လိဂ် ၁ အထိ တန်းချခံရလျှင်လည်း လိုက်ပါပြီး ဒါဘီကို ရွန်းနီ ကိုင်တွယ်သွားမည်

ဝိန်းရွန်းနီကဒါဘီကောင်တီအသင်းမှာစီမံအုပ်ချုပ်မှုခံယူတော့မှာဖြစ်မှုနဲ့အတူကလပ်အနာဂတ်မရေမရာဖြစ်သော်လည်းအသင်းကိုစွန့်ခွာသွားမည်မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

ဝိန်းရွန်းနီဦးဆောင်တဲ့ဒါဘီကောင်တီဟာမနေ့ညတုန်းကစတုတ်စီးတီးအား၂-၁ဂိုးဖြင့်အနိုင်ရရှိကာယခုရာသီပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိခဲ့ပါတယ်။ဒါပေမယ့်ဒါဘီကောင်တီဟာစီမံအုပ်ချုပ်မှုခံယူလာမှုနဲ့အတူလာမယ့်ရက်များတွင်ရမှတ်၁၂မှတ်လျှော့ချအရေးယူခံရပါမယ်။

ဝိန်းရွန်းနီဟာဒါဘီကောင်တီအသင်းရဲ့အခြေအနေအရပ်ရပ်ကိုကလပ်တာဝန်ရှိသူများကြောင့်သိရှိခြင်းမဟုတ်ဘဲရုပ်သံသတင်းတွင်ပါဝင်လာတဲ့အချိန်တွင်မှသိရခြင်းဖြစ်ပါတယ်။

အင်္ဂလန်နှင့်မန်ယူအတွက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဝိန်းရွန်းနီက၎င်းမှာအသင်းပိုင်ရှင်နှင့်အဆက်အသွယ်ပြတ်နေသည်မှာအနည်းငယ်ကြာမြင့်ပြီဖြစ်ကြောင်း၊ရမှတ်၁၂မှတ်လျှော့ချခြင်းခံရပါကလည်းဒါဘီကောင်တီကိုစွန့်ခွာရန်မစဉ်းစားထားကြောင်းပြောကြားလိုက်ပါတယ်။

ဒါတင်မကသေးပါဘူး။အကယ်၍ဒါဘီကောင်တီအသင်းရဲ့ပြစ်ဒဏ်အလွန်ဆိုးရွားကာ လာမယ့်ရာသီတွင်လိဂ်၁သို့အထိတန်းချခြင်းခံရပါကလည်းဝိန်းရွန်းနီဟာယင်းအထိလိုက်ပါကိုင်တွယ်ရန်စီစဉ်ထားပါသေးတယ်။

ရွန်းနီက “ဒီကလပ်နဲ့ဒီကစားသမားအုပ်စုအတွက်ဘဲကျွန်တော့်ခေါင်းထဲမှာရှိတယ်ဆိုတာ အရင်ကလည်းပြောဖူးပါတယ်။သူတို့အလုပ်လုပ်ရတာပျော်ပါတယ်။သူတို့အတွက်ဘဲကျွန်တော်ဂရုစိုက်ပါတယ်။ကျွန်တော့်ဘက်ကလုပ်နိုင်သမျှလုပ်ပေးပါမယ်။မဝေးတော့တဲ့ကာလမှာကြုံရမယ့်အခက်အခဲတွေကိုကျွန်တော်တို့အတူတကွဲကျော်ဖြတ်ကြပါမယ်။စီမံအုပ်ချုပ်မှုခံလို့၁၂မှတ်လျှော့ချခံရမယ်ဆိုတာမသိခဲ့ပါဘူး။ဘယ်တော့အထိအလျှော့ချရမလဲမသိပါဘူး။ကျွန်တော့်အလုပ်ကိုအသင်းကိုပြန်လည်တည်ဆောက်ပြီးအသင်းကိုဂုဏ်ယူစရာဖြစ်အောင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ဒီကလပ်ကပရိသတ်ထုထည်ကြီးမားတဲ့ကလပ်ကြီးတစ်ခုပါ။ပရိသတ်တွေဟာကျွန်တော့်ဘက်ကအပြည့်အဝပေးဆပ်မှုနဲ့ထိုက်တန်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါဘီကောင်တီအသင်းဟာစီမံအုပ်ချုပ်မှုဝင်မှုကြောင့်ရမှတ်၁၂မှတ်လျှော့ချခြင်းခံရမယ့်အပြင်အပြောင်းအရွှေ့ကြွေးကျန်များကိုလည်းမပေးချေနိုင်မှုကြောင့်ရမှတ်၉မှတ်လျှော့ချခြင်းခံရမယ့်အရေးနဲ့ရင်ဆိုင်နေရတာပါ။

ZawGyi

လိဂ္ ၁ အထိ တန္းခ်ခံရလွ်င္လည္း လိုက္ပါၿပီး ဒါဘီကို ႐ြန္းနီ ကိုင္တြယ္သြားမည္

ဝိန္း႐ြန္းနီကဒါဘီေကာင္တီအသင္းမွာစီမံအုပ္ခ်ဳပ္မႈခံယူေတာ့မွာျဖစ္မႈနဲ႔အတူကလပ္အနာဂတ္မေရမရာျဖစ္ေသာ္လည္းအသင္းကိုစြန႔္ခြာသြားမည္မဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဝိန္း႐ြန္းနီဦးေဆာင္တဲ့ဒါဘီေကာင္တီဟာမေန႔ညတုန္းကစတုတ္စီးတီးအား၂-၁ဂိုးျဖင့္အႏိုင္ရရွိကာယခုရာသီပထမဆုံးအိမ္ကြင္းႏိုင္ပြဲရရွိခဲ့ပါတယ္။ဒါေပမယ့္ဒါဘီေကာင္တီဟာစီမံအုပ္ခ်ဳပ္မႈခံယူလာမႈနဲ႔အတူလာမယ့္ရက္မ်ားတြင္ရမွတ္၁၂မွတ္ေလွ်ာ့ခ်အေရးယူခံရပါမယ္။

ဝိန္း႐ြန္းနီဟာဒါဘီေကာင္တီအသင္းရဲ႕အေျခအေနအရပ္ရပ္ကိုကလပ္တာဝန္ရွိသူမ်ားေၾကာင့္သိရွိျခင္းမဟုတ္ဘဲ႐ုပ္သံသတင္းတြင္ပါဝင္လာတဲ့အခ်ိန္တြင္မွသိရျခင္းျဖစ္ပါတယ္။

အဂၤလန္ႏွင့္မန္ယူအတြက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ဝိန္း႐ြန္းနီက၎မွာအသင္းပိုင္ရွင္ႏွင့္အဆက္အသြယ္ျပတ္ေနသည္မွာအနည္းငယ္ၾကာျမင့္ၿပီျဖစ္ေၾကာင္း၊ရမွတ္၁၂မွတ္ေလွ်ာ့ခ်ျခင္းခံရပါကလည္းဒါဘီေကာင္တီကိုစြန႔္ခြာရန္မစဥ္းစားထားေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဒါတင္မကေသးပါဘူး။အကယ္၍ဒါဘီေကာင္တီအသင္းရဲ႕ျပစ္ဒဏ္အလြန္ဆိုး႐ြားကာ လာမယ့္ရာသီတြင္လိဂ္၁သို႔အထိတန္းခ်ျခင္းခံရပါကလည္းဝိန္း႐ြန္းနီဟာယင္းအထိလိုက္ပါကိုင္တြယ္ရန္စီစဥ္ထားပါေသးတယ္။

႐ြန္းနီက “ဒီကလပ္နဲ႔ဒီကစားသမားအုပ္စုအတြက္ဘဲကြၽန္ေတာ့္ေခါင္းထဲမွာရွိတယ္ဆိုတာ အရင္ကလည္းေျပာဖူးပါတယ္။သူတို႔အလုပ္လုပ္ရတာေပ်ာ္ပါတယ္။သူတို႔အတြက္ဘဲကြၽန္ေတာ္ဂ႐ုစိုက္ပါတယ္။ကြၽန္ေတာ့္ဘက္ကလုပ္ႏိုင္သမွ်လုပ္ေပးပါမယ္။မေဝးေတာ့တဲ့ကာလမွာႀကဳံရမယ့္အခက္အခဲေတြကိုကြၽန္ေတာ္တို႔အတူတကြဲေက်ာ္ျဖတ္ၾကပါမယ္။စီမံအုပ္ခ်ဳပ္မႈခံလို႔၁၂မွတ္ေလွ်ာ့ခ်ခံရမယ္ဆိုတာမသိခဲ့ပါဘူး။ဘယ္ေတာ့အထိအေလွ်ာ့ခ်ရမလဲမသိပါဘူး။ကြၽန္ေတာ့္အလုပ္ကိုအသင္းကိုျပန္လည္တည္ေဆာက္ၿပီးအသင္းကိုဂုဏ္ယူစရာျဖစ္ေအာင္လုပ္ေဆာင္ဖို႔ျဖစ္ပါတယ္။ဒီကလပ္ကပရိသတ္ထုထည္ႀကီးမားတဲ့ကလပ္ႀကီးတစ္ခုပါ။ပရိသတ္ေတြဟာကြၽန္ေတာ့္ဘက္ကအျပည့္အဝေပးဆပ္မႈနဲ႔ထိုက္တန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါဘီေကာင္တီအသင္းဟာစီမံအုပ္ခ်ဳပ္မႈဝင္မႈေၾကာင့္ရမွတ္၁၂မွတ္ေလွ်ာ့ခ်ျခင္းခံရမယ့္အျပင္အေျပာင္းအေ႐ႊ႕ေႂကြးက်န္မ်ားကိုလည္းမေပးေခ်ႏိုင္မႈေၾကာင့္ရမွတ္၉မွတ္ေလွ်ာ့ခ်ျခင္းခံရမယ့္အေရးနဲ႔ရင္ဆိုင္ေနရတာပါ။