ရန်ပုံငွေပွဲတွင် အာဆင်နယ်ဂန္ထဝင်ဝင်းဂါးရဲ့ပြိုင်ဘက်အသင်းမှာကစားလာမယ့် ချဲလ်ဆီးသူရဲကောင်းဒရော့ဘာ

ဒီဒီယာဒရော့ဘာဟာအာစင်ဝင်းဂါးဦးဆောင်တဲ့အသင်းနဲ့နောက်ထပ်တစ်ကြိမ်ထပ်မံရင်ဆိုင်တွေ့ဦးမှာဖြစ်ပါတယ်။ဒါပေမယ့်ဒီတစ်ကြိမ်မှာရန်ပုံငွေပွဲမှာရင်ဆိုင်တွေ့ကြမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးစတားဟောင်းဒီဒီယာဒရော့ဘာဟာကစားသမားဘဝတုန်းကအာစင်ဝင်းဂါးရဲ့အသင်းကိုအကြိမ်ကြိမ်တိုက်ဖျက်ခဲ့ဖူးသူဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ဂန္ထဝင်တိုက်စစ်မှူးဟာကစားသမားဘဝတုန်းကအာစင်ဝင်းဂါးရဲ့အာဆင်နယ်အသင်းနှင့်၁၆ကြိမ်ရင်ဆိုင်ခဲ့ရာမှာ၁၅ဂိုးအထိသွင်းယူခဲ့သူဖြစ်ပါတယ်။

အသက်၄၃နှစ်ရှိချဲလ်ဆီးဂန္ထဝင်တိုက်စစ်မှူးဟာလာမယ့်အောက်တိုဘာလ၁၃ရက်နေ့မှာ Stade Velodrome ကွင်းမှာ Unicef Team နှင့် မာဆေးလ်ဂန္ထဝင်အသင်းတို့ပွဲမှာပါဝင်ကစားပါမယ်။

အာစင်ဝင်းဂါးက Unicef Team ကိုကိုင်တွယ်မှာဖြစ်ပြီးဒရော့ဘာကမာဆေးလ်ဂန္ထဝင်အသင်းမှာပါဝင်ကစားပါမယ်။ယင်းပွဲကို Unicef နှင့် Didier Drogba Foundation တို့ကကြီးမှူးကျင်းပတာဖြစ်ပြီးရရှိလာတဲ့ရန်ပုံငွေများကိုယင်းအဖွဲ့အစည်းများသို့လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။

ဝင်းဂါးရဲ့Unicef Team တွင်ရောဘတ်ပီးရက်စ်၊အဲရစ်အဘီဒယ်၊ခရစ္စတီယန်ကာရမ်ဘူ၊ကမ်ဘီယာဆိုတို့ကဲ့သို့ထိပ်တန်းကစားသမားဟောင်းများပါဝင်ပါမယ်။

ဒရော့ဘာနှင့်အာစင်ဝင်းဂါးတို့နောက်ဆုံးအကြိမ်ထိပ်တိုက်တွေ့ခဲ့တာ၂၀၁၆ခုနှစ်တုန်းကအာဆင်နယ်နှင့်မေဂျာလိဂ်အောစတားအသင်းတို့ရင်ဆိုင်တုန်းကဖြစ်ပါတယ်။ထိုစဉ်ကလည်းဒရော့ဘာဟာပြင်သစ်နည်းပြအသင်းဘက်သို့ဂိုးသွင်းနိုင်ခဲ့ပြီးအာဆင်နယ်ဟာအက်ခ်ပွမ်သွင်းယူတဲ့ဂိုးကြောင့်ကံကောင်းထောက်မစွာအနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ရန္ပုံေငြပြဲတြင္ အာဆင္နယ္ဂႏၴဝင္ဝင္းဂါးရဲ႕ၿပိဳင္ဘက္အသင္းမွာကစားလာမယ့္ ခ်ဲလ္ဆီးသူရဲေကာင္းဒေရာ့ဘာ

ဒီဒီယာဒေရာ့ဘာဟာအာစင္ဝင္းဂါးဦးေဆာင္တဲ့အသင္းနဲ႔ေနာက္ထပ္တစ္ႀကိမ္ထပ္မံရင္ဆိုင္ေတြ႕ဦးမွာျဖစ္ပါတယ္။ဒါေပမယ့္ဒီတစ္ႀကိမ္မွာရန္ပုံေငြပြဲမွာရင္ဆိုင္ေတြ႕ၾကမွာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးစတားေဟာင္းဒီဒီယာဒေရာ့ဘာဟာကစားသမားဘဝတုန္းကအာစင္ဝင္းဂါးရဲ႕အသင္းကိုအႀကိမ္ႀကိမ္တိုက္ဖ်က္ခဲ့ဖူးသူျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ဂႏၴဝင္တိုက္စစ္မႉးဟာကစားသမားဘဝတုန္းကအာစင္ဝင္းဂါးရဲ႕အာဆင္နယ္အသင္းႏွင့္၁၆ႀကိမ္ရင္ဆိုင္ခဲ့ရာမွာ၁၅ဂိုးအထိသြင္းယူခဲ့သူျဖစ္ပါတယ္။

အသက္၄၃ႏွစ္ရွိခ်ဲလ္ဆီးဂႏၴဝင္တိုက္စစ္မႉးဟာလာမယ့္ေအာက္တိုဘာလ၁၃ရက္ေန႔မွာ Stade Velodrome ကြင္းမွာ Unicef Team ႏွင့္ မာေဆးလ္ဂႏၴဝင္အသင္းတို႔ပြဲမွာပါဝင္ကစားပါမယ္။

အာစင္ဝင္းဂါးက Unicef Team ကိုကိုင္တြယ္မွာျဖစ္ၿပီးဒေရာ့ဘာကမာေဆးလ္ဂႏၴဝင္အသင္းမွာပါဝင္ကစားပါမယ္။ယင္းပြဲကို Unicef ႏွင့္ Didier Drogba Foundation တို႔ကႀကီးမႉးက်င္းပတာျဖစ္ၿပီးရရွိလာတဲ့ရန္ပုံေငြမ်ားကိုယင္းအဖြဲ႕အစည္းမ်ားသို႔လႉဒါန္းသြားမွာလည္းျဖစ္ပါတယ္။

ဝင္းဂါးရဲ႕Unicef Team တြင္ေရာဘတ္ပီးရက္စ္၊အဲရစ္အဘီဒယ္၊ခရစၥတီယန္ကာရမ္ဘူ၊ကမ္ဘီယာဆိုတို႔ကဲ့သို႔ထိပ္တန္းကစားသမားေဟာင္းမ်ားပါဝင္ပါမယ္။

ဒေရာ့ဘာႏွင့္အာစင္ဝင္းဂါးတို႔ေနာက္ဆုံးအႀကိမ္ထိပ္တိုက္ေတြ႕ခဲ့တာ၂၀၁၆ခုႏွစ္တုန္းကအာဆင္နယ္ႏွင့္ေမဂ်ာလိဂ္ေအာစတားအသင္းတို႔ရင္ဆိုင္တုန္းကျဖစ္ပါတယ္။ထိုစဥ္ကလည္းဒေရာ့ဘာဟာျပင္သစ္နည္းျပအသင္းဘက္သို႔ဂိုးသြင္းႏိုင္ခဲ့ၿပီးအာဆင္နယ္ဟာအက္ခ္ပြမ္သြင္းယူတဲ့ဂိုးေၾကာင့္ကံေကာင္းေထာက္မစြာအႏိုင္ရရွိခဲ့ပါတယ္။