ရင်ဆိုင်ခဲ့တဲ့ဖူးပွဲတိုင်း ယုန်သူငယ်လို ဖြစ်နေတဲ့ ရော်နယ်ဒိုကို ကြောက်လန့် စိုးရိမ်နေတဲ့ ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာဟာမန်ချက်စတာဒါဘီပွဲမတိုင်မီခရစ္စတီယာနိုရော်နယ်ဒိုကိုသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးလို့ချီးကျူးသွားခဲ့ပါတယ်။

ဒါပေမယ့်တကယ်တမ်းမှာတော့ပေါ်တူဂီတိုက်စစ်သမားဟာသူ့ရဲ့ရန်သူတော်ဟောင်းဂွါဒီယိုလာနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာအားရစရာကောင်းတဲ့မှတ်တမ်းမရှိပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပက်ဂွါဒီယိုလာကိုင်တွယ်တဲ့အသင်းနဲ့၁၆ကြိမ်တိတိရင်ဆိုင်ခဲ့ရရာမှာ၄ကြိမ်တည်းသာအနိုင်ရထားပြီး၈ကြိမ်အထိရှုံးနိမ့်ထားပါတယ်။ဒါပေမယ့်ရီးရဲလ်မက်ဒရစ်စတားဟောင်းဟာဂွါဒီယိုလာရဲ့အသင်းဘက်သို့၇ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

၎င်းတို့နှစ်ဦးဟာစနေနေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာမန်ချက်စတာဒါဘီအဖြစ် ထိပ်တိုက်တွေ့ကြပါမယ်။

ဂွါဒီယိုလာက “ယူနိုက်တက်ပွဲ(အတ္တလန္တာ)ကိုမကြည့်ပါဘူး။ဒီပွဲကိုကြည့်ပြီးဆန်းစစ်ပါမယ်။သူတို့ဘယ်လောက်ကောင်းလဲဆိုတာသိထားတော့သူတို့ဘာလုပ်လဲကြည့်ပါမယ်။ပြီးခဲ့တဲ့နှစ်ကလည်းမြင်ခဲ့ရပြီးပါပြီ။သူတို့မှာဂိုးသွင်းစက်တစ်လုံးဖြစ်တဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ဦးကိုပိုင်ဆိုင်ထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာဂွါဒီယိုလာနှင့်ထိပ်တိုက်တွေ့ခဲ့တဲ့အစဉ်အရရုန်းကန်ရပေမယ့်၁၂နှစ်ကြာဝေးကွာနေတဲ့မန်ယူသို့ပြန်လည်ရောက်လာပြီးနောက်အကောင်းဆုံးပုံစံဆက်လက်ပြသနေသူဖြစ်ပါတယ်။သူဟာယခုရာသီမှာမန်ယူအတွက်၁၁ပွဲကစားထားရာမှာ၉ဂိုးသွင်းယူထားပါတယ်။

ရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်မှာ၉နှစ်ကြာကစားစဉ်အတွင်းဂွါဒီယိုလာကိုင်တွယ်တဲ့ဘာစီလိုနာနှင့်အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။၎င်းတို့နောက်ဆုံးအကြိမ်ထိပ်တိုက်တွေ့တာ၂၀၁၄ခုနှစ်တုန်းကဘိုင်ယန်ကိုဂွါဒီယိုလာကိုင်တွယ်တုန်းကဖြစ်ပါတယ်။ထိုစဉ်တုန်းကရီးရဲလ်မက်ဒရစ်ကချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာဖြစ်ပြီး၄-၀ဂိုးဖြင့်အနိုင်ရရှိကာရော်နယ်ဒိုလည်းဂိုးသွင်းခဲ့ပါတယ်။

မန်ယူမှာရော်နယ်ဒိုကစားစဉ်တုန်းကဂွါဒီယိုလာကိုနောက်ဆုံးရင်ဆိုင်ခဲ့တာ၂၀၀၉ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဖြစ်ပြီးဘာကာကမန်ယူကို၂-၀ဂိုးဖြင့်အလွယ်တကူအနိုင်ယူခဲ့ပါတယ်။

ZawGyi

ရင္ဆိုင္ခဲ့တဲ့ဖူးပြဲတိုင္း ယုန္သူငယ္လို ျဖစ္ေနတဲ့ ေရာ္နယ္ဒိုကို ေၾကာက္လန႔္ စိုးရိမ္ေနတဲ့ ဂြါဒီယိုလာ

ပက္ဂြါဒီယိုလာဟာမန္ခ်က္စတာဒါဘီပြဲမတိုင္မီခရစၥတီယာႏိုေရာ္နယ္ဒိုကိုသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးလို႔ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဒါေပမယ့္တကယ္တမ္းမွာေတာ့ေပၚတူဂီတိုက္စစ္သမားဟာသူ႔ရဲ႕ရန္သူေတာ္ေဟာင္းဂြါဒီယိုလာနဲ႔ရင္ဆိုင္ခဲ့တဲ့ပြဲေတြမွာအားရစရာေကာင္းတဲ့မွတ္တမ္းမရွိပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပက္ဂြါဒီယိုလာကိုင္တြယ္တဲ့အသင္းနဲ႔၁၆ႀကိမ္တိတိရင္ဆိုင္ခဲ့ရရာမွာ၄ႀကိမ္တည္းသာအႏိုင္ရထားၿပီး၈ႀကိမ္အထိရႈံးနိမ့္ထားပါတယ္။ဒါေပမယ့္ရီးရဲလ္မက္ဒရစ္စတားေဟာင္းဟာဂြါဒီယိုလာရဲ႕အသင္းဘက္သို႔၇ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

၎တို႔ႏွစ္ဦးဟာစေနေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာမန္ခ်က္စတာဒါဘီအျဖစ္ ထိပ္တိုက္ေတြ႕ၾကပါမယ္။

ဂြါဒီယိုလာက “ယူႏိုက္တက္ပြဲ(အတၱလႏၲာ)ကိုမၾကည့္ပါဘူး။ဒီပြဲကိုၾကည့္ၿပီးဆန္းစစ္ပါမယ္။သူတို႔ဘယ္ေလာက္ေကာင္းလဲဆိုတာသိထားေတာ့သူတို႔ဘာလုပ္လဲၾကည့္ပါမယ္။ၿပီးခဲ့တဲ့ႏွစ္ကလည္းျမင္ခဲ့ရၿပီးပါၿပီ။သူတို႔မွာဂိုးသြင္းစက္တစ္လုံးျဖစ္တဲ့သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားတစ္ဦးကိုပိုင္ဆိုင္ထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာဂြါဒီယိုလာႏွင့္ထိပ္တိုက္ေတြ႕ခဲ့တဲ့အစဥ္အရ႐ုန္းကန္ရေပမယ့္၁၂ႏွစ္ၾကာေဝးကြာေနတဲ့မန္ယူသို႔ျပန္လည္ေရာက္လာၿပီးေနာက္အေကာင္းဆုံးပုံစံဆက္လက္ျပသေနသူျဖစ္ပါတယ္။သူဟာယခုရာသီမွာမန္ယူအတြက္၁၁ပြဲကစားထားရာမွာ၉ဂိုးသြင္းယူထားပါတယ္။

ေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္မွာ၉ႏွစ္ၾကာကစားစဥ္အတြင္းဂြါဒီယိုလာကိုင္တြယ္တဲ့ဘာစီလိုနာႏွင့္အႀကိမ္ႀကိမ္ေတြ႕ဆုံခဲ့ဖူးပါတယ္။၎တို႔ေနာက္ဆုံးအႀကိမ္ထိပ္တိုက္ေတြ႕တာ၂၀၁၄ခုႏွစ္တုန္းကဘိုင္ယန္ကိုဂြါဒီယိုလာကိုင္တြယ္တုန္းကျဖစ္ပါတယ္။ထိုစဥ္တုန္းကရီးရဲလ္မက္ဒရစ္ကခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့မွာျဖစ္ၿပီး၄-၀ဂိုးျဖင့္အႏိုင္ရရွိကာေရာ္နယ္ဒိုလည္းဂိုးသြင္းခဲ့ပါတယ္။

မန္ယူမွာေရာ္နယ္ဒိုကစားစဥ္တုန္းကဂြါဒီယိုလာကိုေနာက္ဆုံးရင္ဆိုင္ခဲ့တာ၂၀၀၉ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာျဖစ္ၿပီးဘာကာကမန္ယူကို၂-၀ဂိုးျဖင့္အလြယ္တကူအႏိုင္ယူခဲ့ပါတယ္။