ရန်နစ်ခ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်လိုက်မှုအပေါ် မိုက်ကယ်ကာရစ် တုံ့ပြန်မှုပြုလုပ်လာ

မိုက်ကယ်ကာရစ်ကယခုအပတ်တွင်ကစားရမယ့်ချဲလ်ဆီးနှင့်အရေးပါတဲ့ပွဲကြီးအပေါ်အပြည့်အဝအာရုံစိုက်နေကြောင်းပြောကြားလာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာဂျာမန်လူမျိုးနည်းပြရေးဖ်ရန်နစ်ခ်ကို ခြောက်လစာချုပ်ဖြင့်ခန့်အပ်လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။မန်ယူဟာရာသီအကုန်တွင်မှရေးဖ်ရန်နစ်ခ်ရဲ့စွမ်းဆောင်ရည်ကိုသုံးသပ်ကာ စာချုပ်သစ်ချုပ်/မချုပ်ဆုံးဖြတ်သွားပါမယ်။

ရေးဖ်ရန်နစ်ခ်ကိုမန်ယူယာယီနည်းပြအဖြစ်ခန့်အပ်လိုက်ပေမယ့် အသက်၄၀နှစ်ရှိမိုက်ကယ်ကာရစ်ကယခုအပတ်ချဲလ်ဆီးနှင့်ပွဲအတွက်သာအပြည့်အဝအာရုံစိုက်နေကြောင်းပြောကြားလာပါတယ်။

ကာရစ်က “ကျွန်တော့်အနာဂတ်ကလာမယ့်၂ရက်(သို့မဟုတ်)၃ရက်ပါ။ဒီအတွက်ပဲပြင်ဆင်နေပါတယ်။ဒီလိုပဲလုပ်သင့်ပါတယ်။ဘောလုံးမှာဘာဖြစ်လာမယ်ဆိုတာမသိပါဘူး။အခုကျွန်တော့်စွမ်းအင်နဲ့စိတ်တစ်ခုလုံးကတနင်္ဂနွေနေ့အတွက်ပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာလာမယ့်တနင်္ဂနွေနေ့မှာချဲလ်ဆီးကိုရင်ဆိုင်ကစားရပါမယ်။မိုက်ကယ်ကာရစ်ဟာမန်ယူယာယီနည်းပြအဖြစ်ဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်အားကြီးကြပ်ခဲ့ပြီး၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။မန်ယူဟာယင်းနိုင်ပွဲကြောင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားပြီဖြစ်ပါတယ်။

မိုက်ကယ်ကာရစ်ဟာအစောပိုင်းတုန်းကရာထူးမှအထုတ်ခံခဲ့ရတဲ့ဆိုးလ်ရှားရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူတွင်ကစားသမားဘဝအဆုံးသတ်ပြီးနောက်မန်ယူနည်းပြအဖွဲ့တွင်တာဝန်ထမ်းဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးပွဲစဉ်နှင့်ပတ်သက်ပြီးကာရစ်က “ဒီကလပ်သို့ကျွန်တော်ရောက်လာပြီးတဲ့နောက်ပိုင်းမှာချဲလ်ဆီးနဲ့ကျွန်တော်တို့ပွဲကတကယ့်ကိုကြီးမားတဲ့ပွဲတွေပါ။တကယ့်ပြိုင်ဘက်ကြီးတွေဖြစ်ပါတယ်။ချဲလ်ဆီးနဲ့ပတ်သက်ပြီးကျွန်တော့်မှာအစဉ်အလာကောင်းရှိပါတယ်။ဒီပွဲကိုပဲအာရုံစိုက်နေပါတယ်။ကျွန်တော်ထိန်းချုပ်နိုင်တဲ့အရာကိုထိန်းချုပ်ပါတယ်။အရာအားလုံးနဲ့ပတ်သက်ပြီးစိုးရိမ်နေလို့မရပါဘူး။ဒါပေမယ့်အခုအရေးအကြီးဆုံးဖြစ်တဲ့ဒီပွဲကိုနိုင်အောင်လုပ်ရပါမယ်။ဒီအတွက်ပဲလုပ်နေပါတယ်။အထိုင်ကျဖို့လိုနေတယ်။စုစည်းမှုကိုဗီလာရီးရဲလ်နဲ့ပွဲမှာပြသခဲ့ပြီးပါပြီ”လို့ပြောကြားသွားပါတယ်။

ZawGyi

ရန္နစ္ခ္ကို ယာယီနည္းျပအျဖစ္ခန႔္အပ္လိုက္မႈအေပၚ မိုက္ကယ္ကာရစ္ တုံ႔ျပန္မႈျပဳလုပ္လာ

မိုက္ကယ္ကာရစ္ကယခုအပတ္တြင္ကစားရမယ့္ခ်ဲလ္ဆီးႏွင့္အေရးပါတဲ့ပြဲႀကီးအေပၚအျပည့္အဝအာ႐ုံစိုက္ေနေၾကာင္းေျပာၾကားလာပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာဂ်ာမန္လူမ်ိဳးနည္းျပေရးဖ္ရန္နစ္ခ္ကို ေျခာက္လစာခ်ဳပ္ျဖင့္ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။မန္ယူဟာရာသီအကုန္တြင္မွေရးဖ္ရန္နစ္ခ္ရဲ႕စြမ္းေဆာင္ရည္ကိုသုံးသပ္ကာ စာခ်ဳပ္သစ္ခ်ဳပ္/မခ်ဳပ္ဆုံးျဖတ္သြားပါမယ္။

ေရးဖ္ရန္နစ္ခ္ကိုမန္ယူယာယီနည္းျပအျဖစ္ခန႔္အပ္လိုက္ေပမယ့္ အသက္၄၀ႏွစ္ရွိမိုက္ကယ္ကာရစ္ကယခုအပတ္ခ်ဲလ္ဆီးႏွင့္ပြဲအတြက္သာအျပည့္အဝအာ႐ုံစိုက္ေနေၾကာင္းေျပာၾကားလာပါတယ္။

ကာရစ္က “ကြၽန္ေတာ့္အနာဂတ္ကလာမယ့္၂ရက္(သို႔မဟုတ္)၃ရက္ပါ။ဒီအတြက္ပဲျပင္ဆင္ေနပါတယ္။ဒီလိုပဲလုပ္သင့္ပါတယ္။ေဘာလုံးမွာဘာျဖစ္လာမယ္ဆိုတာမသိပါဘူး။အခုကြၽန္ေတာ့္စြမ္းအင္နဲ႔စိတ္တစ္ခုလုံးကတနဂၤေႏြေန႔အတြက္ပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာလာမယ့္တနဂၤေႏြေန႔မွာခ်ဲလ္ဆီးကိုရင္ဆိုင္ကစားရပါမယ္။မိုက္ကယ္ကာရစ္ဟာမန္ယူယာယီနည္းျပအျဖစ္ဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္အားႀကီးၾကပ္ခဲ့ၿပီး၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။မန္ယူဟာယင္းႏိုင္ပြဲေၾကာင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားၿပီျဖစ္ပါတယ္။

မိုက္ကယ္ကာရစ္ဟာအေစာပိုင္းတုန္းကရာထူးမွအထုတ္ခံခဲ့ရတဲ့ဆိုးလ္ရွားရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။သူဟာမန္ယူတြင္ကစားသမားဘဝအဆုံးသတ္ၿပီးေနာက္မန္ယူနည္းျပအဖြဲ႕တြင္တာဝန္ထမ္းေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးပြဲစဥ္ႏွင့္ပတ္သက္ၿပီးကာရစ္က “ဒီကလပ္သို႔ကြၽန္ေတာ္ေရာက္လာၿပီးတဲ့ေနာက္ပိုင္းမွာခ်ဲလ္ဆီးနဲ႔ကြၽန္ေတာ္တို႔ပြဲကတကယ့္ကိုႀကီးမားတဲ့ပြဲေတြပါ။တကယ့္ၿပိဳင္ဘက္ႀကီးေတြျဖစ္ပါတယ္။ခ်ဲလ္ဆီးနဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္မွာအစဥ္အလာေကာင္းရွိပါတယ္။ဒီပြဲကိုပဲအာ႐ုံစိုက္ေနပါတယ္။ကြၽန္ေတာ္ထိန္းခ်ဳပ္ႏိုင္တဲ့အရာကိုထိန္းခ်ဳပ္ပါတယ္။အရာအားလုံးနဲ႔ပတ္သက္ၿပီးစိုးရိမ္ေနလို႔မရပါဘူး။ဒါေပမယ့္အခုအေရးအႀကီးဆုံးျဖစ္တဲ့ဒီပြဲကိုႏိုင္ေအာင္လုပ္ရပါမယ္။ဒီအတြက္ပဲလုပ္ေနပါတယ္။အထိုင္က်ဖို႔လိုေနတယ္။စုစည္းမႈကိုဗီလာရီးရဲလ္နဲ႔ပြဲမွာျပသခဲ့ၿပီးပါၿပီ”လို႔ေျပာၾကားသြားပါတယ္။