ရန်ပုံငွေပွဲမှာ ဟက်ထရစ်သွင်းပြီး အာစင်ဝင်းဂါးကို ယခုတိုင် ဒုက္ခပေးနေသေးတဲ့ ဒီဒီယာဒရော့ဘာ

ဒီဒီယာဒရော့ဘာဟာယခုတိုင်အာစင်ဝင်းဂါးကိုဒုက္ခပေးနေတုန်းဖြစ်ပါတယ်။လွန်ခဲ့တဲ့သုံးနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့တဲ့ဒီဒီယာဒရော့ဘာဟာ မာဆေးလ်ဂန္ထဝင်အသင်းနှင့် အာစင်ဝင်းဂါးကိုင်တွယ်တဲ့ Unicef XIတို့ယှဉ်ပြိုင်ကစားတဲ့ Match des Heroes ပွဲစဉ်မှာဟက်ထရစ်သွင်းယူခဲ့ပါတယ်။

ဒီဒီယာဒရော့ဘာဟာချဲလ်ဆီးမှာကစားတုန်းကအာစင်ဝင်းဂါးရဲ့အာဆင်နယ်နှင့်၁၅ပွဲရင်ဆိုင်ခဲ့ရာမှာ၁၃ဂိုးသွင်းယူခဲ့ဖူးသူဖြစ်ပြီးဗုဒ္ဓဟူးနေ့ညတုန်းကပွဲစဉ်မှာလည်းဟက်ထရစ်သွင်းယူခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာအာဆင်နယ်အသင်းကစားသမားဟောင်းများဖြစ်ကြတဲ့ရောဘတ်ပီးရက်စ်၊ဖလာမီနီ၊နာဆရီ၊ဂျန်လေမန်းတို့ပါဝင်ကစားခဲ့ကြပါတယ်။

အာစင်ဝင်းဂါးကိုင်တွယ်နေတဲ့ Unicef XI ဟာ၂-၁ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်လည်းမာဆေးလ်ဂန္ထဝင်များရဲ့ခြေစွမ်းပြမှုနဲ့အတူ၇-၄ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲပြီးခါနီးမှာဝင်းဂါးဟာတချိန်ကနာမည်ကျော်ကစားသမားများဖြစ်ကြတဲ့ထရေဇီဂေး၊ကလွိုက်ဗတ်၊ကမ်ဘီယာတို့ကိုထည့်သွင်းခဲ့ပေမယ့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

ရန္ပုံေငြပြဲမွာ ဟက္ထရစ္သြင္းၿပီး အာစင္ဝင္းဂါးကို ယခုတိုင္ ဒုကၡေပးေနေသးတဲ့ ဒီဒီယာဒေရာ့ဘာ

ဒီဒီယာဒေရာ့ဘာဟာယခုတိုင္အာစင္ဝင္းဂါးကိုဒုကၡေပးေနတုန္းျဖစ္ပါတယ္။လြန္ခဲ့တဲ့သုံးႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့တဲ့ဒီဒီယာဒေရာ့ဘာဟာ မာေဆးလ္ဂႏၴဝင္အသင္းႏွင့္ အာစင္ဝင္းဂါးကိုင္တြယ္တဲ့ Unicef XIတို႔ယွဥ္ၿပိဳင္ကစားတဲ့ Match des Heroes ပြဲစဥ္မွာဟက္ထရစ္သြင္းယူခဲ့ပါတယ္။

ဒီဒီယာဒေရာ့ဘာဟာခ်ဲလ္ဆီးမွာကစားတုန္းကအာစင္ဝင္းဂါးရဲ႕အာဆင္နယ္ႏွင့္၁၅ပြဲရင္ဆိုင္ခဲ့ရာမွာ၁၃ဂိုးသြင္းယူခဲ့ဖူးသူျဖစ္ၿပီးဗုဒၶဟူးေန႔ညတုန္းကပြဲစဥ္မွာလည္းဟက္ထရစ္သြင္းယူခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာအာဆင္နယ္အသင္းကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ့ေရာဘတ္ပီးရက္စ္၊ဖလာမီနီ၊နာဆရီ၊ဂ်န္ေလမန္းတို႔ပါဝင္ကစားခဲ့ၾကပါတယ္။

အာစင္ဝင္းဂါးကိုင္တြယ္ေနတဲ့ Unicef XI ဟာ၂-၁ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္းမာေဆးလ္ဂႏၴဝင္မ်ားရဲ႕ေျခစြမ္းျပမႈနဲ႔အတူ၇-၄ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ပြဲၿပီးခါနီးမွာဝင္းဂါးဟာတခ်ိန္ကနာမည္ေက်ာ္ကစားသမားမ်ားျဖစ္ၾကတဲ့ထေရဇီေဂး၊ကလြိဳက္ဗတ္၊ကမ္ဘီယာတို႔ကိုထည့္သြင္းခဲ့ေပမယ့္ရႈံးနိမ့္ခဲ့ပါတယ္။