္မွစတာလင္းေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။စတာလင္းဟာဟယ္ရီကိန္းကိုေက်ာ္ျဖတ္ကာေ႐ြးခ်ယ္ျခင္းခံခဲ့ရတာပါ။အေထာင္တိုက္စစ္မႉးေနရာမွာဘယ္လ္ဂ်ီယံမွလူကာကူေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ဂိုးသြင္းဘုရင္အျဖစ္၅ဂိုးျဖင့္ရပ္တည္ႏိုင္ခဲ့တဲ့ေပၚတူဂီအသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ေပၚတူဂီမွာ၁၆သင္းအဆင့္မွထြက္ခြာခဲ့ရမႈနဲ႔အတူေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။ဒါ့အျပင္ေရာ္နယ္ဒိုႏွင့္အတူ၅ဂိုးသြင္းခဲ့တဲ့ခ်က္တိုက္စစ္မႉးပါထရစ္ရွက္ခ္မွာလည္းေ႐ြးခ်ယ္မခံခဲ့ရပါဘူး။