ယောင်္ကျားလို့ စွပ်စွဲနေတဲ့ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ကို အီရန်အမျိုးသမီးဂိုးသမားတရားစွဲမည်

အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဂိုးသမားဇိုရီခူဒါယီကသူမအားအမျိုးသားတစ်ဦးဖြစ်တယ်လို့စွပ်စွဲနေတဲ့ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်မှာသူမကို အနိုင်ကျင့်နေခြင်းဖြစ်ကြောင်းတုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ကအီရန်အမျိုးသမီးလက်ရွေးစင်ဂိုးသမားကိုအမျိုးသားတစ်ဦးလို့ယုံကြည်နေပြီးအမျိုးသမီးဟုတ်/မဟုတ်စစ်ဆေးပေးရန် အာရှဘောလုံးအဖွဲ့ချုပ်ကိုတိုင်ချက်ဖွင့်ထားပါတယ်။

စက်တင်ဘာလတုန်းကဂျော်ဒန်နှင့်အမျိုးသမီးအာရှဖလားခြေစစ်ပွဲတွင်အီရန်ဂိုးသမားခူဒါယီဟာပင်နယ်တီအဆုံးအဖြတ်တွင်နှစ်ကြိမ်ကာကွယ်ကာအီရန်ကိုပထမဆုံးအကြိမ်အာရှဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ခဲ့ပါတယ်။

ဒါပေမယ့်လအနည်းငယ်အကြာမှာတော့ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမင်းသားအလီဘင်အယ်ဟူစိန်ကခူဒါယီရဲ့လိင်အစစ်အမှန်ကိုစစ်ဆေးပေးရန် အာရှဘောလုံးအဖွဲ့ချုပ်ထံတောင်းဆိုလာပါတယ်။

ယခုအခါခူဒါယီကဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ရဲ့စွပ်စွဲမှုကိုငြင်းဆိုလိုက်ပြီး ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ကိုတရားစွဲဆိုသွားမှာဖြစ်ကြောင်းတုံ့ပြန်လာပါတယ်။

တူရကီသတင်းစာ Hurriyet နှင့်အင်တာဗျူးမှာခူဒါယီက “ကျွန်မကအမျိုးသမီးတစ်ဦးပါ။ဒါကကျွန်မကိုဂျော်ဒန်ကသက်သက်အနိုင်ကျင့်နေတာပါ။ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ကိုတရားစွဲပါမယ်”လို့ပြောကြားခဲ့ပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်ကလည်း၎င်းတို့မှာပြိုင်ပွဲမတိုင်မီကတည်းကကစားသမားတစ်ဦးချင်းစီတိုင်းကိုစစ်ဆေးမှုပြုလုပ်ထားခဲ့ပြီးဖြစ်ကာပရိသတ်များအနေဖြင့်စိုးရိမ်ခြင်းမရှိကြရန်ကြေညာထားပါတယ်။

ZawGyi

ေယာက်ၤားလို႔ စြပ္စြဲေနတဲ့ ေဂ်ာ္ဒန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကို အီရန္အမ်ိဳးသမီးဂိုးသမားတရားစြဲမည္

အီရန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းဂိုးသမားဇိုရီခူဒါယီကသူမအားအမ်ိဳးသားတစ္ဦးျဖစ္တယ္လို႔စြပ္စြဲေနတဲ့ေဂ်ာ္ဒန္ေဘာလုံးအဖြဲ႕ခ်ဳပ္မွာသူမကို အႏိုင္က်င့္ေနျခင္းျဖစ္ေၾကာင္းတုံ႔ျပန္ေျပာၾကားလိုက္ပါတယ္။

ေဂ်ာ္ဒန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကအီရန္အမ်ိဳးသမီးလက္ေ႐ြးစင္ဂိုးသမားကိုအမ်ိဳးသားတစ္ဦးလို႔ယုံၾကည္ေနၿပီးအမ်ိဳးသမီးဟုတ္/မဟုတ္စစ္ေဆးေပးရန္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ကိုတိုင္ခ်က္ဖြင့္ထားပါတယ္။

စက္တင္ဘာလတုန္းကေဂ်ာ္ဒန္ႏွင့္အမ်ိဳးသမီးအာရွဖလားေျခစစ္ပြဲတြင္အီရန္ဂိုးသမားခူဒါယီဟာပင္နယ္တီအဆုံးအျဖတ္တြင္ႏွစ္ႀကိမ္ကာကြယ္ကာအီရန္ကိုပထမဆုံးအႀကိမ္အာရွဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္စြမ္းေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္လအနည္းငယ္အၾကာမွာေတာ့ေဂ်ာ္ဒန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌမင္းသားအလီဘင္အယ္ဟူစိန္ကခူဒါယီရဲ႕လိင္အစစ္အမွန္ကိုစစ္ေဆးေပးရန္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ထံေတာင္းဆိုလာပါတယ္။

ယခုအခါခူဒါယီကေဂ်ာ္ဒန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စြပ္စြဲမႈကိုျငင္းဆိုလိုက္ၿပီး ေဂ်ာ္ဒန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုတရားစြဲဆိုသြားမွာျဖစ္ေၾကာင္းတုံ႔ျပန္လာပါတယ္။

တူရကီသတင္းစာ Hurriyet ႏွင့္အင္တာဗ်ဴးမွာခူဒါယီက “ကြၽန္မကအမ်ိဳးသမီးတစ္ဦးပါ။ဒါကကြၽန္မကိုေဂ်ာ္ဒန္ကသက္သက္အႏိုင္က်င့္ေနတာပါ။ေဂ်ာ္ဒန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုတရားစြဲပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အီရန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း၎တို႔မွာၿပိဳင္ပြဲမတိုင္မီကတည္းကကစားသမားတစ္ဦးခ်င္းစီတိုင္းကိုစစ္ေဆးမႈျပဳလုပ္ထားခဲ့ၿပီးျဖစ္ကာပရိသတ္မ်ားအေနျဖင့္စိုးရိမ္ျခင္းမရွိၾကရန္ေၾကညာထားပါတယ္။