ရက် ၅၀၀ ကြာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်လိုက်၍ ကိန်းဝမ်းသာ

ဟယ်ရီကိန်းကတနင်္ဂနွေနေ့တုန်းကအယ်ဘေးနီးယားအားအနိုင်ရရှိတဲ့ပွဲတွင်နိုင်ငံတကာဂိုးရက်၅၀၀ကြာပျောက်မှုအားအဆုံးသတ်လိုက်နိုင်၍ဝမ်းသာကြောင်းပြောကြားလိုက်ပါတယ်။

စပါးစ်တိုက်စစ်မှူးဟာအယ်ဘေးနီးယားအား၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်ရဲ့ပထမပိုင်းမှာလုခ်ရှောရဲ့ဖြတ်တင်ဘောမှတဆင့်အင်္ဂလန်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ယင်းနိုင်ပွဲကြောင့်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲလုံးအနိုင်ရရှိထားပါတယ်။၎င်းတို့ဟာဗုဒ္ဓဟူးနေ့မှာပိုလန်အသင်းအားရင်ဆိုင်ရပါမယ်။

နိုင်ငံတကာဂိုး၃၃ဂိုးမြောက်ဂိုးအားသွင်းယူနိုင်ရန်တစ်နှစ်ကျော်ကြာအချိန်ယူခဲ့ရတဲ့ဟယ်ရီကိန်းက “တိုက်စစ်မှူးတစ်ယောက်ဆိုတာအမြဲတမ်းလုပ်တဲ့ဖြစ်တဲ့ကာလမျိုးရှိသလိုမဖြစ်တဲ့ကာလမျိုးလည်း ရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ရက္ ၅၀၀ ၾကာ ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္လိုက္၍ ကိန္းဝမ္းသာ

ဟယ္ရီကိန္းကတနဂၤေႏြေန႔တုန္းကအယ္ေဘးနီးယားအားအႏိုင္ရရွိတဲ့ပြဲတြင္ႏိုင္ငံတကာဂိုးရက္၅၀၀ၾကာေပ်ာက္မႈအားအဆုံးသတ္လိုက္ႏိုင္၍ဝမ္းသာေၾကာင္းေျပာၾကားလိုက္ပါတယ္။

စပါးစ္တိုက္စစ္မႉးဟာအယ္ေဘးနီးယားအား၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္ရဲ႕ပထမပိုင္းမွာလုခ္ေရွာရဲ႕ျဖတ္တင္ေဘာမွတဆင့္အဂၤလန္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ယင္းႏိုင္ပြဲေၾကာင့္ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲလုံးအႏိုင္ရရွိထားပါတယ္။၎တို႔ဟာဗုဒၶဟူးေန႔မွာပိုလန္အသင္းအားရင္ဆိုင္ရပါမယ္။

ႏိုင္ငံတကာဂိုး၃၃ဂိုးေျမာက္ဂိုးအားသြင္းယူႏိုင္ရန္တစ္ႏွစ္ေက်ာ္ၾကာအခ်ိန္ယူခဲ့ရတဲ့ဟယ္ရီကိန္းက “တိုက္စစ္မႉးတစ္ေယာက္ဆိုတာအၿမဲတမ္းလုပ္တဲ့ျဖစ္တဲ့ကာလမ်ိဳးရွိသလိုမျဖစ္တဲ့ကာလမ်ိဳးလည္း ရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။