ရက်သတ္တပတ်အနည်းငယ်ကြာ ဗာရိန်း နားရမည်ဖြစ်၍ ဗဟိုခံစစ်ပြဿနာနှင့် ကြုံလာရတဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်အသင်းကဗဟိုနောက်ခံလူရာဖေးလ်ဗာရိန်းမှာပေါင်ခြံဒဏ်ရာကြောင့်ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ပြင်သစ်နောက်ခံလူဟာပြီးခဲ့တဲ့အပတ်တုန်းကစပိန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဗိုလ်လုပွဲတွင်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဗာရိန်းဟာမည်သူနဲ့မျှထိခိုက်မှုမရှိဘဲ မတော်တဆဒဏ်ရာရရှိခဲ့တာဖြစ်ကာပထမပိုင်းတွင်ပင်လူစားလဲခဲ့ရပါတယ်။

သူဟာအင်္ဂါနေ့တုန်းကမန်ချက်စတာယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်လာကာဒဏ်ရာကိုစစ်ဆေးမှုခံယူခဲ့ရာပေါင်ခြံကြွက်သားဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရပါတယ်။

ဒါကြောင့်မန်ယူဟာအောက်တိုဘာလလကုန်အထိပြင်သစ်နောက်ခံလူဗာရိန်းအားသုံးလာနိုင်ဖို့မရှိတော့ပါဘူး။လက်ရှိအချိန်တွင်မန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားမှာလည်းခြေသလုံးဒဏ်ရာကြောင့်အနားယူနေကာမန်ယူရဲ့နောက်ဆုံးပွဲသုံးပွဲကိုလွဲချော်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့်လည်းမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်ယခုအပတ်အကုန်တွင်ကစားရမယ့်လက်စတာနှင့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာလင်ဒီလော့ဖ်နှင့်အဲရစ်ဘိုင်လီတို့ ခံစစ်အတွဲအားအသုံးပြုလာဖို့ရှိနေပါတယ်။

ZawGyi

ရက်သတ္တပတ်အနည်းငယ်ကြာ ဗာရိန်း နားရမည်ဖြစ်၍ ဗဟိုခံစစ်ပြဿနာနှင့် ကြုံလာရတဲ့ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္အသင္းကဗဟိုေနာက္ခံလူရာေဖးလ္ဗာရိန္းမွာေပါင္ၿခံဒဏ္ရာေၾကာင့္ရက္သတၱပတ္အနည္းငယ္ၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ျပင္သစ္ေနာက္ခံလူဟာၿပီးခဲ့တဲ့အပတ္တုန္းကစပိန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ဗိုလ္လုပြဲတြင္ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

ဗာရိန္းဟာမည္သူနဲ႔မွ်ထိခိုက္မႈမရွိဘဲ မေတာ္တဆဒဏ္ရာရရွိခဲ့တာျဖစ္ကာပထမပိုင္းတြင္ပင္လူစားလဲခဲ့ရပါတယ္။

သူဟာအဂၤါေန႔တုန္းကမန္ခ်က္စတာယူႏိုက္တက္ရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ ေရာက္လာကာဒဏ္ရာကိုစစ္ေဆးမႈခံယူခဲ့ရာေပါင္ၿခံႂကြက္သားဒဏ္ရာရရွိခဲ့ေၾကာင္းေတြ႕ရပါတယ္။

ဒါေၾကာင့္မန္ယူဟာေအာက္တိုဘာလလကုန္အထိျပင္သစ္ေနာက္ခံလူဗာရိန္းအားသုံးလာႏိုင္ဖို႔မရွိေတာ့ပါဘူး။လက္ရွိအခ်ိန္တြင္မန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားမွာလည္းေျခသလုံးဒဏ္ရာေၾကာင့္အနားယူေနကာမန္ယူရဲ႕ေနာက္ဆုံးပြဲသုံးပြဲကိုလြဲေခ်ာ္ထားၿပီးျဖစ္ပါတယ္။

ဒါေၾကာင့္လည္းမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားအေနျဖင့္ယခုအပတ္အကုန္တြင္ကစားရမယ့္လက္စတာႏွင့္ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာလင္ဒီေလာ့ဖ္ႏွင့္အဲရစ္ဘိုင္လီတို႔ ခံစစ္အတြဲအားအသုံးျပဳလာဖို႔ရွိေနပါတယ္။