ယူရို ၂၀၂၂ မှာပြဿနာဖြစ်ခဲ့ပေမယ့် ၂၀၂၄ ချန်ပီယံဗိုလ်လုပွဲကစားရန် ဝင်ဘာလေကွင်း ရွေးချယ်ခံရ

ဝင်ဘာလေကွင်းဟာ၂၀၂၄ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမယ့်ကွင်းအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဝင်ဘာလေကွင်းဟာယူရို၂၀၂၀ဗိုလ်လုပွဲအားလက်ခံကျင်းပပြီးရက်အနည်းငယ်အကြာမှာဘဲ၂၀၂၄ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလက်ခံကျင်းပရန်ယူအီးအက်ဖ်အေရဲ့ရွေးချယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဝင်ဘာလေကွင်းတွင်ကစားခဲ့တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်ကွင်းအတွင်းသို့လက်မှတ်မပါတဲ့ပရိသတ်၅၀၀၀ကျော်တို့အတင်းဝင်ရောက်ကာကြည့်ရှုခဲ့မှုဖြစ်ပျက်ပြီးနောက် ရွေးချယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အက်ဖ်အေဟာအထက်ပါဖြစ်ရပ်ကြောင်းယူအီးအက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံထားရကာဒဏ်ရိုက်ခံရရန်သေချာနေပါတယ်။

ဝင်ဘာလေကွင်းဟာ၁၁နှစ်အတွင်းမှာသုံးကြိမ်မြောက်အဖြစ်ဗိုလ်လုပွဲကျင်းပခွင့်ရရှိတာဖြစ်ပါတယ်။ဝင်ဘာလေဟာနောက်ဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်ခံကျင်းပမှုအဖြစ်၂၀၁၃ခုနှစ်တုန်းကဘိုင်ယန်နှင့်ဒေါ့မွန်လက်ခံကျင်းပခဲ့ပါတယ်။

ဒါ့အပြင်ယူအီးအက်ဖ်အေဟာ၂၀၂၃ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲအားအစ္စတန်ဘူလ်ရှိ အတာတာ့ခ်ကွင်းတွင်ကစားရန်ရွေးချယ်ခဲ့ပါတယ်။တူရကီရဲ့အတာတာ့ခ်ကွင်းမှာ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရန်ရွေးချယ်ခြင်းခံခဲ့ရပေမယ့်ကိုဗစ်ကြောင့်ပေါ်တိုတွင်ကစားခဲ့ရပါတယ်။

ZawGyi

ယူ႐ို ၂၀၂၂ မွာျပႆနာျဖစ္ခဲ့ေပမယ့္ ၂၀၂၄ ခ်န္ပီယံဗိုလ္လုပြဲကစားရန္ ဝင္ဘာေလကြင္း ေ႐ြးခ်ယ္ခံရ

ဝင္ဘာေလကြင္းဟာ၂၀၂၄ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားရမယ့္ကြင္းအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ဝင္ဘာေလကြင္းဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲအားလက္ခံက်င္းပၿပီးရက္အနည္းငယ္အၾကာမွာဘဲ၂၀၂၄ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလက္ခံက်င္းပရန္ယူအီးအက္ဖ္ေအရဲ႕ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဝင္ဘာေလကြင္းတြင္ကစားခဲ့တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္ကြင္းအတြင္းသို႔လက္မွတ္မပါတဲ့ပရိသတ္၅၀၀၀ေက်ာ္တို႔အတင္းဝင္ေရာက္ကာၾကည့္ရႈခဲ့မႈျဖစ္ပ်က္ၿပီးေနာက္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

အက္ဖ္ေအဟာအထက္ပါျဖစ္ရပ္ေၾကာင္းယူအီးအက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံထားရကာဒဏ္႐ိုက္ခံရရန္ေသခ်ာေနပါတယ္။

ဝင္ဘာေလကြင္းဟာ၁၁ႏွစ္အတြင္းမွာသုံးႀကိမ္ေျမာက္အျဖစ္ဗိုလ္လုပြဲက်င္းပခြင့္ရရွိတာျဖစ္ပါတယ္။ဝင္ဘာေလဟာေနာက္ဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္ခံက်င္းပမႈအျဖစ္၂၀၁၃ခုႏွစ္တုန္းကဘိုင္ယန္ႏွင့္ေဒါ့မြန္လက္ခံက်င္းပခဲ့ပါတယ္။

ဒါ့အျပင္ယူအီးအက္ဖ္ေအဟာ၂၀၂၃ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအားအစၥတန္ဘူလ္ရွိ အတာတာ့ခ္ကြင္းတြင္ကစားရန္ေ႐ြးခ်ယ္ခဲ့ပါတယ္။တူရကီရဲ႕အတာတာ့ခ္ကြင္းမွာ၂၀၂၁ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားရန္ေ႐ြးခ်ယ္ျခင္းခံခဲ့ရေပမယ့္ကိုဗစ္ေၾကာင့္ေပၚတိုတြင္ကစားခဲ့ရပါတယ္။