
ဂါရတ်ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းနည်းပြအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်သွားတော့မှာဖြစ်ကြောင်းသိရပါတယ်။
ဆောက်ဂိတ်ဟာယခုအပတ်တွင်အင်္ဂလန်အသင်းနည်းပြအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းအကြောင်းကြားကာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အတွက်အကောင်းဆုံးခရစ္စမတ်လက်ဆောင်ပေးလာတာလည်းဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို၂၀၂၄ခုနှစ်အထိကိုင်တွယ်သွားရန်စာချုပ်ချုပ်ဆိုထားပေမဲ့လည်းကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ထွက်ခွာလိမ့်မယ်လို့ယူဆခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အထူးသဖြင့်ပြင်သစ်ကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှထွက်ခွာလာရပြီးနောက်ဆောက်ဂိတ်အနာဂတ်မရေမရာဖြစ်နေခဲ့ပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဆောက်ဂိတ်နှင့် ယူရို၂၀၂၄ပြိုင်ပွဲအထိလက်တွဲသွားရန်စီစဉ်ထားရာယင်းသို့အနာဂတ်မရေမရာဖြစ်မှုကြောင့်အစီအစဉ်ပြောင်းလဲရေးဆွဲရမလိုဖြစ်နေခဲ့ရပါတယ်။
ဒါပေမဲ့ယခုအခါမှာတော့ဆောက်ဂိတ်ဟာဂျာမနီကအိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ယူရို၂၀၂၄ပြိုင်ပွဲအထိအင်္ဂလန်အသင်းကိုဦးဆောင်လာတော့မှာလည်းဖြစ်ပါတယ်။
ZawGyi
ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအထိ အဂၤလန္အသင္းကို ေဆာက္ဂိတ္ ဦးေဆာင္သြားမည္
ဂါရတ္ေဆာက္ဂိတ္ဟာအဂၤလန္အသင္းနည္းျပအျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္သြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ေဆာက္ဂိတ္ဟာယခုအပတ္တြင္အဂၤလန္အသင္းနည္းျပအျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္းအေၾကာင္းၾကားကာ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အတြက္အေကာင္းဆုံးခရစၥမတ္လက္ေဆာင္ေပးလာတာလည္းျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို၂၀၂၄ခုႏွစ္အထိကိုင္တြယ္သြားရန္စာခ်ဳပ္ခ်ဳပ္ဆိုထားေပမဲ့လည္းကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ထြက္ခြာလိမ့္မယ္လို႔ယူဆျခင္းခံခဲ့ရသူျဖစ္ပါတယ္။
အထူးသျဖင့္ျပင္သစ္ကိုရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္မွထြက္ခြာလာရၿပီးေနာက္ေဆာက္ဂိတ္အနာဂတ္မေရမရာျဖစ္ေနခဲ့ပါတယ္။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာေဆာက္ဂိတ္ႏွင့္ ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိလက္တြဲသြားရန္စီစဥ္ထားရာယင္းသို႔အနာဂတ္မေရမရာျဖစ္မႈေၾကာင့္အစီအစဥ္ေျပာင္းလဲေရးဆြဲရမလိုျဖစ္ေနခဲ့ရပါတယ္။
ဒါေပမဲ့ယခုအခါမွာေတာ့ေဆာက္ဂိတ္ဟာဂ်ာမနီကအိမ္ရွင္အျဖစ္လက္ခံက်င္းပမဲ့ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိအဂၤလန္အသင္းကိုဦးေဆာင္လာေတာ့မွာလည္းျဖစ္ပါတယ္။