ရက်ဖို့ဒ်ကို ဘက်ပေးထက်ပိုကောင်းတဲ့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်အောင် ပျိုးထောင်ပေးမည်ဟု အဲရစ်တန်ဟက်ကတိပြု

အဲရစ်တန်ဟက်ကမားကပ်စ်ရက်ဖို့ဒ်ကိုကိုင်လီယန်ဘက်ပေးကိုကျော်တက်ကာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာအောင်ပြုစုပျိုးထောင်ပေးနိုင်ကြောင်းပြောကြားလာပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်ဘက်ပေးဦးဆောင်တဲ့ပြင်သစ်ကိုရှုံးနိမ့်ကာအိမ်ပြန်ခဲ့ရပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ပါဝင်ပါတယ်။

ဒါပေမဲ့ပီအက်စ်ဂျီဟာမားကပ်စ်ရက်ဖို့ဒ်ကိုခေါ်ယူရေးအစွမ်းကုန်ကြိုးပမ်းရန်စီစဉ်နေကြောင်းသတင်းထွက်နေပါတယ်။

ဒါပေမဲ့ရက်ဖို့ဒ်နှင့်လေးလကြာအလုပ်လုပ်ရသေးတဲ့အဲရစ်တန်ဟက်က”စတွေ့ကတည်းကအလားအလာအများကြီးရှိတာတွေ့လိုက်ရတယ်။အခုဆိုသူ့အလားအလာကိုမြင်နေရပါပြီ။မားကပ်စ်ရဲ့အကောင်းဆုံးနေရာကခံစစ်လိုင်းရဲ့နောက်ကနေရာပါ။အဲဒီနေရာမှာသူ့လောက်ကောင်းသူရှားတယ်။အခုတော့ဘက်ပေးကအကောင်းဆုံးပေါ့။သူ့လိုမျိုးကစားသမားပဲ။ဒါပေမဲ့အခုသူ့ရဲ့ဘောလုံးပိုင်ဆိုင်မှုမရှိတဲ့အချိန်မှာနေရာယူမှုပါအရမ်းကောင်းနေတယ်။အဲဒီနေရာမှာပိုကောင်းလာနေတယ်။ဝေးလ်နဲ့ပွဲမှာဒုတိယဂိုးကိုကြည့်လိုက်။သူဘောလုံးရယူတယ်ပြီးရင်ဖီးလ်ဖိုဒန်ကအဆုံးသတ်တယ်။သူအဲဒီလုပ်တာအမြဲတွေ့တယ်။ပထမဖိအားပေးမှုနဲ့ပေါ့။အင်္ဂလန်အတွက်လည်းကောင်းကောင်းကစားပေးခဲ့တယ်။ကျွန်တော်တို့အတွက်ဆိုရင်ဝက်စ်ဟမ်းနဲ့ပွဲမှာခေါင်းတိုက်ဂိုးလိုမျိုးသွင်းလာနိုင်မယ်တောင်မထင်ထားဘူး။သူ့အမြင့်ဘောခေါင်းတိုက်မှုမှာလေ့ကျင့်နေတယ်။သူကခံစစ်လိုင်းရဲ့ပုခုံးမှာစားနေသူပါ။အခြေအနေကြုံရင်ချက်ချင်းသူရောက်လာတတ်တယ်။သူ့ကိုတားဖို့အရမ်းခက်တယ်”လို့ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်စပိန်သို့သွားရောက်ကာဆောင်းရာသီလေ့ကျင့်ခန်းဆင်းမှုပြုလုပ်နေပြီး ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာနှစ်ပွဲလုံးရှုံးနိမ့်ထားပါတယ်။

ယူနိုက်တက်ဟာကြာသပတေးနေ့တုန်းကကာဒစ်ဖ်ကို၄-၂ဖြင့်ရှုံးနိမ့်ပြီးနောက်မနေ့ညတုန်းကလည်းဘက်တစ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

ရက္ဖို႔ဒ္ကို ဘက္ေပးထက္ပိုေကာင္းတဲ့ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးျဖစ္ေအာင္ ပ်ိဳးေထာင္ေပးမည္ဟု အဲရစ္တန္ဟက္ကတိျပဳ

အဲရစ္တန္ဟက္ကမားကပ္စ္ရက္ဖို႔ဒ္ကိုကိုင္လီယန္ဘက္ေပးကိုေက်ာ္တက္ကာကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးတစ္ဦးျဖစ္လာေအာင္ျပဳစုပ်ိဳးေထာင္ေပးႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္ဘက္ေပးဦးေဆာင္တဲ့ျပင္သစ္ကိုရႈံးနိမ့္ကာအိမ္ျပန္ခဲ့ရပါတယ္။

မားကပ္စ္ရက္ဖို႔ဒ္ဟာယခုရာသီအကုန္တြင္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မဲ့အခ်က္ပါဝင္ပါတယ္။

ဒါေပမဲ့ပီအက္စ္ဂ်ီဟာမားကပ္စ္ရက္ဖို႔ဒ္ကိုေခၚယူေရးအစြမ္းကုန္ႀကိဳးပမ္းရန္စီစဥ္ေနေၾကာင္းသတင္းထြက္ေနပါတယ္။

ဒါေပမဲ့ရက္ဖို႔ဒ္ႏွင့္ေလးလၾကာအလုပ္လုပ္ရေသးတဲ့အဲရစ္တန္ဟက္က”စေတြ႕ကတည္းကအလားအလာအမ်ားႀကီးရွိတာေတြ႕လိုက္ရတယ္။အခုဆိုသူ႔အလားအလာကိုျမင္ေနရပါၿပီ။မားကပ္စ္ရဲ႕အေကာင္းဆုံးေနရာကခံစစ္လိုင္းရဲ႕ေနာက္ကေနရာပါ။အဲဒီေနရာမွာသူ႔ေလာက္ေကာင္းသူရွားတယ္။အခုေတာ့ဘက္ေပးကအေကာင္းဆုံးေပါ့။သူ႔လိုမ်ိဳးကစားသမားပဲ။ဒါေပမဲ့အခုသူ႔ရဲ႕ေဘာလုံးပိုင္ဆိုင္မႈမရွိတဲ့အခ်ိန္မွာေနရာယူမႈပါအရမ္းေကာင္းေနတယ္။အဲဒီေနရာမွာပိုေကာင္းလာေနတယ္။ေဝးလ္နဲ႔ပြဲမွာဒုတိယဂိုးကိုၾကည့္လိုက္။သူေဘာလုံးရယူတယ္ၿပီးရင္ဖီးလ္ဖိုဒန္ကအဆုံးသတ္တယ္။သူအဲဒီလုပ္တာအၿမဲေတြ႕တယ္။ပထမဖိအားေပးမႈနဲ႔ေပါ့။အဂၤလန္အတြက္လည္းေကာင္းေကာင္းကစားေပးခဲ့တယ္။ကြၽန္ေတာ္တို႔အတြက္ဆိုရင္ဝက္စ္ဟမ္းနဲ႔ပြဲမွာေခါင္းတိုက္ဂိုးလိုမ်ိဳးသြင္းလာႏိုင္မယ္ေတာင္မထင္ထားဘူး။သူ႔အျမင့္ေဘာေခါင္းတိုက္မႈမွာေလ့က်င့္ေနတယ္။သူကခံစစ္လိုင္းရဲ႕ပုခုံးမွာစားေနသူပါ။အေျခအေနႀကဳံရင္ခ်က္ခ်င္းသူေရာက္လာတတ္တယ္။သူ႔ကိုတားဖို႔အရမ္းခက္တယ္”လို႔ေျပာၾကားသြားပါတယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္စပိန္သို႔သြားေရာက္ကာေဆာင္းရာသီေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ေနၿပီး ေျခစမ္းပြဲႏွစ္ပြဲကစားခဲ့ရာႏွစ္ပြဲလုံးရႈံးနိမ့္ထားပါတယ္။

ယူႏိုက္တက္ဟာၾကာသပေတးေန႔တုန္းကကာဒစ္ဖ္ကို၄-၂ျဖင့္ရႈံးနိမ့္ၿပီးေနာက္မေန႔ညတုန္းကလည္းဘက္တစ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။