ယူအီးအက်ဖ်အေစည်းမျဉ်းကို ပုံမှန်ချိုးဖောက်နေတဲ့ ကစားသမားကြောင့် သတိပေးခြင်းခံခဲ့ရတဲ့ စပါးစ်

စပါးစ်ဂိုးသမားပီယာလူဂီဂိုလ်လီနီဟာသူ့ရဲ့လက်အိတ်ရွေးချယ်မှုများကြောင့် ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းကိုချိုးဖောက်နေပါတယ်။

အတ္တလန္တာကနေတစ်ရာသီအငှားစာချုပ်ဖြင့်ရောက်လာတဲ့အသက်၂၆နှစ်ရှိဂိုးသမားဟာစပါးစ်အသင်းမှာဟူဂိုလိုရစ်ရဲ့ဒုတိယဦးစားပေးဂိုးသမားအဖြစ်ကစားနေရတာလည်းဖြစ်ပါတယ်။

သူဟာစပါးစ်ရဲ့ယူရိုပါကွန်ဖရင့်လိဂ်ပွဲများမှာကစားနေရပါတယ်။ဒါပေမယ့်ယူအီးအက်ဖ်အေဟာဂိုးသမားရဲ့စည်းမျဉ်းစည်းကမ်းများပုံမှန်ချိုးဖောက်နေမှုအပေါ် စိတ်မသက်မသာဖြစ်နေပါတယ်။

ဂိုလ်လီနီဟာ Reusch ဂိုးသမားလက်အိတ်ကိုအသုံးပြုနေတာဖြစ်ပြီးလက်အိတ်ပါလိုဂိုကအလွန်ကြီးမားနေမှုနဲ့အတူယူအီးအက်ဖ်အေရဲ့အမှတ်တံဆိပ်ကန့်သတ်မှုစည်းမျဉ်းကိုချိုးဖောက်နေတာလည်းဖြစ်ပါတယ်။

ယခုအခါယူအီးအက်ဖ်အေဟာစပါးစ်အသင်းကိုဂိုလ်လီနီရဲ့လက်အိတ်နဲ့ပတ်သက်ပြီးသတိပေးစာပေးပို့လိုက်ပြီဖြစ်ပြီးနောက်တွင်ယင်းလက်အိတ်ဆက်လက်အသုံးပြုပါက အရေးယူမှုပြုလုပ်မည်ဖြစ်ကြောင်းအပြင်းအထန်သတိပေးလာပါတယ်။

ZawGyi





