ရည်စားဟောင်းကို ထောက်ပံ့စရိတ်မပေးလို့ မွေးရပ်မြေဘရာဇီးမှာ ထောင်နန်းစံရကိန်းဆိုက်နေပြန်တဲ့ ရော်နယ်ဒင်ဟို

ဘာစီလိုနာနှင့်အေစီမီလန်စတားဟောင်းရော်နယ်ဒင်ဟိုဟာရည်းစားဟောင်းတစ်ဦးကိုထောက်ပံ့စရိတ်မပေးမှုကြောင့်နောက်ထပ်တစ်ကြိမ် ထောင်နန်းစံရကိန်းဆိုက်နေပြန်ပါတယ်။

ဘရာဇီးမီဒီယာများရဲ့ဖော်ပြချက်အရအသက်၄၁နှစ်ရှိရော်နယ်ဒင်ဟိုအနေဖြင့်ဒီဇင်ဘာလ၁ရက်နေ့နောက်ဆုံးထားကာရည်းစားဟောင်းပဲရစ်ဆယ်လာနှင့်ညှိနှိုင်းဖြေရှင်းခြင်းမပြုလုပ်ကာပိုင်ဆိုင်မှုသိမ်းဆည်းခံရခြင်း၊ထောင်ချခံရခြင်းတို့ကြုံတွေ့ရမှာဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဂန္ထဝင်ကစားသမားဟာပြီးခဲ့တဲ့နှစ်တုန်းကပါရာဂွေးသို့ပတ်စ်ပို့တုဖြင့်ဝင်ရောက်ရန်ကြိုးပမ်းမှုအတွက်ဖမ်းဆီးထောင်ချခံခဲ့ရသူဖြစ်ပါတယ်။လက်ရှိအချိန်တွင်သူဟာဒူဘိုင်းမှာရှိနေတယ်လို့ယူဆရပါတယ်။

၂၀၁၈ခုနှစ်တုန်းကရော်နယ်ဒင်ဟိုဟာပဲရစ်ဆယ်လာနှင့်အတူ အခြားအမျိုးသမီးတစ်ဦးဖြစ်သူ ဘီယာထရစ်ဇ်ဆူဆာအမည်ရှိအမျိုးသမီးနှင့်တွဲနေချိန်ဖြစ်ပါတယ်။သူဟာယင်းအမျိုးသမီးနှစ်ဦးတို့ကိုတပြိုင်တည်းလက်ထပ်မယ်လို့သတင်းထွက်ခဲ့ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာရော်နယ်ဒင်ဟိုကယင်းသတင်းကိုငြင်းဆိုခဲ့ပါတယ်။

နောက်တစ်နှစ်အကြာမှာတော့ပဲရစ်ဆယ်လာကိုရော်နယ်ဒင်ဟိုနှင့်တွဲလျက်တွေ့ရပါတယ်။ထိုစဉ်ကရော်နယ်ဒင်ဟိုဟာဘီလိုဟိုရီဇွန်တီအ‌ြေခြစိုက်အက်သလက်တီကိုမီနိုင်းရိုးမှာကစားနေတုန်းကဖြစ်ပါတယ်။

ပဲရစ်မယ်လာဟာရော်နယ်ဒင်ဟိုထံမှထောက်ပံ့ကြေးပေါင်၅သိန်းတောင်းဆိုခဲ့တယ်လို့ယူဆခဲ့ရပြီးပေါင်၁၃၅၀၀၀ရရှိရန်တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။

ZawGyi

ရည္စားေဟာင္းကို ေထာက္ပံ့စရိတ္မေပးလို႔ ေမြးရပ္ေျမဘရာဇီးမွာ ေထာင္နန္းစံရကိန္းဆိုက္ေနျပန္တဲ့ ေရာ္နယ္ဒင္ဟို

ဘာစီလိုနာႏွင့္ေအစီမီလန္စတားေဟာင္းေရာ္နယ္ဒင္ဟိုဟာရည္းစားေဟာင္းတစ္ဦးကိုေထာက္ပံ့စရိတ္မေပးမႈေၾကာင့္ေနာက္ထပ္တစ္ႀကိမ္ ေထာင္နန္းစံရကိန္းဆိုက္ေနျပန္ပါတယ္။

ဘရာဇီးမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအသက္၄၁ႏွစ္ရွိေရာ္နယ္ဒင္ဟိုအေနျဖင့္ဒီဇင္ဘာလ၁ရက္ေန႔ေနာက္ဆုံးထားကာရည္းစားေဟာင္းပဲရစ္ဆယ္လာႏွင့္ညႇိႏႈိင္းေျဖရွင္းျခင္းမျပဳလုပ္ကာပိုင္ဆိုင္မႈသိမ္းဆည္းခံရျခင္း၊ေထာင္ခ်ခံရျခင္းတို႔ႀကဳံေတြ႕ရမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာဂႏၴဝင္ကစားသမားဟာၿပီးခဲ့တဲ့ႏွစ္တုန္းကပါရာေဂြးသို႔ပတ္စ္ပို႔တုျဖင့္ဝင္ေရာက္ရန္ႀကိဳးပမ္းမႈအတြက္ဖမ္းဆီးေထာင္ခ်ခံခဲ့ရသူျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္သူဟာဒူဘိုင္းမွာရွိေနတယ္လို႔ယူဆရပါတယ္။

၂၀၁၈ခုႏွစ္တုန္းကေရာ္နယ္ဒင္ဟိုဟာပဲရစ္ဆယ္လာႏွင့္အတူ အျခားအမ်ိဳးသမီးတစ္ဦးျဖစ္သူ ဘီယာထရစ္ဇ္ဆူဆာအမည္ရွိအမ်ိဳးသမီးႏွင့္တြဲေနခ်ိန္ျဖစ္ပါတယ္။သူဟာယင္းအမ်ိဳးသမီးႏွစ္ဦးတို႔ကိုတၿပိဳင္တည္းလက္ထပ္မယ္လို႔သတင္းထြက္ခဲ့ပါတယ္။ဒါေပမယ့္ေနာက္ပိုင္းမွာေရာ္နယ္ဒင္ဟိုကယင္းသတင္းကိုျငင္းဆိုခဲ့ပါတယ္။

ေနာက္တစ္ႏွစ္အၾကာမွာေတာ့ပဲရစ္ဆယ္လာကိုေရာ္နယ္ဒင္ဟိုႏွင့္တြဲလ်က္ေတြ႕ရပါတယ္။ထိုစဥ္ကေရာ္နယ္ဒင္ဟိုဟာဘီလိုဟိုရီဇြန္တီအ‌ျေျခစိုက္အက္သလက္တီကိုမီႏိုင္း႐ိုးမွာကစားေနတုန္းကျဖစ္ပါတယ္။

ပဲရစ္မယ္လာဟာေရာ္နယ္ဒင္ဟိုထံမွေထာက္ပံ့ေၾကးေပါင္၅သိန္းေတာင္းဆိုခဲ့တယ္လို႔ယူဆခဲ့ရၿပီးေပါင္၁၃၅၀၀၀ရရွိရန္တရား႐ုံးကဆုံးျဖတ္ခဲ့ပါတယ္။