ယူရို ၄၅ သန်းသတ်မှတ်ထားတဲ့ စပိန်စတားကို ဥရောပထိပ်သီးများ အပြိုင်ကြိုးပမ်းနေ

ဥရောပထိပ်သီးကလပ်သုံးခုတို့ဟာစပိန်စတားဒါနီအိုလ်မိုအားခေါ်ယူနိုင်ရေးအတွက်အပြိုင်ကြိုးပမ်းနေကြောင်းသိရပါတယ်။

အိုလ်မိုဟာယူရို၂၀၂၀ပြိုင်ပွဲတွင်စပိန်အသင်းနှင့်အတူခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊ရီးရဲလ်မက်ဒရစ်တို့ရဲ့စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်။

အိုလ်မိုဟာဘာစီလိုနာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်ကတည်းကထွက်ခွာလာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လက်ရှိအချိန်တွင်ဘာစီလိုနာမှာငွေကြေးပြဿနာများရှိနေရာမဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကလိုက်ဇစ်စတားအားခေါ်ယူရန်အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။

အိုလ်မိုဟာလူးဝစ်အန်းနရစ်ရဲ့စပိန်အသင်းမှာအဓိကကစားသမားအဖြစ်ခြေစွမ်းပြခဲ့သူဖြစ်ပြီးစပိန်မှာဗိုလ်လုပွဲရောက်အီတလီကိုရှုံးနိမ့်ကာထွက်ခဲ့ရတာပါ။

လိုက်ဇစ်ဟာအိုလ်မိုကိုပြောင်းရွှေ့ကြေးယူရို၄၅သန်းသတ်မှတ်ထားပါတယ်။ဘာစီလိုနာဟာအသစ်ခေါ်ယူထားတဲ့ကစားသမားများကိုမှတ်ပုံတင်နိုင်ခြင်းမရှိရာအိုလ်မိုကိုခေါ်ယူရန်ခက်ခဲနေပါတယ်။ဘာစီလိုနာအနေဖြင့်ကစားသမားသစ်ထပ်ခေါ်ရန်မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုရန်အတွက်လုပ်ခအသုံးစရိတ်ယူရိုသန်း၂၀၀အထိလျှော့ချရန်လိုအပ်နေပါတယ်။

အိုလ်မိုဟာတောင်ပံတွင်သာမကကျောနံပါတ် ၁၀ ကွင်းလယ်တိုက်စစ်သမားအဖြစ်လည်းကစားနေရာသူ့ကိုခေါ်ယူရန်အတွက်ကလပ်ကြီးများကစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ို ၄၅ သန္းသတ္မွတ္ထားတဲ့ စပိန္စတားကို ဥေရာပထိပ္သီးမ်ား အၿပိဳင္ႀကိဳးပမ္းေန

ဥေရာပထိပ္သီးကလပ္သုံးခုတို႔ဟာစပိန္စတားဒါနီအိုလ္မိုအားေခၚယူႏိုင္ေရးအတြက္အၿပိဳင္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

အိုလ္မိုဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္စပိန္အသင္းႏွင့္အတူေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးေနာက္ဘာစီလိုနာ၊ဘိုင္ယန္ျမဴးနစ္၊ရီးရဲလ္မက္ဒရစ္တို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရတာျဖစ္ပါတယ္။

အိုလ္မိုဟာဘာစီလိုနာအကယ္ဒမီထြက္ကစားသမားတစ္ဦးျဖစ္ၿပီးလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္ကတည္းကထြက္ခြာလာခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္လက္ရွိအခ်ိန္တြင္ဘာစီလိုနာမွာေငြေၾကးျပႆနာမ်ားရွိေနရာမဟာၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကလိုက္ဇစ္စတားအားေခၚယူရန္အေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။

အိုလ္မိုဟာလူးဝစ္အန္းနရစ္ရဲ႕စပိန္အသင္းမွာအဓိကကစားသမားအျဖစ္ေျခစြမ္းျပခဲ့သူျဖစ္ၿပီးစပိန္မွာဗိုလ္လုပြဲေရာက္အီတလီကိုရႈံးနိမ့္ကာထြက္ခဲ့ရတာပါ။

လိုက္ဇစ္ဟာအိုလ္မိုကိုေျပာင္းေ႐ႊ႕ေၾကးယူ႐ို၄၅သန္းသတ္မွတ္ထားပါတယ္။ဘာစီလိုနာဟာအသစ္ေခၚယူထားတဲ့ကစားသမားမ်ားကိုမွတ္ပုံတင္ႏိုင္ျခင္းမရွိရာအိုလ္မိုကိုေခၚယူရန္ခက္ခဲေနပါတယ္။ဘာစီလိုနာအေနျဖင့္ကစားသမားသစ္ထပ္ေခၚရန္မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္လုပ္ခအသုံးစရိတ္ယူ႐ိုသန္း၂၀၀အထိေလွ်ာ့ခ်ရန္လိုအပ္ေနပါတယ္။

အိုလ္မိုဟာေတာင္ပံတြင္သာမကေက်ာနံပါတ္ ၁၀ ကြင္းလယ္တိုက္စစ္သမားအျဖစ္လည္းကစားေနရာသူ႔ကိုေခၚယူရန္အတြက္ကလပ္ႀကီးမ်ားကစိတ္ဝင္စားေနတာလည္းျဖစ္ပါတယ္။