ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဂျော်ဂျင်ဟိုဆွတ်ခူး

အီတလီနှင့်ချဲလ်ဆီးကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုဟာချဲလ်ဆီးကစားဖော်အန်ဂိုလိုကန်တီ၊မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းတို့ကိုကျော်ဖြတ်ကာယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာယခုနွေရာသီတွင်ဥရောပဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးဆုများဖြစ်တဲ့ချန်ပီယံလိဂ်၊ယူရို၂၀၂၀နှင့်ဥရောပစူပါဖလားတို့အားချဲလ်ဆီး၊အီတလီအသင်းတို့နှင့်အတူဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုဟာလွန်ခဲ့တဲ့တစ်ရက်ကတည်းကယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားကြောင်းသတင်းပေါက်ကြားခဲ့သူဖြစ်ပြီးတကယ်တမ်းယူအီးအက်ဖ်အေကကြေညာလာချိန်တွင်လည်းတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာတစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုလည်းကြေညာခဲ့ရာဘာစီလိုနာအမျိုးသမီးအသင်းစတားအဲလစ်စီယာပူတဲလ်လက်စ်ကဆွတ်ခူးသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးနေရာအလိုက်ဆုများကိုလည်းကြေညာခဲ့ပါတယ်။ယူအီးအက်ဖ်အေရဲ့ချန်ပီယံလိဂ်တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆုကိုဒေါ့မွန်တိုက်စစ်မှူးဟာလန်းကလည်းကောင်း၊ချန်ပီယံလိဂ်အလယ်တန်းကစားသမားဆုကိုချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီကလည်းကောင်း၊ချန်ပီယံလိဂ်အကောင်းဆုံးနောက်ခံလူဆုကိုမန်စီးတီးနောက်ခံလူရူဘင်ဒိုင်ယက်စ်ကလည်းကောင်း၊ချန်ပီယံလိဂ်အကောင်းဆုံးဂိုးသမားဆုကိုချဲလ်ဆီးဂိုးသမားမင်ဒီကဆွတ်ခူးသွားခဲ့ပါတယ်။

ZawGyi

ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ေဂ်ာ္ဂ်င္ဟိုဆြတ္ခူး

အီတလီႏွင့္ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုဟာခ်ဲလ္ဆီးကစားေဖာ္အန္ဂိုလိုကန္တီ၊မန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းတို႔ကိုေက်ာ္ျဖတ္ကာယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာယခုေႏြရာသီတြင္ဥေရာပေဘာလုံးေလာကရဲ႕အႀကီးအက်ယ္ဆုံးဆုမ်ားျဖစ္တဲ့ခ်န္ပီယံလိဂ္၊ယူ႐ို၂၀၂၀ႏွင့္ဥေရာပစူပါဖလားတို႔အားခ်ဲလ္ဆီး၊အီတလီအသင္းတို႔ႏွင့္အတူဆြတ္ခူးႏိုင္ခဲ့မႈနဲ႔အတူယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာလြန္ခဲ့တဲ့တစ္ရက္ကတည္းကယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားေၾကာင္းသတင္းေပါက္ၾကားခဲ့သူျဖစ္ၿပီးတကယ္တမ္းယူအီးအက္ဖ္ေအကေၾကညာလာခ်ိန္တြင္လည္းတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ယူအီးအက္ဖ္ေအဟာတစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသမီးကစားသမားဆုကိုလည္းေၾကညာခဲ့ရာဘာစီလိုနာအမ်ိဳးသမီးအသင္းစတားအဲလစ္စီယာပူတဲလ္လက္စ္ကဆြတ္ခူးသြားခဲ့ပါတယ္။

ယူအီးအက္ဖ္ေအဟာခ်န္ပီယံလိဂ္တစ္ႏွစ္တာအေကာင္းဆုံးေနရာအလိုက္ဆုမ်ားကိုလည္းေၾကညာခဲ့ပါတယ္။ယူအီးအက္ဖ္ေအရဲ႕ခ်န္ပီယံလိဂ္တစ္ႏွစ္တာအေကာင္းဆုံးတိုက္စစ္မႉးဆုကိုေဒါ့မြန္တိုက္စစ္မႉးဟာလန္းကလည္းေကာင္း၊ခ်န္ပီယံလိဂ္အလယ္တန္းကစားသမားဆုကိုခ်ဲလ္ဆီးကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီကလည္းေကာင္း၊ခ်န္ပီယံလိဂ္အေကာင္းဆုံးေနာက္ခံလူဆုကိုမန္စီးတီးေနာက္ခံလူ႐ူဘင္ဒိုင္ယက္စ္ကလည္းေကာင္း၊ခ်န္ပီယံလိဂ္အေကာင္းဆုံးဂိုးသမားဆုကိုခ်ဲလ္ဆီးဂိုးသမားမင္ဒီကဆြတ္ခူးသြားခဲ့ပါတယ္။