ရန်ပုံငွေ ပေါင်၇၀၀၀ နီးပါးရရှိသွားတဲ့ အင်္ဂလန်ကိုရှုံးလို့ ငိုယိုနေခဲ့တဲ့ဂျာမနီပရိသတ်မလေး

ပရိသတ်တစ်ဦးဟာဝင်ဘာလေကွင်းမှာအင်္ဂလန်ကိုရှုံးနိမ့်တဲ့ပွဲတုန်းကငိုနေခဲ့တဲ့ဂျာမနီအမျိုးသမီးငယ်တစ်ဦးအတွက်ရန်ပုံငွေတစ်ခုတည်ထောင်ခဲ့ရာအလှူငွေပေါင်၇၀၀၀နီးပါးအထိရရှိခဲ့ကြောင်းသိရပါတယ်။

ဂျိုယေးဟုချ်ဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲမှာအင်္ဂလန်ကိုရှုံးနိမ့်ပြီးနောက်ငိုနေခဲ့တဲ့ကလေးမလေးအားအွန်လိုင်းတွင်လှောင်ပြောင်တိုက်ခိုက်မှုများကြောင့် ကလေးမလေးအတွက် JustGiving တွင်စာမျက်နှာဖွင့်လှစ်ကာရန်ပုံငွေတည်ထောင်ခဲ့တာဖြစ်ပါတယ်။

ကလေးမလေးရဲ့ငိုယိုနေမှုကိုဝင်ဘာလေကွင်းရှိကြီးမားတဲ့တီဗွီမှာလည်းပြသမှုပြလုပ်ခဲ့ကာယင်းကလေးမလေးအားပွဲကစားချိန်နဲ့ပွဲပြီးချိန်တို့တွင်လှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင်အင်္ဂလန်ကစားသမားဟောင်းများဖြစ်ကြတဲ့ရှောင်ကော်လီမိုးနှင့်ဂယ်ရီလိုင်နီကာတို့ကလည်းယင်းကလေးမလေးအားလှောင်ပြောင်တိုက်ခိုက်မှုပြုလုပ်ရာမှာပါဝင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်းဝေးလ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ဟုချ်ဟာကလေးမလေးအတွက်ပေါင်၅၀၀ ရရှိစေရန်ရည်ရွယ်ချက်ဖြင့်ရန်ပုံငွေစာမျက်နှာတစ်ခုတည်ထောင်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့်တကယ်တမ်းမှာတော့ကလေးမလေးအတွက်ရန်ပုံငွေပမာဏကပေါင်၇၀၀၀နီးပါးအထိရရှိနေပြီဖြစ်ပါတယ်။

အင်္ဂလန်နှင့်ဂျာမနီတို့ပွဲစဉ်မှာအင်္ဂလန်ဟာစတာလင်း၊ဟယ်ရီကိန်းတို့သွင်းယူတဲ့ဂိုးများနှင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

ZawGyi

ရန္ပုံေငြ ေပါင္၇၀၀၀ နီးပါးရရွိသြားတဲ့ အဂၤလန္ကိုရႈံးလို႔ ငိုယိုေနခဲ့တဲ့ဂ်ာမနီပရိသတ္မေလး

ပရိသတ္တစ္ဦးဟာဝင္ဘာေလကြင္းမွာအဂၤလန္ကိုရႈံးနိမ့္တဲ့ပြဲတုန္းကငိုေနခဲ့တဲ့ဂ်ာမနီအမ်ိဳးသမီးငယ္တစ္ဦးအတြက္ရန္ပုံေငြတစ္ခုတည္ေထာင္ခဲ့ရာအလႉေငြေပါင္၇၀၀၀နီးပါးအထိရရွိခဲ့ေၾကာင္းသိရပါတယ္။

ဂ်ိဳေယးဟုခ်္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲမွာအဂၤလန္ကိုရႈံးနိမ့္ၿပီးေနာက္ငိုေနခဲ့တဲ့ကေလးမေလးအားအြန္လိုင္းတြင္ေလွာင္ေျပာင္တိုက္ခိုက္မႈမ်ားေၾကာင့္ ကေလးမေလးအတြက္ JustGiving တြင္စာမ်က္ႏွာဖြင့္လွစ္ကာရန္ပုံေငြတည္ေထာင္ခဲ့တာျဖစ္ပါတယ္။

ကေလးမေလးရဲ႕ငိုယိုေနမႈကိုဝင္ဘာေလကြင္းရွိႀကီးမားတဲ့တီဗြီမွာလည္းျပသမႈျပလုပ္ခဲ့ကာယင္းကေလးမေလးအားပြဲကစားခ်ိန္နဲ႔ပြဲၿပီးခ်ိန္တို႔တြင္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ဒါ့အျပင္အဂၤလန္ကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ့ေရွာင္ေကာ္လီမိုးႏွင့္ဂယ္ရီလိုင္နီကာတို႔ကလည္းယင္းကေလးမေလးအားေလွာင္ေျပာင္တိုက္ခိုက္မႈျပဳလုပ္ရာမွာပါဝင္ခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းေဝးလ္ႏိုင္ငံသားတစ္ဦးျဖစ္တဲ့ဟုခ်္ဟာကေလးမေလးအတြက္ေပါင္၅၀၀ ရရွိေစရန္ရည္႐ြယ္ခ်က္ျဖင့္ရန္ပုံေငြစာမ်က္ႏွာတစ္ခုတည္ေထာင္လိုက္တာ ျဖစ္ပါတယ္။

ဒါေပမယ့္တကယ္တမ္းမွာေတာ့ကေလးမေလးအတြက္ရန္ပုံေငြပမာဏကေပါင္၇၀၀၀နီးပါးအထိရရွိေနၿပီျဖစ္ပါတယ္။

အဂၤလန္ႏွင့္ဂ်ာမနီတို႔ပြဲစဥ္မွာအဂၤလန္ဟာစတာလင္း၊ဟယ္ရီကိန္းတို႔သြင္းယူတဲ့ဂိုးမ်ားႏွင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။