ရန်သူဟောင်းလူးဝစ်ဆွာရက်ဇ်ရဲ့ကမ္ဘာ့ဖလားမှထွက်ရလို့ ငိုကြွေးနေပုံကို Like ပေးခဲ့တဲ့ အီဗရာ

ပက်ထရစ်အီဗရာဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရလို့ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ရန်သူတော်ဟောင်းလူးဝစ်ဆွာရက်ဇ်ရဲ့အင်စတာဂရမ်ဓာတ်ပုံကို Like ပေးခဲ့တာတွေ့ရပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာဂါနာကိုဥရုဂွေးက၂-၀ဂိုးဖြင့်အနိုင်ရခဲ့ပေမဲ့ကမ္ဘာ့ဖလားအုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရပြီးနောက်မျက်ရည်မထိန်းနိုင်ဘဲငိုကြွေးခဲ့ပါတယ်။

တောင်ကိုရီးယားကဟွမ်ဟီးချန်ရဲ့၉၁မိနစ်အနိုင်ဂိုးကြောင့်ပေါ်တူဂီကို၂-၁ဂိုးဖြင့်အနိုင်ရရှိသွားမှုနဲ့အတူဥရုဂွေးဟာဂိုးကွာခြားချက်ဖြင့်အုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဆွာရက်ဇ်နှင့်ဥရုဂွေးကစားသမားတို့ဟာဂါနာနှင့်ပွဲအပြီးတွင်ကာဗာနီအားဥပဒေပကစားမှုအတွက်ပင်နယ်တီမပေးခဲ့မှုအတွက်စောဒကတက်ခဲ့ကြသလိုကာဗာနီမှာလည်းဥမင်လှိုဏ်ခေါင်းသို့ဝင်ရောတွင် VAR Monitor ကိုလက်သီးဖြင့်ထိုးလှဲခဲ့တာတွေ့ရပါတယ်။

အီဗရာကတော့သူ့ရဲ့ရန်သူတော်ဟောင်းလူးဝစ်ဆွာရက်ဇ် ကမ္ဘာ့ဖလားမှာထွက်ရလို့ ငိုကြွေးနေမှုအပေါ်ကြိတ်ပျော်နေရပုံရပါတယ်။သူဟာအင်စတာဂရမ်မှာဆွာရက်ဇ်ငိုကြွေးနေတဲ့ပုံကို Like ပေးခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ၂၀၁၁ခုနှစ်တုန်းကအီဗရာကိုလူမျိုးရေးခွဲခြားပြောဆိုမှုအတွက်၈ပွဲပယ်နှင့်ပေါင်၄၀၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရဖူးပါတယ်။ယင်းလူမျိုးရေးခွဲခြားမှုကိုဆွာရက်ဇ်ကငြင်းဆိုခဲ့သလိုပွဲပယ်ခံရပြီးနောက်ယူနိုက်တက်နှင့်ဆုံတွေ့ရာတွင်လည်းအီဗရာကိုလက်ဆွဲနှုတ်ဆက်ရန်ငြင်းဆိုခဲ့ဖူးပါတယ်။

ZawGyi

ရန္သူေဟာင္းလူးဝစ္ဆြာရက္ဇ္ရဲ႕ကမာၻ႔ဖလားမွထြက္ရလို႔ ငိုေႂကြးေနပုံကို Like ေပးခဲ့တဲ့ အီဗရာ

ပက္ထရစ္အီဗရာဟာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရလို႔ရႈိက္ႀကီးတငင္ငိုေႂကြးေနတဲ့ရန္သူေတာ္ေဟာင္းလူးဝစ္ဆြာရက္ဇ္ရဲ႕အင္စတာဂရမ္ဓာတ္ပုံကို Like ေပးခဲ့တာေတြ႕ရပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာဂါနာကိုဥ႐ုေဂြးက၂-၀ဂိုးျဖင့္အႏိုင္ရခဲ့ေပမဲ့ကမာၻ႔ဖလားအုပ္စုအဆင့္မွလွည့္ျပန္ခဲ့ရၿပီးေနာက္မ်က္ရည္မထိန္းႏိုင္ဘဲငိုေႂကြးခဲ့ပါတယ္။

ေတာင္ကိုရီးယားကဟြမ္ဟီးခ်န္ရဲ႕၉၁မိနစ္အႏိုင္ဂိုးေၾကာင့္ေပၚတူဂီကို၂-၁ဂိုးျဖင့္အႏိုင္ရရွိသြားမႈနဲ႔အတူဥ႐ုေဂြးဟာဂိုးကြာျခားခ်က္ျဖင့္အုပ္စုအဆင့္မွလွည့္ျပန္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဆြာရက္ဇ္ႏွင့္ဥ႐ုေဂြးကစားသမားတို႔ဟာဂါနာႏွင့္ပြဲအၿပီးတြင္ကာဗာနီအားဥပေဒပကစားမႈအတြက္ပင္နယ္တီမေပးခဲ့မႈအတြက္ေစာဒကတက္ခဲ့ၾကသလိုကာဗာနီမွာလည္းဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာတြင္ VAR Monitor ကိုလက္သီးျဖင့္ထိုးလွဲခဲ့တာေတြ႕ရပါတယ္။

အီဗရာကေတာ့သူ႔ရဲ႕ရန္သူေတာ္ေဟာင္းလူးဝစ္ဆြာရက္ဇ္ ကမာၻ႔ဖလားမွာထြက္ရလို႔ ငိုေႂကြးေနမႈအေပၚႀကိတ္ေပ်ာ္ေနရပုံရပါတယ္။သူဟာအင္စတာဂရမ္မွာဆြာရက္ဇ္ငိုေႂကြးေနတဲ့ပုံကို Like ေပးခဲ့ပါတယ္။

ဆြာရက္ဇ္ဟာ၂၀၁၁ခုႏွစ္တုန္းကအီဗရာကိုလူမ်ိဳးေရးခြဲျခားေျပာဆိုမႈအတြက္၈ပြဲပယ္ႏွင့္ေပါင္၄၀၀၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရဖူးပါတယ္။ယင္းလူမ်ိဳးေရးခြဲျခားမႈကိုဆြာရက္ဇ္ကျငင္းဆိုခဲ့သလိုပြဲပယ္ခံရၿပီးေနာက္ယူႏိုက္တက္ႏွင့္ဆုံေတြ႕ရာတြင္လည္းအီဗရာကိုလက္ဆြဲႏႈတ္ဆက္ရန္ျငင္းဆိုခဲ့ဖူးပါတယ္။