ယူ-၁၈ နှင့်ယူ-၂၁ အသင်းတို့တွင် ကိုဗစ်ပြန့်နှံ့ကူးစက်မှုကြောင့် အကယ်ဒမီအဆောက်အဦကို မန်စီးတီးပိတ်ချ

မန်စီးတီးဟာအကယ်ဒမီလူငယ်ကစားသမားများအကြားတွင်ကိုဗစ်ကူးစက်ပြန့်နှံ့နေခြင်းကြောင့်အကယ်ဒမီအဆောက်အဦတစ်ခုလုံးကိုပိတ်ချလိုက်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးရဲ့ယူ-၁၈အသင်းနှင့်ယူ-၂၁အသင်းတို့မှကစားသမားများအကြားတွင်ကိုဗစ်ကူးစက်မှုဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးဟာအစောပိုင်းတုန်းကလောက်ဘရော့သို့သွားရောက်ကာလေ့ကျင့်ခန်းဆင်းရန်စီစဉ်ထားခဲ့သော်လည်းကစားသမားငါးဦးတို့တွင်ကိုဗစ်တွေ့ရှိပြီးနောက်ယင်းအစီအစဉ်ကိုဖျက်သိမ်းလိုက်ရပါတယ်။

မန်စီးတီးဟာအစောပိုင်းတုန်းကကိုဗစ်နက်ဂတစ်တွေ့တဲ့သူများကိုလေ့ကျင့်ခန်းပြန်ဆင်းခွင့်ပြုခဲ့သော်လည်းထပ်မံစစ်ဆေးရာတွင်ထပ်တွေ့မှုကြောင့်အကယ်ဒမီအဆောက်အဦတစ်ခုလုံးကိုပိတ်ချရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မန်စီးတီးဟာအကယ်ဒမီတစ်ခုလုံးကိုဆေးဖြန်းခြင်းတို့ပြုလုပ်နေပြီးအနည်းဆုံး ၁၀ရက်အထိပိတ်သွားမှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ကိုဗစ်ကူးစက်ကြောင်းတွေ့ရှိရတဲ့မန်စီးတီးလူငယ်ကစားသမားများကိုသီးသန့်နေထိုင်စေလျက်ရှိပြီးအခြေအနေကိုစောင့်ကြည်နေပါတယ်။ကူးစက်ခံလူငယ်များကိုမန်စီးတီးလေ့ကျင့်ရေးကွင်းအဆောက်အဦးတွင်ပင်ထားသော်လည်း စီနီယာကစားသမားများနှင့်ထိတွေ့ရခြင်းမရှိကြောင်းကန့်သတ်မှုပြုလုပ်ထားပါတယ်။

လူငယ်ကစားသမားများတွင်ကိုဗစ်တွေ့ရှိမှုကမန်စီးတီးရဲ့ရာသီကြိုအစီအစဉ်ကိုလည်းထိခိုက်စေလျက်ရှိပါတယ်။မန်စီးတီးနည်းပြဂွါဒီယိုလာဟာဇူလိုင်လ၂၇ရက်နေ့တွင်ပရက်စတန်နော့အင့်နှင့်ကစားမယ့်ရာသီကြိုခြေစမ်းပွဲတွင်လူငယ်ကစားသမားအချို့တို့ကိုစမ်းသပ်သုံးစွဲရန်စီစဉ်ထားခဲ့တာပါ။

ZawGyi

ယူ-၁၈ ႏွင့္ယူ-၂၁ အသင္းတို႔တြင္ ကိုဗစ္ျပန႔္ႏွံ႔ကူးစက္မႈေၾကာင့္ အကယ္ဒမီအေဆာက္အဦကို မန္စီးတီးပိတ္ခ်

မန္စီးတီးဟာအကယ္ဒမီလူငယ္ကစားသမားမ်ားအၾကားတြင္ကိုဗစ္ကူးစက္ျပန႔္ႏွံ႔ေနျခင္းေၾကာင့္အကယ္ဒမီအေဆာက္အဦတစ္ခုလုံးကိုပိတ္ခ်လိုက္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးရဲ႕ယူ-၁၈အသင္းႏွင့္ယူ-၂၁အသင္းတို႔မွကစားသမားမ်ားအၾကားတြင္ကိုဗစ္ကူးစက္မႈျဖစ္ပြားေနတာလည္းျဖစ္ပါတယ္။

မန္စီးတီးဟာအေစာပိုင္းတုန္းကေလာက္ဘေရာ့သို႔သြားေရာက္ကာေလ့က်င့္ခန္းဆင္းရန္စီစဥ္ထားခဲ့ေသာ္လည္းကစားသမားငါးဦးတို႔တြင္ကိုဗစ္ေတြ႕ရွိၿပီးေနာက္ယင္းအစီအစဥ္ကိုဖ်က္သိမ္းလိုက္ရပါတယ္။

မန္စီးတီးဟာအေစာပိုင္းတုန္းကကိုဗစ္နက္ဂတစ္ေတြ႕တဲ့သူမ်ားကိုေလ့က်င့္ခန္းျပန္ဆင္းခြင့္ျပဳခဲ့ေသာ္လည္းထပ္မံစစ္ေဆးရာတြင္ထပ္ေတြ႕မႈေၾကာင့္အကယ္ဒမီအေဆာက္အဦတစ္ခုလုံးကိုပိတ္ခ်ရန္ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

မန္စီးတီးဟာအကယ္ဒမီတစ္ခုလုံးကိုေဆးျဖန္းျခင္းတို႔ျပဳလုပ္ေနၿပီးအနည္းဆုံး ၁၀ရက္အထိပိတ္သြားမွာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ကိုဗစ္ကူးစက္ေၾကာင္းေတြ႕ရွိရတဲ့မန္စီးတီးလူငယ္ကစားသမားမ်ားကိုသီးသန႔္ေနထိုင္ေစလ်က္ရွိၿပီးအေျခအေနကိုေစာင့္ၾကည္ေနပါတယ္။ကူးစက္ခံလူငယ္မ်ားကိုမန္စီးတီးေလ့က်င့္ေရးကြင္းအေဆာက္အဦးတြင္ပင္ထားေသာ္လည္း စီနီယာကစားသမားမ်ားႏွင့္ထိေတြ႕ရျခင္းမရွိေၾကာင္းကန႔္သတ္မႈျပဳလုပ္ထားပါတယ္။

လူငယ္ကစားသမားမ်ားတြင္ကိုဗစ္ေတြ႕ရွိမႈကမန္စီးတီးရဲ႕ရာသီႀကိဳအစီအစဥ္ကိုလည္းထိခိုက္ေစလ်က္ရွိပါတယ္။မန္စီးတီးနည္းျပဂြါဒီယိုလာဟာဇူလိုင္လ၂၇ရက္ေန႔တြင္ပရက္စတန္ေနာ့အင့္ႏွင့္ကစားမယ့္ရာသီႀကိဳေျခစမ္းပြဲတြင္လူငယ္ကစားသမားအခ်ိဳ႕တို႔ကိုစမ္းသပ္သုံးစြဲရန္စီစဥ္ထားခဲ့တာပါ။