ရမှတ်လျှော့ချခံရကာ လိဂ် ၁ သို့ တန်းဆင်းရမယ့်အရေးမှ လွတ်မြောက်သွားပြီဖြစ်တဲ့ ရွန်းနီရဲ့ဒါဘီ

ဒါဘီကောင်တီအသင်းဟာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့်ပေါင်၁၀၀၀၀၀ဒဏ်ရိုက်မှုသာခံရတော့မှာဖြစ်ပြီးရမှတ်တစ်မှတ်အလျှော့ခံရကာတန်းချခံရမယ့်အရေးမှလွတ်မြောက်သွားခဲ့ပါတယ်။

ရွန်းနီဦးဆောင်နေတဲ့ဒါဘီကောင်တီအသင်းဟာဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ပေါင်၁၀၀၀၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။ဒါပေမယ့်အင်္ဂလန်ဘောလုံးဘောလုံးလိဂ်က ဒါဘီကိုရမှတ်လျှော့ချနိုင်ကြောင်းသတိပေးထားခဲ့ပါတယ်။

ဒါဘီကောင်တီဟာရာသီသိမ်းပွဲတန်းဆင်းရမယ့်အရေးမှကပ်လွတ်လာခဲ့တဲ့အသင်းဖြစ်ပြီးအကယ်၍ရမှတ်၁မှတ်လျှော့ချခြင်းခံရပါကလိဂ်၁သို့တန်းဆင်းရပါမယ်။

ဒါကြောင့်လိဂ်၁ဟာလာမယ့်ဘောလုံးရာသီအတွက်ပွဲစဉ်ဇယားထုတ်ပြန်ရာတွင်ဒါဘီအတွက်လည်းပွဲစဉ်ဇယားထုတ်ပြန်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါအင်္ဂလိပ်ဘောလုံးလိဂ်ကဒါဘီကိုရမှတ်ဖြတ်တောက်အရေးယူမှုမပြုလုပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှစတင်ကာဒါဘီကိုကိုင်တွယ်လာခဲ့တဲ့မန်ယူနှင့်အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရွန်းနီဟာဒါဘီသာလိဂ်၁သို့တန်းဆင်းရလျှင်ရာထူးမှနုတ်ထွက်ရန်စီစဉ်ထားခဲ့ပါတယ်။ယခုအခါရွန်းနီဟာဒါဘီကောင်တီကိုဆက်လက်ကိုင်တွယ်သွားဦးမှာဖြစ်ပါတယ်။

ZawGyi

ရမွတ္ေလွ်ာ့ခ်ခံရကာ လိဂ္ ၁ သို႔ တန္းဆင္းရမယ့္အေရးမွ လြတ္ေျမာက္သြားၿပီျဖစ္တဲ့ ႐ြန္းနီရဲ႕ဒါဘီ

ဒါဘီေကာင္တီအသင္းဟာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ေပါင္၁၀၀၀၀၀ဒဏ္႐ိုက္မႈသာခံရေတာ့မွာျဖစ္ၿပီးရမွတ္တစ္မွတ္အေလွ်ာ့ခံရကာတန္းခ်ခံရမယ့္အေရးမွလြတ္ေျမာက္သြားခဲ့ပါတယ္။

႐ြန္းနီဦးေဆာင္ေနတဲ့ဒါဘီေကာင္တီအသင္းဟာဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ ေပါင္၁၀၀၀၀၀ဒဏ္႐ိုက္ခံခဲ့ရၿပီးျဖစ္ပါတယ္။ဒါေပမယ့္အဂၤလန္ေဘာလုံးေဘာလုံးလိဂ္က ဒါဘီကိုရမွတ္ေလွ်ာ့ခ်ႏိုင္ေၾကာင္းသတိေပးထားခဲ့ပါတယ္။

ဒါဘီေကာင္တီဟာရာသီသိမ္းပြဲတန္းဆင္းရမယ့္အေရးမွကပ္လြတ္လာခဲ့တဲ့အသင္းျဖစ္ၿပီးအကယ္၍ရမွတ္၁မွတ္ေလွ်ာ့ခ်ျခင္းခံရပါကလိဂ္၁သို႔တန္းဆင္းရပါမယ္။

ဒါေၾကာင့္လိဂ္၁ဟာလာမယ့္ေဘာလုံးရာသီအတြက္ပြဲစဥ္ဇယားထုတ္ျပန္ရာတြင္ဒါဘီအတြက္လည္းပြဲစဥ္ဇယားထုတ္ျပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါအဂၤလိပ္ေဘာလုံးလိဂ္ကဒါဘီကိုရမွတ္ျဖတ္ေတာက္အေရးယူမႈမျပဳလုပ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီမွစတင္ကာဒါဘီကိုကိုင္တြယ္လာခဲ့တဲ့မန္ယူႏွင့္အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး႐ြန္းနီဟာဒါဘီသာလိဂ္၁သို႔တန္းဆင္းရလွ်င္ရာထူးမွႏုတ္ထြက္ရန္စီစဥ္ထားခဲ့ပါတယ္။ယခုအခါ႐ြန္းနီဟာဒါဘီေကာင္တီကိုဆက္လက္ကိုင္တြယ္သြားဦးမွာျဖစ္ပါတယ္။