ရမ်ဒဲလ်အား ခေါ်ယူရန် အာဆင်နယ်ရဲ့ကြိုးပမ်းမှု ပျက်ပြယ်သွားခဲ့ပြီ

အာဆင်နယ်ဟာရှက်ဖီးလ်ယူနိုက်တက်ဂိုးသမားအေရွန်ရမ်ဒဲလ်အား ခေါ်ယူရေးကြိုးပမ်းမှုပျက်ပြယ်သွားခဲ့ပြီးနောက်ဂိုးသမားတစ်ဦးခေါ်ယူရေးအတွက်ဆက်လက်ရှာဖွေနေခဲ့ရပါတယ်။

အာဆင်နယ်ဟာယခုနွေရာသီအပြောင်းအရွှေ့တွင်အသက်၂၃နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဂိုးသမားအားနံပါတ်တစ်ပစ်မှတ်အဖြစ်လှုပ်ရှားနေခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်ဟာရမ်ဒဲလ်အားခေါ်ယူရေးအတွက်ရှက်ဖီးလ်ယူနိုက်တက်ထံသို့နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့ပြီးလည်းဖြစ်ပါတယ်။

ဒါပေမယ့်ကလပ်နှစ်ခုအကြားတွင်ရမ်ဒဲလ်ရဲ့ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ပြီးသဘောတူညီမှုရရှိရန်ခက်ခဲနေပါတယ်။ဒါကြောင့်လည်းနောက်ဆုံးမှာမြောက်လန်ဒန်အခြေစိုက်ကလပ်ဟာရမ်ဒဲလ်အားခေါ်ယူရေးလှုပ်ရှားမှုကိုရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာရမ်ဒဲလ်အားပြောင်းရွှေ့ကြေးပေါင်၂၄သန်းအပြင်အောင်မြင်မှုအပေါ်အပိုပေးမယ့်အချက်များဖြင့်ကမ်းလှမ်းခဲ့ပေမယ့်ရှက်ဖီးလ်ယူနိုက်တက်ဘက်ကပေါင်၃၅သန်းအထိရရှိလိုနေခဲ့ပါတယ်။

ရမ်ဒဲလ်ဟာဘုန်းမောက်အသင်းတန်းဆင်းသွားခဲ့ရပြီးနောက်ပြီးခဲ့တဲ့နွေရာသီတုန်းကရှက်ဖီးလ်ယူနိုက်တက်သို့ပြောင်းခဲ့ပါတယ်။ဒါပေမယ့်ရှက်ဖီးလ်ယူနိုက်တက်မှာလည်းတန်းဆင်းခဲ့ရမှုနဲ့အတူရမ်ဒဲလ်ဟာယခုနွေရာသီတွင်ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်သို့ပြောင်းလိုနေပါတယ်။

ZawGyi

ရမ္ဒဲလ္အား ေခၚယူရန္ အာဆင္နယ္ရဲ႕ႀကိဳးပမ္းမႈ ပ်က္ျပယ္သြားခဲ့ၿပီ

အာဆင္နယ္ဟာရွက္ဖီးလ္ယူႏိုက္တက္ဂိုးသမားေအ႐ြန္ရမ္ဒဲလ္အား ေခၚယူေရးႀကိဳးပမ္းမႈပ်က္ျပယ္သြားခဲ့ၿပီးေနာက္ဂိုးသမားတစ္ဦးေခၚယူေရးအတြက္ဆက္လက္ရွာေဖြေနခဲ့ရပါတယ္။

အာဆင္နယ္ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္အသက္၂၃ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ဂိုးသမားအားနံပါတ္တစ္ပစ္မွတ္အျဖစ္လႈပ္ရွားေနခဲ့တာလည္းျဖစ္ပါတယ္။အာဆင္နယ္ဟာရမ္ဒဲလ္အားေခၚယူေရးအတြက္ရွက္ဖီးလ္ယူႏိုက္တက္ထံသို႔ႏွစ္ႀကိမ္တိုင္တိုင္ကမ္းလွမ္းခဲ့ၿပီးလည္းျဖစ္ပါတယ္။

ဒါေပမယ့္ကလပ္ႏွစ္ခုအၾကားတြင္ရမ္ဒဲလ္ရဲ႕ေျပာင္းေ႐ႊ႕ေၾကးႏွင့္ပတ္သက္ၿပီးသေဘာတူညီမႈရရွိရန္ခက္ခဲေနပါတယ္။ဒါေၾကာင့္လည္းေနာက္ဆုံးမွာေျမာက္လန္ဒန္အေျခစိုက္ကလပ္ဟာရမ္ဒဲလ္အားေခၚယူေရးလႈပ္ရွားမႈကိုရပ္ဆိုင္းလိုက္ၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာရမ္ဒဲလ္အားေျပာင္းေ႐ႊ႕ေၾကးေပါင္၂၄သန္းအျပင္ေအာင္ျမင္မႈအေပၚအပိုေပးမယ့္အခ်က္မ်ားျဖင့္ကမ္းလွမ္းခဲ့ေပမယ့္ရွက္ဖီးလ္ယူႏိုက္တက္ဘက္ကေပါင္၃၅သန္းအထိရရွိလိုေနခဲ့ပါတယ္။

ရမ္ဒဲလ္ဟာဘုန္းေမာက္အသင္းတန္းဆင္းသြားခဲ့ရၿပီးေနာက္ၿပီးခဲ့တဲ့ေႏြရာသီတုန္းကရွက္ဖီးလ္ယူႏိုက္တက္သို႔ေျပာင္းခဲ့ပါတယ္။ဒါေပမယ့္ရွက္ဖီးလ္ယူႏိုက္တက္မွာလည္းတန္းဆင္းခဲ့ရမႈနဲ႔အတူရမ္ဒဲလ္ဟာယခုေႏြရာသီတြင္ပရီးမီးယားလိဂ္ကလပ္အာဆင္နယ္သို႔ေျပာင္းလိုေနပါတယ္။