ရက် ၃၀၀ ဆက်တိုက် မက်ဆေ့ချ်ပို့တဲ့ ပရိသတ်ကို တုံ့ပြန်မှု ပြုလုပ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်စတားဘရူနိုဖာနန်ဒက်စ်ဟာသူ့ကိုရက်၃၀၀ဆက်တိုက်တွစ်တာတွင်စာရေးသားလာတဲ့ပရိသတ်တစ်ဦးအားSurprise ပြုလုပ်လာပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးဟာဘရူနိုဖာနန်ဒက်စ်ကို ရက်၃၀၀ဆက်တိုက်မက်ဆေ့ချ်များပို့ကာအာရုံစိုက်ခြင်းခံရအောင်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါဘရူနိုဖာနန်ဒက်စ်ကယင်းပရိသတ်ကိုဗီဒီယိုဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးလက်မှတ်ရေးထိုးထားတဲ့အင်္ကျီတစ်ထည်လက်ဆောင်ပေးပို့မယ်လို့ကတိပြုလာပါတယ်။

ယူနိုက်တက်ရဲ့ကျောနံပါတ်၈ကစားသမားကဖေဖော်ဝါရီလတုန်းကသူ့ကိုရက်ပေါင်း၂၈၀ဆက်တိုက်မက်ဆေ့ချ်ပို့တဲ့ယင်းပရိသတ်ကိုရက်၃၀၀ပြည့်ပါကလက်မှတ်ထိုးထားတဲ့အင်္ကျီလက်ဆောင်ပေးမယ်လို့ကတိပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့တစ်လကျော်ကြာမြင့်တဲ့အထိဘရူနိုဖာနန်ဒက်စ်ဘက်ကတုံ့ပြန်မှုမရခဲ့ပါဘူး။ဒါပေမဲ့ပေါ်တူဂီစတားဟာယင်းပရိသတ်ကိုဗီဒီယိုဖုန်းခေါ်ဆိုမှုပြုလုပ်ကာလက်မှတ်ထိုးထားတဲ့အင်္ကျီပေးပို့မဲ့အကြောင်းအသိပေးလာပါတယ်။

ယင်းပရိသတ်ဟာလည်းဘရူနိုဖာနန်ဒက်စ်ထံမှဖုန်းခေါ်ဆိုမှုရရှိမှုကြောင့်အကြီးအကျယ့်အံ့ဩမင်သက်နေခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာယင်းပရိသတ်ကိုအိုးထရက်ဖို့ဒ်သို့လာရောက်လည်ပတ်ဖို့လည်းဖိတ်ခေါ်ခဲ့ပါတယ်။ဒါကြောင့်ယင်းပရိသတ်အနေဖြင့်ဘရူနိုဖာနန်ဒက်စ်လက်မှတ်ထိုးပေးထားတဲ့အင်္ကျီကိုဝတ်ဆင်လာနိုင်ပါမယ်။

ဘရူနိုဖာနန်ဒက်စ်ဟာနည်းပြအဲရစ်တန်ဟက်လက်ထက်တွင်လည်းအဓိကကစားသမားအဖြစ်ခြေစွမ်းပြနေပြီးပြိုင်ပွဲအရပ်ရပ်တွင်၁၀ဂိုးသွင်းကာ၁၂ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။