
ဆွစ်ဇာလန်တွင်ယူရို၂၀၂၄ခြေစစ်ပွဲအုပ်စုမဲခွဲမှုပြုလုပ်လာပါတယ်။အင်္ဂလန်အသင်းဟာအုပ်စု(ဂ)တွင်ယူရို၂၀၂၀ချန်ပီယံအီတလီနှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာဆောင်းရာသီတွင်ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်နေပါတယ်။ဒါပေမဲ့၎င်းတို့ဟာကမ္ဘာ့ဖလားအပြီးတွင်ယူရို၂၀၂၄ခြေစစ်ပွဲရင်ဆိုင်လာရမှာလည်းဖြစ်ပါတယ်။
ယူရို၂၀၂၄ ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို၂၀၂၃ခုနှစ်၊မတ်လတွင်စတင်ကစားလာမှာဖြစ်ပြီး၂၀၂၄ခုနှစ်တွင်ဂျာမနီမှာကျင်းပလာပါမယ်။
အိမ်ရှင်ဂျာမနီကတော့ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်ပါတယ်။
အင်္ဂလန်ဟာယူရို၂၀၂၄ခြေစစ်ပွဲတွင်အီတလီ၊ယူကရိန်း၊မြောက်မက်ဆီဒိုးနီးယား၊မော်တာတို့နှင့်အတူ ကျရောက်နေရာအုပ်စုချောင်တယ်လို့ယူဆရပေမဲ့ မြောက်မက်ဆီဒိုးနီးယားမှာအီတလီကိုကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်အောင်ဒုက္ခပေးဖူးရာအထူးသတိထားလာရမှာလည်းဖြစ်ပါတယ်။
ZawGyi
ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုတွင် အီတလီ၊ ယူကရိန်းနှင့် တစ်အုပ်စုတည်းကျနေတဲ့ အင်္ဂလန်