ရည်းစားဟောင်းကိုအနိုင်ကျင့်ထိုးကြိတ်စဉ် မျက်နှာကိုသွေးနဲ့ထွေးခဲ့လို့ ပေါင် ၁.၅ သန်းဒဏ်ရိုက်ခံခဲ့ရတဲ့ဘိုတန်း

မန်စီးတီးနှင့်ဘိုင်ယန်မြူးနစ်စတားဟောင်းဂျီရုန်းဘိုတန်းဟာရည်းစားဟောင်းဖြစ်သူရဲ့ခေါင်းကိုကိုက်ခဲ့တဲ့အပြင်မျက်နှာကိုသွေးဖြင့်ထွေးခဲ့မှုအတွက်ပေါင်၁.၅သန်းဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

အသက်၃၃နှစ်ရှိဘိုတန်းဟာ၂၀၁၈ခုနှစ်တုန်းကကာရေဘီယန်အပန်းဖြေခရီးစဉ်တွင်ချစ်သူဖြစ်သူရှီရန်အက်စ်ကိုအနိုင်ကျင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဘိုတန်းဟာရည်းစားဟောင်းဖြစ်သူကိုကျောက်ကပ်နေရာအားအပြင်းအထန်ထိုးကြိတ်ခဲ့ကာရည်းစားဟောင်းမှာယင်းဖြစ်ရပ်ကြောင့်အသက်ရှူရကြပ်နေခဲ့ပါတယ်။

ရှီရန်က “ကျွန်မရဲ့မျက်စိကိုလက်မနဲ့ဖိထားတယ်။ဆံပင်ကိုလည်းဆွဲထားတယ်။ပြီးတော့ခေါင်းကိုကိုက်တယ်။ကျွန်မပါးစပ်ကိုအတင်းဖြဲပြီးခေါင်းလှန်တယ်။ပြီးတော့မျက်နှာကိုသွေးတွေနဲ့ထွေးတယ်”လို့မြူးနစ်ရှိတရားရုံးတွင်ထွက်ဆိုခဲ့ပါတယ်။

ဘိုတန်းကသူ့ကိုရှီရန်ဘက်ကဦးစွာတိုက်ခိုက်မှုကြောင့်ဒေါသထွက်ကာတုံ့ပြန်ခဲ့ခြင်းမျှသာဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်။

ရှီရန်နှင့်ဘိုတန်းတို့ဟာ၁၀နှစ်ကြာလက်တွဲခဲ့ကြပြီးကလေးအမြွှာနှစ်ဦးပိုင်ဆိုင်ထားပါတယ်။ဘိုတန်းဟာကလေးမွေးပြီးတစ်နှစ်အကြာမှာရှီရန်နှင့်လမ်းခွဲခဲ့ပေမယ့်တစ်နှစ်အကြာမှာပြန်လည်လက်တွဲခဲ့တာဖြစ်ပြီး၂၀၁၈ခုနှစ်မှာရှီရန်ကိုတိုက်ခိုက်ခဲ့တာပါ။၎င်းတို့ဟာယင်းတိုက်ခိုက်မှုအပြီးတစ်နှစ်အကြာမှာလမ်းခွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလတုန်းကဘိုတန်းရဲ့ရည်းစားဟောင်းကာစီယာလင်ဟတ်ဟာကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွားခဲ့ပါတယ်။ဘိုတန်းဟာဘိုင်ယန်နှင့်အတူဖီဖာကလပ်ကမ္ဘာ့ဖလားကစားရန်ကာတာသို့ရောက်နေခဲ့ပြီးယင်းသတင်းကြောင့်ချက်ချင်းပြန်ခဲ့ရပါတယ်။

ဘိုတန်းဟာရည်းစားဟောင်းရှီရန်ကိုတိုက်ခိုက်မှုကြောင့်ဒဏ်ရိုက်ခြင်းခံခဲ့ရပေမယ့်လည်းထောင်ဒဏ်၅နှစ်ကျခံရမယ့်အရေးမှလွတ်မြောက်သွားခဲ့ပါတယ်။

ဘိုတန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာဘိုင်ယန်မြူးနစ်မှထွက်ခွာပြီးလိုင်ယွန်သို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ZawGyi

ရည္းစားေဟာင္းကိုအႏိုင္က်င့္ထိႀကိတ္စဥ္ မ်က္ႏွာကိုေသြးနဲ႔ေထြးခဲ့လို႔ ေပါင္ ၁.၅ သန္းဒဏ္႐ိုက္ခံခဲ့ရတဲ့ဘိုတန္း

မန္စီးတီးႏွင့္ဘိုင္ယန္ျမဴးနစ္စတားေဟာင္းဂ်ီ႐ုန္းဘိုတန္းဟာရည္းစားေဟာင္းျဖစ္သူရဲ႕ေခါင္းကိုကိုက္ခဲ့တဲ့အျပင္မ်က္ႏွာကိုေသြးျဖင့္ေထြးခဲ့မႈအတြက္ေပါင္၁.၅သန္းဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

အသက္၃၃ႏွစ္ရွိဘိုတန္းဟာ၂၀၁၈ခုႏွစ္တုန္းကကာေရဘီယန္အပန္းေျဖခရီးစဥ္တြင္ခ်စ္သူျဖစ္သူရွီရန္အက္စ္ကိုအႏိုင္က်င့္တိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ဘိုတန္းဟာရည္းစားေဟာင္းျဖစ္သူကိုေက်ာက္ကပ္ေနရာအားအျပင္းအထန္ထိုးႀကိတ္ခဲ့ကာရည္းစားေဟာင္းမွာယင္းျဖစ္ရပ္ေၾကာင့္အသက္ရႉရၾကပ္ေနခဲ့ပါတယ္။

ရွီရန္က “ကြၽန္မရဲ႕မ်က္စိကိုလက္မနဲ႔ဖိထားတယ္။ဆံပင္ကိုလည္းဆြဲထားတယ္။ၿပီးေတာ့ေခါင္းကိုကိုက္တယ္။ကြၽန္မပါးစပ္ကိုအတင္းၿဖဲၿပီးေခါင္းလွန္တယ္။ၿပီးေတာ့မ်က္ႏွာကိုေသြးေတြနဲ႔ေထြးတယ္”လို႔ျမဴးနစ္ရွိတရား႐ုံးတြင္ထြက္ဆိုခဲ့ပါတယ္။

ဘိုတန္းကသူ႔ကိုရွီရန္ဘက္ကဦးစြာတိုက္ခိုက္မႈေၾကာင့္ေဒါသထြက္ကာတုံ႔ျပန္ခဲ့ျခင္းမွ်သာျဖစ္ေၾကာင္းထြက္ဆိုခဲ့ပါတယ္။

ရွီရန္ႏွင့္ဘိုတန္းတို႔ဟာ၁၀ႏွစ္ၾကာလက္တြဲခဲ့ၾကၿပီးကေလးအႁမႊာႏွစ္ဦးပိုင္ဆိုင္ထားပါတယ္။ဘိုတန္းဟာကေလးေမြးၿပီးတစ္ႏွစ္အၾကာမွာရွီရန္ႏွင့္လမ္းခြဲခဲ့ေပမယ့္တစ္ႏွစ္အၾကာမွာျပန္လည္လက္တြဲခဲ့တာျဖစ္ၿပီး၂၀၁၈ခုႏွစ္မွာရွီရန္ကိုတိုက္ခိုက္ခဲ့တာပါ။၎တို႔ဟာယင္းတိုက္ခိုက္မႈအၿပီးတစ္ႏွစ္အၾကာမွာလမ္းခြဲခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေဖေဖာ္ဝါရီလတုန္းကဘိုတန္းရဲ႕ရည္းစားေဟာင္းကာစီယာလင္ဟတ္ဟာကိုယ့္ကိုယ္ကိုေသေၾကာင္းႀကံစည္သြားခဲ့ပါတယ္။ဘိုတန္းဟာဘိုင္ယန္ႏွင့္အတူဖီဖာကလပ္ကမာၻ႔ဖလားကစားရန္ကာတာသို႔ေရာက္ေနခဲ့ၿပီးယင္းသတင္းေၾကာင့္ခ်က္ခ်င္းျပန္ခဲ့ရပါတယ္။

ဘိုတန္းဟာရည္းစားေဟာင္းရွီရန္ကိုတိုက္ခိုက္မႈေၾကာင့္ဒဏ္႐ိုက္ျခင္းခံခဲ့ရေပမယ့္လည္းေထာင္ဒဏ္၅ႏွစ္က်ခံရမယ့္အေရးမွလြတ္ေျမာက္သြားခဲ့ပါတယ္။

ဘိုတန္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာဘိုင္ယန္ျမဴးနစ္မွထြက္ခြာၿပီးလိုင္ယြန္သို႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။