ရမ်ဆေးနှင့်ရာဘီယော့တို့ကို ရောင်းချကာ ပေါ့ဘာအတွက် ငွေရှာသွားမယ့် ဂျူဗင်တပ်

ဂျူဗင်တပ်ဟာအေရွန်ရမ်ဆေးနှင့်အက်ဒရီယန်ရာဘီယော့တို့ကိုရောင်းချကာပေါလ်ပေါ့ဘာအားခေါ်ယူရေးအတွက်ငွေရှာဖွေသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဂျူဗင်တပ်ဟာယခုရာသီမှာရလဒ်ဆိုးများနှင့်ကြုံတွေ့နေရပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာထားရပြီးဖြစ်သလိုစီးရီးအေတွင်လည်းထိပ်ဆုံးမှအင်တာမီလန်နှင့်ရမှတ်၁၀မှတ်အထိကွာဟနေပါတယ်။

ဒါကြောင့်လည်းဂျူဗင်တပ်ဟာလာမယ့်နွေရာသီမှာအသင်းကိုအပြောင်းအလဲတစ်ချို့ပြုလုပ်ရန်စီစဉ်နေပါတယ်။

အသက်၂၈နှစ်ရှိပေါ့ဘာဟာအိုးထရက်ဖို့ဒ်သို့ပေါင်၈၉သန်းဖြင့်ပြန်လည်မပြောင်းလာမီဂျူဗင်တပ်တွင်၂၀၁၂မှ၂၀၁၆ခုနှစ်အတွင်းကစားခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာယခုရာသီအကုန်တွင်မန်ယူနှင့်တစ်နှစ်သက်တမ်းစာချုပ်သာကျန်ရှိတော့မှာဖြစ်ပြီးမန်ယူဟာစာချုပ်သက်တမ်းမတိုးနိုင်ပါကရောင်းချသွားမှာဖြစ်ပါတယ်။

ရာဘီယော့နှင့်ရမ်ဆေးတို့ဟာဂျူဗင်တပ်တွင်တစ်ပတ်လုပ်ခပေါင်၁၂၀၀၀၀စီရရှိနေကြသူများဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မြင့်မားတဲ့လုပ်ခဝန်ထုပ်ဝန်ပိုးကိုထမ်းထားရတဲ့ဂျူဗင်တပ်ဟာပေါ့ဘာကိုခေါ်ယူရန်အတွက်အသင်းရဲ့လုပ်ခကိုလျှော့ချရန်လိုအပ်နေပါတယ်။

လက်ရှိအချိန်တွင်ရမ်ဆေးကိုအသင်းဟောင်းအာဆင်နယ်အပြင်လီဗာပူး၊အဲဗာတန်တို့ကစိတ်ဝင်စားနေပါတယ်။ပြင်သစ်ကွင်းလယ်ကစားသမားရာဘီယော့ကိုလည်းပီအက်စ်ဂျီနည်းပြဟောင်းအန်ဆယ်လော့တီကအဲဗာတန်သို့ခေါ်ဆောင်လိုနေပါတယ်။ဒါ့အပြင်အသက်၂၅နှစ်ရှိကွင်းလယ်ကစားသမားကိုဂွါဒီယိုလာရဲ့မန်စီးတီးကလည်းစိတ်ဝင်စားနေပါတယ်။

ZawGyi

ရမ္ေဆးႏွင့္ရာဘီေယာ့တို႔ကို ေရာင္းခ်ကာ ေပါ့ဘာအတြက္ ေငြရွာသြားမယ့္ ဂ်ဴဗင္တပ္

ဂ်ဴဗင္တပ္ဟာေအ႐ြန္ရမ္ေဆးႏွင့္အက္ဒရီယန္ရာဘီေယာ့တို႔ကိုေရာင္းခ်ကာေပါလ္ေပါ့ဘာအားေခၚယူေရးအတြက္ေငြရွာေဖြသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ဴဗင္တပ္ဟာယခုရာသီမွာရလဒ္ဆိုးမ်ားႏွင့္ႀကဳံေတြ႕ေနရၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာထားရၿပီးျဖစ္သလိုစီးရီးေအတြင္လည္းထိပ္ဆုံးမွအင္တာမီလန္ႏွင့္ရမွတ္၁၀မွတ္အထိကြာဟေနပါတယ္။

ဒါေၾကာင့္လည္းဂ်ဴဗင္တပ္ဟာလာမယ့္ေႏြရာသီမွာအသင္းကိုအေျပာင္းအလဲတစ္ခ်ိဳ႕ျပဳလုပ္ရန္စီစဥ္ေနပါတယ္။

အသက္၂၈ႏွစ္ရွိေပါ့ဘာဟာအိုးထရက္ဖို႔ဒ္သို႔ေပါင္၈၉သန္းျဖင့္ျပန္လည္မေျပာင္းလာမီဂ်ဴဗင္တပ္တြင္၂၀၁၂မွ၂၀၁၆ခုႏွစ္အတြင္းကစားခဲ့ဖူးသူျဖစ္ပါတယ္။

သူဟာယခုရာသီအကုန္တြင္မန္ယူႏွင့္တစ္ႏွစ္သက္တမ္းစာခ်ဳပ္သာက်န္ရွိေတာ့မွာျဖစ္ၿပီးမန္ယူဟာစာခ်ဳပ္သက္တမ္းမတိုးႏိုင္ပါကေရာင္းခ်သြားမွာျဖစ္ပါတယ္။

ရာဘီေယာ့ႏွင့္ရမ္ေဆးတို႔ဟာဂ်ဴဗင္တပ္တြင္တစ္ပတ္လုပ္ခေပါင္၁၂၀၀၀၀စီရရွိေနၾကသူမ်ားျဖစ္ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ျမင့္မားတဲ့လုပ္ခဝန္ထုပ္ဝန္ပိုးကိုထမ္းထားရတဲ့ဂ်ဴဗင္တပ္ဟာေပါ့ဘာကိုေခၚယူရန္အတြက္အသင္းရဲ႕လုပ္ခကိုေလွ်ာ့ခ်ရန္လိုအပ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္ရမ္ေဆးကိုအသင္းေဟာင္းအာဆင္နယ္အျပင္လီဗာပူး၊အဲဗာတန္တို႔ကစိတ္ဝင္စားေနပါတယ္။ျပင္သစ္ကြင္းလယ္ကစားသမားရာဘီေယာ့ကိုလည္းပီအက္စ္ဂ်ီနည္းျပေဟာင္းအန္ဆယ္ေလာ့တီကအဲဗာတန္သို႔ေခၚေဆာင္လိုေနပါတယ္။ဒါ့အျပင္အသက္၂၅ႏွစ္ရွိကြင္းလယ္ကစားသမားကိုဂြါဒီယိုလာရဲ႕မန္စီးတီးကလည္းစိတ္ဝင္စားေနပါတယ္။