ရမှတ် ၁၂ မှတ် လျှော့ချခံထားရမှုကို အယူခံဝင်လိုက်တဲ့ ဝိန်းရွန်းနီရဲ့ဒါဘီ

ဒါဘီကောင်တီဟာအစိုးရစီမံအုပ်ချုပ်မှုခံယူလိုက်မှုအတွက်ရမှတ်၁၂မှတ်လျှော့ချခြင်းခံရမှုကိုမယူခံဝင်လိုက်ပြီဖြစ်ပါတယ်။

မန်ယူနှင့်အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီကိုင်တွယ်နေတဲ့ဒါဘီကောင်တီအသင်းဟာ စက်တင်ဘာလ၂၂ရက်နေ့တုန်းကဘဏ္ဍာရေးပြဿနာများကြုံရမှုနဲ့အတူ အစိုးရစီမံအုပ်ချုပ်မှုခံယူခဲ့ပါတယ်။

ဒါဘီကောင်တီက၎င်းတို့မှာကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့်အသင်းရဲ့ဝင်ငွေကို အကြီးအကျယ်ထိခိုက်မှုကြောင့်ဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်ရခြင်းဖြစ်ရာအမှတ်လျှော့ချမှုမလုပ်သင့်ကြောင်းအယူခံဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါဘီကောင်တီဟာအစိုးရစီမံအုပ်ချုပ်မှုခံယူပြီးနောက်ရမှတ်၁၂မှတ်လျှော့ချခြင်းခံရမှုနဲ့အတူပွဲစဉ်၁၁အပြီးတွင်နိုင်ပွဲ၃ပွဲ၊သရေ၅ပွဲကျထားသော်လည်း ရမှတ် ၂မှတ်ဖြင့်အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေပါတယ်။၎င်းတို့ဟာတန်းဆင်းဇုန်အပေါ်ဆုံးမှဘန်လေနှင့်ရမှတ်၆မှတ်ကွာဟနေပါတယ်။

ZawGyi

ရမွတ္ ၁၂ မွတ္ ေလွ်ာ့ခ်ခံထားရမႈကို အယူခံဝင္လိုက္တဲ့ ဝိန္း႐ြန္းနီရဲ႕ဒါဘီ

ဒါဘီေကာင္တီဟာအစိုးရစီမံအုပ္ခ်ဳပ္မႈခံယူလိုက္မႈအတြက္ရမွတ္၁၂မွတ္ေလွ်ာ့ခ်ျခင္းခံရမႈကိုမယူခံဝင္လိုက္ၿပီျဖစ္ပါတယ္။

မန္ယူႏွင့္အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဝိန္း႐ြန္းနီကိုင္တြယ္ေနတဲ့ဒါဘီေကာင္တီအသင္းဟာ စက္တင္ဘာလ၂၂ရက္ေန႔တုန္းကဘ႑ာေရးျပႆနာမ်ားႀကဳံရမႈနဲ႔အတူ အစိုးရစီမံအုပ္ခ်ဳပ္မႈခံယူခဲ့ပါတယ္။

ဒါဘီေကာင္တီက၎တို႔မွာကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါေၾကာင့္အသင္းရဲ႕ဝင္ေငြကို အႀကီးအက်ယ္ထိခိုက္မႈေၾကာင့္ဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ရျခင္းျဖစ္ရာအမွတ္ေလွ်ာ့ခ်မႈမလုပ္သင့္ေၾကာင္းအယူခံဝင္လာခဲ့တာလည္းျဖစ္ပါတယ္။

ဒါဘီေကာင္တီဟာအစိုးရစီမံအုပ္ခ်ဳပ္မႈခံယူၿပီးေနာက္ရမွတ္၁၂မွတ္ေလွ်ာ့ခ်ျခင္းခံရမႈနဲ႔အတူပြဲစဥ္၁၁အၿပီးတြင္ႏိုင္ပြဲ၃ပြဲ၊သေရ၅ပြဲက်ထားေသာ္လည္း ရမွတ္ ၂မွတ္ျဖင့္အမွတ္ေပးဇယားေအာက္ဆုံးတြင္ရပ္တည္ေနပါတယ္။၎တို႔ဟာတန္းဆင္းဇုန္အေပၚဆုံးမွဘန္ေလႏွင့္ရမွတ္၆မွတ္ကြာဟေနပါတယ္။