ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို မန်စီနီအားကျော်ဖြတ်ကာ တူချယ်ဆွတ်ခူး

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအားဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။သောမတ်စ်တူချယ်ဟာချဲလ််ဆီးသို့ရောက်လာတဲ့တစ်နှစ်မပြည့်သေးခင်အချိန်အတွင်းတွင်ချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလားတို့ဆွတ်ခူးနိုင်အောင်စွမ်းဆောင်နိုင်မှုနဲ့အတူယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာရမှတ်၃၇၈မှတ်ရရှိခဲ့ပြီးအီတလီလူမျိုးနည်းပြရောဘတ်တိုမန်စီနီ(၂၉၂မှတ်)ကိုကျော်ဖြတ်ကာဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီနီဟာလည်းနွေရာသီတုန်းကအီတလီအသင်းကိုယူရိုချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့မှုနဲ့အတူယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက်ရေပန်းစားနေခဲ့သူလည်းဖြစ်ပါတယ်။

ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုယူရိုပြိုင်ပွဲဝင်အသင်း၂၄သင်းမှနည်းပြများ၊ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်အုပ်စုအဆင့်ရောက်ကလပ်နည်းပြ၈၀ဦး၊ဂျာနယ်လစ်၅၅ဦးတို့ရဲ့မဲအဆုံးအဖြတ်ဖြင့်ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

သောမတ်စ်တူချယ်ဟာဇန်နဝါရီလနှောင်းပိုင်းတွင်ဖရန့်လမ်းပတ်ရဲ့ချဲလ်ဆီးနည်းပြရာထူးကိုဆက်ခံပြီးနောက်ပရီးမီးယားလိဂ်တွင်ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အပြင်ချန်ပီယံလ်ိဂ်ဖလားလည်းဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ZawGyi

ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို မန္စီနီအားေက်ာ္ျဖတ္ကာ တူခ်ယ္ဆြတ္ခူး

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအားဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ေသာမတ္စ္တူခ်ယ္ဟာခ်ဲလ္္ဆီးသို႔ေရာက္လာတဲ့တစ္ႏွစ္မျပည့္ေသးခင္အခ်ိန္အတြင္းတြင္ခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလားတို႔ဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ႏိုင္မႈနဲ႔အတူယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာရမွတ္၃၇၈မွတ္ရရွိခဲ့ၿပီးအီတလီလူမ်ိဳးနည္းျပေရာဘတ္တိုမန္စီနီ(၂၉၂မွတ္)ကိုေက်ာ္ျဖတ္ကာဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။မန္စီနီဟာလည္းေႏြရာသီတုန္းကအီတလီအသင္းကိုယူ႐ိုခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့မႈနဲ႔အတူယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအတြက္ေရပန္းစားေနခဲ့သူလည္းျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုယူ႐ိုၿပိဳင္ပြဲဝင္အသင္း၂၄သင္းမွနည္းျပမ်ား၊ခ်န္ပီယံလိဂ္ႏွင့္ယူ႐ိုပါလိဂ္အုပ္စုအဆင့္ေရာက္ကလပ္နည္းျပ၈၀ဦး၊ဂ်ာနယ္လစ္၅၅ဦးတို႔ရဲ႕မဲအဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

ေသာမတ္စ္တူခ်ယ္ဟာဇန္နဝါရီလေႏွာင္းပိုင္းတြင္ဖရန႔္လမ္းပတ္ရဲ႕ခ်ဲလ္ဆီးနည္းျပရာထူးကိုဆက္ခံၿပီးေနာက္ပရီးမီးယားလိဂ္တြင္ထိပ္ဆုံးေလးသင္းစာရင္းဝင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့အျပင္ခ်န္ပီယံလ္ိဂ္ဖလားလည္းဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။