
ဝေးလ်ဟာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာဂါရတ်ဘေးလ်ရဲ့ဝေးလ်အတွက်နောက်ဆုံးကစားတဲ့နိုင်ငံတကာပြိုင်ပွဲကြီးမဖြစ်လာဖို့မျှော်လင့်နေကြပါတယ်။
ဝေးလ်အသင်းခေါင်းဆောင်နှင့်ဝေးလ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့ဂါရတ်ဘေးလ်ဟာသူ့ရဲ့ကစားသမားဘဝပထမဆုံးကမ္ဘာ့ဖလားပွဲအဖြစ် အမေရိကန်နှင့်ပွဲကိုကစားသွားပါမယ်။
ဝေးလ်နည်းပြရောဘတ်ပေ့ချ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ဂါရတ်ဘေးလ်ကိုအနားမယူစေချင်သေးဘဲလာမယ့်နှစ်ယူရို၂၀၂၄ခြေစစ်ပွဲများတွင်ပါဝင်ကစားစေလိုလျက်ရှိပါတယ်။
ဝေးလ်အတွက်၁၀၈ပွဲကစားကာဂိုး၄၀သွင်းထားတဲ့ဂါရတ်ဘေးလ်အနားယူလာမလားလို့မေးမြန်းလာမှုအားပေ့ချ်က “သူဆက်ကစားသွားပါလိမ့်မယ်။သူဒီမှာဆက်ကစားဖို့မျှော်လင့်နေတယ်။ဘာကြောင့်လဲဆိုတောပြောပြပါမယ်။သူ့ကစားသမားဘဝဘာတွေဖြစ်ပျက်နေတယ်ဆိုတာနဲ့မဆိုင်ပါဘူး။သူကဝေးလ်အတွက်အမြဲရှိနေတဲ့သူပါ။ဘယ်လိုကလပ်အဆင့်မျိုးမှာကစားနေပါစေသူကဝေးလ်ကစားရတာချစ်မြတ်နိုးတဲ့သူပါ။တကယ်လို့ကျွန်တော်တို့နှစ်ပွဲဆက်ကစားစရာရှိနေရင်သူ့ကိုဒုတိယပွဲမှာပွဲထွက်မကစားဖို့ပြောမယ်။ဘယ်လိုဖြစ်လာမလဲကြည့်ရမယ်။နောက်ပိုင်းကျပြောနိုင်မှာပါ”လို့ပြောကြားသွားပါတယ်။
ပေ့ချ်နှင့်ဝေးလ်အသင်းသားများဟာအင်္ဂါနေ့တွင်ဒိုဟာသို့ထွက်ခွာကြပါမယ်။ဘေးလ်ဟာ၁၉၅၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဝေးလ်အတွက်ကစားခဲ့ကြတဲ့ ဂန္ထဝင်များဖြစ်ကြတဲ့ကလစ်ဖ်ဂျုံးစ်၊တယ်ရီမက်ဝင်းတို့နှင့်လည်းဆုံတွေ့ခဲ့ပါတယ်။
ZawGyi
ယူ႐ို ၂၀၂၄ အထိ ဂါရတ္ေဘးလ္ ကစားရန္ ေဝးလ္ေမွ်ာ္လင့္ေန
ေဝးလ္ဟာလာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာဂါရတ္ေဘးလ္ရဲ႕ေဝးလ္အတြက္ေနာက္ဆုံးကစားတဲ့ႏိုင္ငံတကာၿပိဳင္ပြဲႀကီးမျဖစ္လာဖို႔ေမွ်ာ္လင့္ေနၾကပါတယ္။
ေဝးလ္အသင္းေခါင္းေဆာင္ႏွင့္ေဝးလ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ဂါရတ္ေဘးလ္ဟာသူ႔ရဲ႕ကစားသမားဘဝပထမဆုံးကမာၻ႔ဖလားပြဲအျဖစ္ အေမရိကန္ႏွင့္ပြဲကိုကစားသြားပါမယ္။
ေဝးလ္နည္းျပေရာဘတ္ေပ့ခ်္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ဂါရတ္ေဘးလ္ကိုအနားမယူေစခ်င္ေသးဘဲလာမယ့္ႏွစ္ယူ႐ို၂၀၂၄ေျခစစ္ပြဲမ်ားတြင္ပါဝင္ကစားေစလိုလ်က္ရွိပါတယ္။
ေဝးလ္အတြက္၁၀၈ပြဲကစားကာဂိုး၄၀သြင္းထားတဲ့ဂါရတ္ေဘးလ္အနားယူလာမလားလို႔ေမးျမန္းလာမႈအားေပ့ခ်္က “သူဆက္ကစားသြားပါလိမ့္မယ္။သူဒီမွာဆက္ကစားဖို႔ေမွ်ာ္လင့္ေနတယ္။ဘာေၾကာင့္လဲဆိုေတာေျပာျပပါမယ္။သူ႔ကစားသမားဘဝဘာေတြျဖစ္ပ်က္ေနတယ္ဆိုတာနဲ႔မဆိုင္ပါဘူး။သူကေဝးလ္အတြက္အၿမဲရွိေနတဲ့သူပါ။ဘယ္လိုကလပ္အဆင့္မ်ိဳးမွာကစားေနပါေစသူကေဝးလ္ကစားရတာခ်စ္ျမတ္ႏိုးတဲ့သူပါ။တကယ္လို႔ကြၽန္ေတာ္တို႔ႏွစ္ပြဲဆက္ကစားစရာရွိေနရင္သူ႔ကိုဒုတိယပြဲမွာပြဲထြက္မကစားဖို႔ေျပာမယ္။ဘယ္လိုျဖစ္လာမလဲၾကည့္ရမယ္။ေနာက္ပိုင္းက်ေျပာႏိုင္မွာပါ”လို႔ေျပာၾကားသြားပါတယ္။
ေပ့ခ်္ႏွင့္ေဝးလ္အသင္းသားမ်ားဟာအဂၤါေန႔တြင္ဒိုဟာသို႔ထြက္ခြာၾကပါမယ္။ေဘးလ္ဟာ၁၉၅၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေဝးလ္အတြက္ကစားခဲ့ၾကတဲ့ ဂႏၴဝင္မ်ားျဖစ္ၾကတဲ့ကလစ္ဖ္ဂ်ဳံးစ္၊တယ္ရီမက္ဝင္းတို႔ႏွင့္လည္းဆုံေတြ႕ခဲ့ပါတယ္။