ရည်းစားဟောင်းနှစ်ဦးနှင့်တစ်ပြိုင်တည်းလျှို့ဝှက်စွာချစ်ကြိုးသွယ်နေတဲ့အက်ဒရီယာနို

အင်တာမီလန်စူပါစတားဟောင်းအက်ဒရီယာနိုဟာရည်းစားဟောင်းနှစ်ဦးနှင့်တစ်ပြိုင်နက်တည်းလျှို့ဝှက်စွာပြန်တွဲနေကြောင်းသိရပါတယ်။အသက်၃၉နှစ်ရှိဘရာဇီးလက်ရွေးစင်ဟောင်းဟာတစ်လလျှင်ပေါင်တစ် သောင်းအထိပေးရတဲ့ဇိမ်ခံဟိုတယ်မှာအမျိုးသမီးနှစ်ဦးလုံးတို့နှင့်အတူတူနေထိုင်နေပါတယ်။

အက်ဒရီယာနိုဟာတစ်လလျှင်ပေါင်၁၀၃၈၃ပေးရတဲ့ဇိမ်ခံဟိုတယ်ခန်းမှာတည်းခိုနေတာဖြစ်ပါတယ်။ယင်းဟိုတယ်သို့အက်ဒရီယာနိုရောက်လာပြီးနောက်မော်ဒယ်နှင့်ဆေးကျောင်းသူဗစ်တိုးရီးယားမိုရီရာကိုလည်း ယင်းဟိုတယ်တွင်တွေ့ရပါတယ်။

ဒါ့အပြင်အသက်၂၃နှစ်ရှိမော်ဒယ်မီစဲလာမက်စ်ကွီတာကိုလည်းယင်းဟိုတယ်တွင်ပင်တွေ့ရပါတယ်။၎င်းတို့နှစ်ဦးလုံးဟာတစ်ချိန်တုန်းကအက်ဒရီယာနိုနှင့်ချစ်ကြိုက်ခဲ့ကြဖူးသူများလည်းဖြစ်ပါတယ်။

အက်ဒရီယာနိုဟာယင်းအမျိုးသမီးနှစ်ဦးတို့နှင့်ဟိုတယ်အတွင်းတွင်သာတွေ့ဆုံတာဖြစ်ပြီးလူသိရှင်ကြား တွဲကြခြင်းမရှိပါဘူး။

ဘရာဇီးမီဒီယာများရဲ့ဖော်ပြချက်အရအက်ဒရီယာနိုဟာယင်းမော်ဒယ်နှစ်ဦးနှင့် တစ်ပြိုင်တည်းတွဲနေသော်လည်း၎င်းတို့နှင့်တစ်ချိန်တည်းတွင်တွေ့ဆုံခြင်းမရှိပါဘူး။အက်ဒရီယာနိုဟာ တစ်ဦးမရှိတဲ့အချိန်မှာအခြားတစ်ဦးနဲ့ရှိနေတာဖြစ်ပြီးမော်ဒယ်တို့ကလည်းအက်ဒရီယာနိုရဲ့ငါးရံ့နှစ်ကောင်းဖမ်းတဲ့လုပ်ရပ်ကိုမသိရှိကြကြောင်းသိရပါတယ်။

အက်ဒရီယာနိုနှင့်မက်စ်ကွီတာတို့ဟာ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကစတင်ချစ်ကြိုက်ခဲ့ပြီး၂၀၂၀ခုနှစ်၊ဇွန်လမှာစေ့စပ်ခဲ့ကြပေမယ့်တစ်ပတ်အကြာမှာပြတ်စဲခဲ့ပါတယ်။အက်ဒရီယာဟာမီစဲတာနှင့်၂၀၁၅ခုနှစ်တုန်းကချစ်ကြိုက်ခဲ့ပြီး၎င်းတို့အကြားမှာပြတ်လိုက်၊တွဲလိုက်အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။

၂၀၀၀ခုနှစ်များတုန်းကဘောလုံးလောကရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးစာရင်းဝင်အက်ဒရီယာနိုဟာအင်တာမီလန်နှင့်အတူစီးရီးအေဖလားငါးကြိမ်ဆွတ်ခူးခဲ့ဖူးပြီးဘရာဇီးနှင့်အတူကိုပါအမေရိကဖလားတို့ဆွတ်ခူးခဲ့ဖူးပါတယ်။

ZawGyi

ရည္းစားေဟာင္းႏွစ္ဦးႏွင့္တစ္ၿပိဳင္တည္းလွ်ိဳ႕ဝွက္စြာခ်စ္ႀကိဳးသြယ္ေနတဲ့အက္ဒရီယာႏို

အင္တာမီလန္စူပါစတားေဟာင္းအက္ဒရီယာႏိုဟာရည္းစားေဟာင္းႏွစ္ဦးႏွင့္တစ္ၿပိဳင္နက္တည္းလွ်ိဳ႕ဝွက္စြာျပန္တြဲေနေၾကာင္းသိရပါတယ္။အသက္၃၉ႏွစ္ရွိဘရာဇီးလက္ေ႐ြးစင္ေဟာင္းဟာတစ္လလွ်င္ေပါင္တစ္ ေသာင္းအထိေပးရတဲ့ဇိမ္ခံဟိုတယ္မွာအမ်ိဳးသမီးႏွစ္ဦးလုံးတို႔ႏွင့္အတူတူေနထိုင္ေနပါတယ္။

အက္ဒရီယာႏိုဟာတစ္လလွ်င္ေပါင္၁၀၃၈၃ေပးရတဲ့ဇိမ္ခံဟိုတယ္ခန္းမွာတည္းခိုေနတာျဖစ္ပါတယ္။ယင္းဟိုတယ္သို႔အက္ဒရီယာႏိုေရာက္လာၿပီးေနာက္ေမာ္ဒယ္ႏွင့္ေဆးေက်ာင္းသူဗစ္တိုးရီးယားမိုရီရာကိုလည္း ယင္းဟိုတယ္တြင္ေတြ႕ရပါတယ္။

ဒါ့အျပင္အသက္၂၃ႏွစ္ရွိေမာ္ဒယ္မီစဲလာမက္စ္ကြီတာကိုလည္းယင္းဟိုတယ္တြင္ပင္ေတြ႕ရပါတယ္။၎တို႔ႏွစ္ဦးလုံးဟာတစ္ခ်ိန္တုန္းကအက္ဒရီယာႏိုႏွင့္ခ်စ္ႀကိဳက္ခဲ့ၾကဖူးသူမ်ားလည္းျဖစ္ပါတယ္။

အက္ဒရီယာႏိုဟာယင္းအမ်ိဳးသမီးႏွစ္ဦးတို႔ႏွင့္ဟိုတယ္အတြင္းတြင္သာေတြ႕ဆုံတာျဖစ္ၿပီးလူသိရွင္ၾကား တြဲၾကျခင္းမရွိပါဘူး။

ဘရာဇီးမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအက္ဒရီယာႏိုဟာယင္းေမာ္ဒယ္ႏွစ္ဦးႏွင့္ တစ္ၿပိဳင္တည္းတြဲေနေသာ္လည္း၎တို႔ႏွင့္တစ္ခ်ိန္တည္းတြင္ေတြ႕ဆုံျခင္းမရွိပါဘူး။အက္ဒရီယာႏိုဟာ တစ္ဦးမရွိတဲ့အခ်ိန္မွာအျခားတစ္ဦးနဲ႔ရွိေနတာျဖစ္ၿပီးေမာ္ဒယ္တို႔ကလည္းအက္ဒရီယာႏိုရဲ႕ငါးရံ႕ႏွစ္ေကာင္းဖမ္းတဲ့လုပ္ရပ္ကိုမသိရွိၾကေၾကာင္းသိရပါတယ္။

အက္ဒရီယာႏိုႏွင့္မက္စ္ကြီတာတို႔ဟာ၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကစတင္ခ်စ္ႀကိဳက္ခဲ့ၿပီး၂၀၂၀ခုႏွစ္၊ဇြန္လမွာေစ့စပ္ခဲ့ၾကေပမယ့္တစ္ပတ္အၾကာမွာျပတ္စဲခဲ့ပါတယ္။အက္ဒရီယာဟာမီစဲတာႏွင့္၂၀၁၅ခုႏွစ္တုန္းကခ်စ္ႀကိဳက္ခဲ့ၿပီး၎တို႔အၾကားမွာျပတ္လိုက္၊တြဲလိုက္အႀကိမ္ႀကိမ္ျဖစ္ခဲ့ဖူးပါတယ္။

၂၀၀၀ခုႏွစ္မ်ားတုန္းကေဘာလုံးေလာကရဲ႕ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးစာရင္းဝင္အက္ဒရီယာႏိုဟာအင္တာမီလန္ႏွင့္အတူစီးရီးေအဖလားငါးႀကိမ္ဆြတ္ခူးခဲ့ဖူးၿပီးဘရာဇီးႏွင့္အတူကိုပါအေမရိကဖလားတို႔ဆြတ္ခူးခဲ့ဖူးပါတယ္။