ရက်ဖို့ဒ်၊ ဒါလော့၊ ဖရက်နှင့် လုခ်ရှောတို့ကို စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာမားကပ်စ်ရက်ဖို့ဒ်အပါအဝင်ကစားသမား၄ဦးတို့ကိုစာချုပ်ပါအချက်အတိုင်းစာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းနည်းပြအဲရစ်တန်ဟက်ကအတည်ပြုသွားပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကမားကပ်စ်ရက်ဖို့ဒ်၊ဒီယေဂိုဒါလော့၊ဖရက်နှင့်လုခ်ရှောတို့ကိုစာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ကြောင်းအတည်ပြုသွားတာပဲဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “ဟုတ်ပါတယ်။ဒါကိုကျွန်တော်အတည်ပြုနိုင်ပါတယ်။ဒီအသင်းကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာသွားနေလို့ဝမ်းသာနေပါတယ်။ဒီကစားသမားတွေဟာဒီလမ်းကြောင်းပေါ်မှာအရေးပါတဲ့သူတွေဖြစ်ပါတယ်။ကျွန်‌တော်တို့ပိုကောင်းချင်တယ္။ဒီကစားသမားတွေရဲ့ထောက်ပံ့မှုလိုချင်တယ်။သူတို့ကိုကျွန်တော်တို့ရဲ့တိုးတက်မှုမှာဆက်လက်ပါဝင်စေချင်ပါတယ်။ဒါကြောင့်လည်းဒီလိုဆုံးဖြတ်ချက်တွေချလိုက်တာပါ။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဆိုတာသေချာပါတယ်”လို့ပြောကြားသွားပါတယ်။

ရက်ဖို့ဒ်၊ဒါလော့၊လုခ်ရှောနှင့်ဖရက်တို့ဟာယခုရာသီအကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ပါဝင်ကြပါတယ်။

တကယ်လို့ ယူနိုက်တက်ဘက်ကစာချုပ်သက်တမ်းမတိုးလိုပါက၎င်းတို့အနေဖြင့်လာမယ့်ဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်နှင့်ဆွေးနွေးမှုပြုလုပ်နိုင်ပါတယ်။

တဖက်တွင်ယူနိုက်တက်ဟာစပိန်ဂိုးသမားဒီဂီယာကိုလည်းစာချုပ်သက်တမ်းတိုးရန်ဆွေးနွေးနေပါတယ်။ဒီဂီယာဟာယူနိုက်တက်နှင့်စာချုပ်ခြောက်လသက်တမ်းသာကျန်တော့သူလည်းဖြစ်ပါတယ်။

ZawGyi

ရက္ဖို႔ဒ္၊ ဒါေလာ့၊ ဖရက္ႏွင့္ လုခ္ေရွာတို႔ကို စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္တဲ့ ယူႏိုက္တက္

ယူႏိုက္တက္ဟာမားကပ္စ္ရက္ဖို႔ဒ္အပါအဝင္ကစားသမား၄ဦးတို႔ကိုစာခ်ဳပ္ပါအခ်က္အတိုင္းစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္းနည္းျပအဲရစ္တန္ဟက္ကအတည္ျပဳသြားပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကမားကပ္စ္ရက္ဖို႔ဒ္၊ဒီေယဂိုဒါေလာ့၊ဖရက္ႏွင့္လုခ္ေရွာတို႔ကိုစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ေၾကာင္းအတည္ျပဳသြားတာပဲျဖစ္ပါတယ္။

အဲရစ္တန္ဟက္က “ဟုတ္ပါတယ္။ဒါကိုကြၽန္ေတာ္အတည္ျပဳႏိုင္ပါတယ္။ဒီအသင္းကိုမွန္ကန္တဲ့လမ္းေၾကာင္းေပၚမွာသြားေနလို႔ဝမ္းသာေနပါတယ္။ဒီကစားသမားေတြဟာဒီလမ္းေၾကာင္းေပၚမွာအေရးပါတဲ့သူေတြျဖစ္ပါတယ္။ကြၽန္‌ေတာ္တို႔ပိုေကာင္းခ်င္တယ္။ဒီကစားသမားေတြရဲ႕ေထာက္ပံ့မႈလိုခ်င္တယ္။သူတို႔ကိုကြၽန္ေတာ္တို႔ရဲ႕တိုးတက္မႈမွာဆက္လက္ပါဝင္ေစခ်င္ပါတယ္။ဒါေၾကာင့္လည္းဒီလိုဆုံးျဖတ္ခ်က္ေတြခ်လိုက္တာပါ။မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြဆိုတာေသခ်ာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရက္ဖို႔ဒ္၊ဒါေလာ့၊လုခ္ေရွာႏွင့္ဖရက္တို႔ဟာယခုရာသီအကုန္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မဲ့အခ်က္ပါဝင္ၾကပါတယ္။

တကယ္လို႔ ယူႏိုက္တက္ဘက္ကစာခ်ဳပ္သက္တမ္းမတိုးလိုပါက၎တို႔အေနျဖင့္လာမယ့္ဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ႏိုင္ပါတယ္။

တဖက္တြင္ယူႏိုက္တက္ဟာစပိန္ဂိုးသမားဒီဂီယာကိုလည္းစာခ်ဳပ္သက္တမ္းတိုးရန္ေဆြးေႏြးေနပါတယ္။ဒီဂီယာဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ေျခာက္လသက္တမ္းသာက်န္ေတာ့သူလည္းျဖစ္ပါတယ္။