ရည်းစားလုဖက်ကို ရှော့ရာမှ မော်စကိုမှာ စံမြန်းရတော့မဲ့ ဘောလုံးသမားဟောင်း

ဘောလုံးကစားသမားဟောင်းတစ်ဦးဟာနိုက်ကလပ်တွင်ပြဿနာတက်ပြီးနောက်ရည်းစားလုဖက်ကိုနောက်ကျောမှဓားဖြင့်ထိုးမှုကြောင့်ထောင်နန်းစံမြန်းရတော့မှာဖြစ်ပါတယ်။

ကာဒစ်ဖ်စီးတီးတွင်ကစားခဲ့တဲ့အီဘရာဟမ်မိုင်တီဟာလန်ဒန်အနောက်တောင်ပိုင်း၊ပတ်နေးမှာကျောင်းသူလေးတစ်ဦးရဲ့ရှေ့မှာသူ့ရဲ့ရည်စားပြိုင်ဘက်ကိုထိတ်လန့်စရာတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အသက်၂၅နှစ်ရှိကစားသမားဟောင်းဟာအသက်၂၄နှစ်ရှိရီယိုအေမို့စ်ကိုနောက်ကျောမှဓားဖြင့်ထိုးခဲ့တာဖြစ်ပါတယ်။အေမို့စ်ဟာဓားထိုးခံရပြီးနောက်မိုင်တီကိုပြန်လည်တိုက်ခိုက်ခဲ့ပါသေးတယ်။

ယခုအခါမှာတော့တရားရုံးကအီဘရာဟမ်မိုင်တီကိုဒဏ်ရာရရှိစေမှု၊ဥပဒေမဲ့လုပ်မှု၊ဓားကိုင်ဆောင်မှုတို့ဖြင့်ထောင်ဒဏ်၁၅လချမှတ်လိုက်ပြီဖြစ်ပါတယ်။

မိုင်တီဟာဟာရိုးဘိုရော့အပါအဝင်အပျော်တမ်းလိဂ်အသင်းများတွင်ကောင်းမွန်တဲ့ဂိုးသွင်းမှတ်တမ်းပိုင်ဆိုင်ပြီးနောက်၂၀၁၆ခုနှစ်တုန်းကလက်စတာတွင်စမ်းသပ်ခံဖူးပါတယ်။သူဟာ၂၀၁၇ခုနှစ်၊ဇန်နဝါရီလမှာကာဒစ်ဖ်နှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်လိဂ်၂ကလပ်ခရော်လေတောင်းသို့ပြောင်းခဲ့ပြီးယင်းတွင်၂၁ပွဲကစားခဲ့ရပါတယ်။ယင်းနောက်သူဟာဝတ်ကင်း၊ဝင်းဂိတ်နှင့်ဖစ်ချ်လေတို့တွင်လည်းကစားခဲ့ပါတယ်။

ZawGyi

ရည္းစားလုဖက္ကို ေရွာ့ရာမွ ေမာ္စကိုမွာ စံျမန္းရေတာ့မဲ့ ေဘာလုံးသမားေဟာင္း

ေဘာလုံးကစားသမားေဟာင္းတစ္ဦးဟာႏိုက္ကလပ္တြင္ျပႆနာတက္ၿပီးေနာက္ရည္းစားလုဖက္ကိုေနာက္ေက်ာမွဓားျဖင့္ထိုးမႈေၾကာင့္ေထာင္နန္းစံျမန္းရေတာ့မွာျဖစ္ပါတယ္။

ကာဒစ္ဖ္စီးတီးတြင္ကစားခဲ့တဲ့အီဘရာဟမ္မိုင္တီဟာလန္ဒန္အေနာက္ေတာင္ပိုင္း၊ပတ္ေနးမွာေက်ာင္းသူေလးတစ္ဦးရဲ႕ေရွ႕မွာသူ႔ရဲ႕ရည္စားၿပိဳင္ဘက္ကိုထိတ္လန႔္စရာတိုက္ခိုက္မႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အသက္၂၅ႏွစ္ရွိကစားသမားေဟာင္းဟာအသက္၂၄ႏွစ္ရွိရီယိုေအမို႔စ္ကိုေနာက္ေက်ာမွဓားျဖင့္ထိုးခဲ့တာျဖစ္ပါတယ္။ေအမို႔စ္ဟာဓားထိုးခံရၿပီးေနာက္မိုင္တီကိုျပန္လည္တိုက္ခိုက္ခဲ့ပါေသးတယ္။

ယခုအခါမွာေတာ့တရား႐ုံးကအီဘရာဟမ္မိုင္တီကိုဒဏ္ရာရရွိေစမႈ၊ဥပေဒမဲ့လုပ္မႈ၊ဓားကိုင္ေဆာင္မႈတို႔ျဖင့္ေထာင္ဒဏ္၁၅လခ်မွတ္လိုက္ၿပီျဖစ္ပါတယ္။

မိုင္တီဟာဟာ႐ိုးဘိုေရာ့အပါအဝင္အေပ်ာ္တမ္းလိဂ္အသင္းမ်ားတြင္ေကာင္းမြန္တဲ့ဂိုးသြင္းမွတ္တမ္းပိုင္ဆိုင္ၿပီးေနာက္၂၀၁၆ခုႏွစ္တုန္းကလက္စတာတြင္စမ္းသပ္ခံဖူးပါတယ္။သူဟာ၂၀၁၇ခုႏွစ္၊ဇန္နဝါရီလမွာကာဒစ္ဖ္ႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္လိဂ္၂ကလပ္ခေရာ္ေလေတာင္းသို႔ေျပာင္းခဲ့ၿပီးယင္းတြင္၂၁ပြဲကစားခဲ့ရပါတယ္။ယင္းေနာက္သူဟာဝတ္ကင္း၊ဝင္းဂိတ္ႏွင့္ဖစ္ခ်္ေလတို႔တြင္လည္းကစားခဲ့ပါတယ္။